အမ်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြား

အမ်း  ဇွန် ၂

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ စတင်ဖွင့်လှစ်ရာ အထက်တန်းအဆင့်/ အလယ်တန်း အဆင့်/မူလတန်းအဆင့် ကျောင်းသားကျောင်းသူများ အခြေခံ ပညာသင်ကြား ရန်အတွက် ကျောင်းသို့ ပျော်ရွှင်စွာ လာရောက်လျက်ရှိသည်။

အမ်းမြို့နယ်၌ တပ်တောင်မြို့အပါအဝင် အခြေခံပညာကျောင်းအ.ထ.က(၁၁)ကျောင်း၊ အ.ထ.က(ခွဲ) (၁၁)ကျောင်း၊ အ.လ.က (၂၇)ကျောင်း ၊ အ.လ.က (ခွဲ) (၂၈)ကျောင်း၊ (မူလွန်) (၃၅)ကျောင်း၊ အ.မ.က(၆၅) ကျောင်း၊ အ.မ.က(ခွဲ)(၄၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်း (၃)ကျောင်း၊ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်း စုစုပေါင်း (၂၂၃) ကျောင်း ရှိရာ မေလ ၂၃ ရက်နေ့မှ စ၍ မေလ ၃၁ ရက်နေ့ အထိ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးပြီး ကျောင်းသား၊ကျောင်းသူများအတွက် ဖတ်စာအုပ် ကျောင်းသုံးဗလာစာအုပ် ၊ ခဲတံ၊ ကျောင်းဝတ်စုံများကို  အခမဲ့ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။   

စိုးမင်းထွန်း (ပြန်/ဆက်)