မင်းပြား ဇွန် ၂
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ (၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ အခြေခံပညာဦးစီးဌာနရှိကျောင်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ယူလျက်ရှိသည်။
မင်းပြားမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့်အခြေခံပညာကျောင်းများအချို့အမိုးလန် ပျက်စီးရှုံး ဆုံးခဲ့သော်လည်း ယခုအခါ နိုင်ငံတော်အစိုးရမှ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်ပေးလျက်ရှိရာကျောင်းများ ရာနှုန်းပြည့်နီးပါး ပြုပြင်ဆောင်ရွက်ပြီးဖြစ် သဖြင့် ယနေ့တွင် မင်းပြားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အ.ထ.က(၁၅)ကျောင်း၊ အ.ထ.ကခွဲ(၂၃)ကျောင်း၊ အ.လ.က(၅) ကျောင်း၊ အ.လ.ကခွဲ(၂၅)ကျောင်း၊ မူလွန်ကျောင်း (၅၄)ကျောင်း၊ အ.မ.ကကျောင်း(၈၄)ကျောင်း၊ အ.မ.ကခွဲ(၁၂)ကျောင်းစုစုပေါင်း (၂၁၈) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ လုံခြုံတဲ့ အမိုးအကာအောက်တွင် ပျော်ရွှင်စွာ တက်ရောက် ပညာသင်ယူလျက်ရှိပြီး နိုင်ငံတော်အစိုးရမှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ပေတံများနှင့်ကျောင်းဝတ်စုံများကို အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
သောင်းရွှေ(ပြန်/ဆက်)