ရခိုင်ပြည်နယ်

ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ကြီးကြပ်ဦးဆောင်မှုဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သော ကုလားတန်(၆)သင်္ဘောဖြင့် ထပ်မံရောက်ရှိလာသော ပစ္စည်း(၄)မျိုးအားဖွင့်ဖောက်စစ်ဆေးပြီး လေဘေးသင့်ပြည်သူများသို့ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး ကြီးကြပ်ဦးဆောင်မှုဖြင့် လေဘေးသင့် ပြည်သူများသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များထောက်ပံ့သော ပြည်တွင်းရေကြောင်းပိုင် ကုလားတန် (၆)သင်္ဘောဖြင့် ထပ်မံရောက်ရှိလာသည့် ပစ္စည်း(၄)မျိုးအား ယနေ့နံနက် (၇)နာရီ အချိန်က ငုပင်လယ်ဆိပ်ခံတံတားပေါ်သို့ တင်ယူပြီး ဖွင့်ဖောက်စစ်ဆေးအတည်ပြုလက်ခံကာ လေဘေးသင့်ပြည်သူများသို့ ချက်ချင်းဖြန့်ဝေပေးသည်။

ပေါက်တောမြို့တွင်ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရန် အဘိတ်ဆေးခတ်ခြင်းနှင့်ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများစဥ်ဆက်မပြတ်ဆောင်ရွက်

 ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင်ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အမှတ်(၁) ရပ်ကွက်သို့ သွားရောက်ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး ၊သွန်၊လဲ၊စစ် လုပ်ငန်းများအားကွင်းဆင်းဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြသည်။

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

မေလ(၁၄)ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့်  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် တာဝန်ရှိသူများသည် ယနေ့၊ နံနက်(၁၀)နာရီက မြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာ ရုံးဌာနများသို့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

မအီမြို့မဈေးကြီးရှေ့ မြေယာရှုခင်း (Landscaping) အား စည်ပင်သာယာရေးအဖွဲ့မှ ပန်းအလှပင်များ စိုက်ပျိုး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မအီမြို့၊ မြို့မဈေးကြီးအရှေ့ဘက်ရှိ မြေယာရှုခင်း (Landscaping) အား မြို့စည်ပင်သာယာရေး အဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်နှင့် အဖွဲ့ဝန်တမ်းများက ပန်းအလှပင်များ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ လျှပ်စစ်မီး မရရှိသည့် ကျေးရွာ ၉ ရွာနှင့် ဆေးပေးခန်း၊ စာကြည့်တိုက်၊ ဘုန်းကြီးကျောင်းများသို့ အိမ်သုံးဆိုလာ (၅၀၀)စုံ ထောက်ပံ့လှူဒါန်း

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လျှပ်စစ်မီး မရရှိသည့် ကျေးရွာ(၉)ရွာနှင့် ဆေးပေးခန်း၊ စာကြည့်တိုက်၊ ဘုန်းကြီးကျောင်းများသို့ အိမ်သုံး ဆိုလာ W50 (၅၀၀) စုံ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါ်သိန်းသိန်းဦးနှင့်အဖွဲ့တို့ မြေပုံမြို့နယ်ခန်းမ၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေခြင်းသို့ သွားရောက်ကြည့်ရှု

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မြေပုံမြို့နယ်ခန်းမ၌ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်သိန်းသိန်းဦး ဦးဆောင်သော ရွှေ့လျားဆေးကုသရေးအဖွဲ့က လေဘေးသင့်ဒေသများရှိ ပြည်သူများသို့ ကွင်းဆင်း၍ ဆေးကုသပေးနေမှုများအား ယနေ့နံနက် (၁၀) နာရီအချိန်က သွားရောက်ကြည့်ရှု့ပြီး ဆေးကုသမှု ခံယူနေကြသူ များအား အားပေးစကား ပြောကြားသည်။

မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းဆောင်ရွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် (အခမဲ့) ကျန်းမာရေး စောင့်ရှောက်ပေးမှု လုပ်ငန်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ငအင်းကျေးရွာအုပ်စု၊ ငအင်းကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်၌ အခြေပြု၍ ကျေးလက်နေ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးမှုလုပ်ငန်း ဆောင်ရွက်ခဲ့သည်။

မအီမြို့ ဂျီဖြူတောင်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster dose) ကွင်းဆင်းထိုးနှံ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ရဟန်းရှင်လူပြည်သူများ ကာကွယ်ဆေးထိုးအကြိမ်ရေ ပြည့်မီစေရေးတို့အတွက် ဂျီဖြူတောင် ကျေးရွာအုပ်စု ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနနှင့် အဆိုပါကျေးရွာ အုပ်စု၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အမ်းမြို့ လေယာဥ်ကွင်းရပ်ကွက် မြို့ဦးကျောင်းပရဟိတဂေဟာ၌ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေး ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နံနက်အချိန်တွင် မြို့ဦးကျောင်းပရဟိတဂေဟာသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။

အမ်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟော ပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းအား ယနေ့မွန်းလွဲပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၌ တွဲဖက်ဖွင့်လှစ်‌သည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်