ပေါက်တော ဇွန် ၁
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာ အတန်းအလိုက် ဆရာဆရာမများက သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။
ပေါက်တောမြို့နယ်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၁၇၀ ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၁၄ ကျောင်း၊ ကိုယ်ပိုင်ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၂ ကျောင်း၊ စုစုပေါင်း ၁၈၆ ကျောင်းကို စတင်ဖွင့်လှစ်ပြီး ယနေ့တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၈၄၂၅ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ထို့ပြင် ကျောင်းတက်ရောက်ကြသည့် ကျောင်းသား ကျောင်းသူများကို ဆရာ ဆရာမများနှင့် တာဝန်ရှိသူများက စနစ်တကျဆောင်ရွက်ပေးလျက်ရှိရာ ဗိုလ်မှူးချုပ် ဆန်နီအုန်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေး ကိရိ ယာများ ထောက်ပံ့ပေးအပ်ပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြေားကြားခဲ့ကြောင်း သိရသည်။
ဝင်းမင်းစိုး