ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများနှင့် ကောလိပ်ကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှု၍ အားပေးစကားပြောကြား

ကျောက်ဖြူ   ဇွန်  ၁

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများနှင့် ကောလိပ်ကျောင်းများသို့ သွားရောက်ပြီး ကျောင်းများစတင်ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောင်းသား၊ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာဖြင့် ပညာသင်ယူနေမှုတို့အားကြည့်ရှု၍ ကျောင်းသား၊ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာ အား‌ပေးစကားများ ပြောကြားသည်။

“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာဦးစီးဌာနက ၂၀၂၃-၂၀၂၄ ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ အတွင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၄၆ ကျောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်း ၅ ကျောင်း၊ အလယ်တန်းလေ့ကျင့်ရေးကျောင်း ၁ ကျောင်း စုစုပေါင်း ၂၅၂ ကျောင်းရှိပြီး အဆိုပါကျောင်းများအားလုံး ဇွန်လ ၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းလာရောက်အပ်နှံသူ မူလတန်းအဆင့် ၁၅၃၂၆ ဦး၊ အလယ်တန်း အဆင့် ၇၂၃၀ ဦးနှင့် အထက်တန်းအဆင့် ၄၅၂၉ ဦး ပေါင်း ၂၇၀၈၅ ဦးအား ယနေ့ထိ လာရောက်အပ်နှံပြီးဖြစ်ကြောင်း သိရှိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)