ဘူးသီးတောင် ဇွန် ၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၉)နာရီအချိန်က ဘူးသီးတောင်မြို့နယ် ဒပြုချောင်းကျေးရွာအုပ်စု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား (အခမဲ့)ဆေးကုသပေးနေမှုများကို လှည့်လည်ကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုဒဏ်ခံခဲ့ရသော ကျေးရွာအုပ်စု (၅)အုပ်စုမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းဆန်၊ဆီ၊ဆား၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့ခဲ့ပြီး လေဘေးသင့်ပြည်သူများအား အားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် ဒပြုချောင်းကျေးရွာ အ.မ.က(မူလွန်)စာသင်ကျောင်း၌ ကျောင်းဖွင့်လှစ်ပညာ သင်ကြားနေမှုအားသွားရောက်ကြည့်ရှုကာ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား အနာဂတ်ပန်းကလေးများဖြစ်သည့် လူငယ်များပညာသင်ကြားချိန် လွတ်လပ်စွာပညာ သင်နိုင်ရေးဆရာ၊ ဆရာမများအနေဖြင့် လူငယ်များပညာတတ်များ မွေးထုတ်ပေးနိုင်ရေး သင်ကြားပို့ချပေးကြရန်မှာကြားပြီး ဆက်လက်ထွက်ခွာရာ မီးရထားဆိပ်ရပ်ကွက်ရှိစားသုံး သူရေးရာဦးစီးဌာနဂိုဒေါင်ရှိ ထောက်ပံ့ပစ္စည်းများကို ကျေးရွာအုပ်စုများမှ ကိုယ်စား လှယ်များအား ဖဆန်၊ဆီ၊ဆား၊ခေါက်ဆွဲခြောက်နှင့် တာပေါ်လင်စများထောက်ပံ့ပေးခဲ့ပြီး အမှန်တကယ်လေဘေးသင့်ပြည်သူများထံရောက်ရှိစေရန်စနစ်တကျဆက်လက်ခွဲဝေပေးရေးကိစ္စများအား လမ်းညွှန်မှာကြားခဲ့ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ (မူလွန်) မြို့သစ်ကျောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျောင်းသား၊ သူများပျော်ရွှင်စွာပညာသင်ကြားနေမှုကိုသွား ရောက်ကြည့်ရှုခဲ့ပြီး အားပေးစကားများပြောကြားခဲ့ကာ တာဝန်ရှိသူများအားလိုအပ်သည်များကိုလမ်းညွှန်ကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)