ရခိုင်ပြည်နယ်

ဂွမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့နေ့လယ်ပိုင်းက အ.မ.က (ကင်းရုံး-၂) တွင် ကျောင်းကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

မြောက်ဦးမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီ ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အောင်တပ်ရပ်ကွက် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရသေ့တောင် မြို့၌မိုခါမုန်တိုင်းကြောင့် သန့်ရှင်းသော သောက်ရေရရှိရေး life Straw ရေသန့်စက်များ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ မိုခါမုန်တိုင်းဒါဏ်ကြောင့် ကျေးရွာသောက်သုံးရေ ကန်တစ်ချို့တွင် ဆားငံဝင်သွား၍ သောက်သုံးရေ အခက်အခဲများရှိရာ သန့်ရှင်းသော သောက်ရေသန့်များ ရရှိစေရန် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မေ ၃၁ ရက်နေ့က ကျေးရွာများသို့ Life Straw ရေသန့်စက်များ ပေးအပ်ခဲ့သည်။

မင်းပြားမြို့၌သံဃာတော်များ(၃၀)ကြိမ်မြောက်နိကာယ်စာမေးပွဲဖြေဆို

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးရှိ စာဖြေသံဃာတော်များ၏ (၃၀)ကြိမ်မြောက် နိကာယ်စာမေးပွဲကို ပရိယတ္တိဓမ္မိ ကာရုံဘုန်းတော်ကြီးကျောင်းတိုက်၌ ဇွန်လ၁ရက်နေ့မှ ဇွန်လ၅ရက်နေ့ထိ ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့၌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူဗိုလ်ကြီး ဝေတိုးသူ ဦးဆောင်သော ဆေးကုသရေးအဖွဲ့လာရောက်၍ ယမန်နေ့နံနက်(၈)နာရီမှ (၁၂) နာရီအထိ၊ ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်၊ မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်းတိုက်တွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင် ရွက်ပေးလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍  သင်ကြားပို့ချ

ရခိုင်ပြည်နယ် မောင်တောမြို့၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်၍  ယနေ့ နံနက်ပိုင်းမှ စတင်ကာ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ဂွမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

မြောက်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား၊ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြား

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ယမန်နေ့က အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ ပျော်ရွှင်စွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲ ဖြစ်နေသည့် ပြည်သူများအတွက် မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးဖြန့်ဝေပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့ နံနက်ပိုင်းက ရေသန့်စင်ကား IR9489 ဖြင့်သန့်ရှင်းသောသောက်သုံးရေများကို ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်၊ တောင်လှမော်ကျေးရွာများအား ဖြန့်ဝေပေးခဲ့ပြီး၊ ရေသန့်စင်ကား IR9469 ဖြင့် သန့်ရှင်းသော သောက်သုံးရေများကို ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်ရှိနှင့် စေတီတောင် ယာယီနေရပ်စွန့်ခွာစခန်းများသို့ ရေသန့်များအား ဖြန့်ဝေပေးခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်