ရခိုင်ပြည်နယ်

ရသေ့တောင်မြို့နယ်၌ လယ်သမားများအား စိုက်ပျိုးချိန်အမီ ထွန်စက်များဖြင့် ထွန်ယက်ပေးမည်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တောင်သူလယ်သမားများ၏ ကျွဲ၊ နွားတိရိစ္ဆာန်များ သေဆုံးမှုများရှိခဲ့ရာ ယခုနှစ်စိုက်ပျိုးရာသီအမီ ထွန်ယက်လုပ်ကိုင်နိုင်ရန် သဘာဝဘေး ပြန်လည်ထူထောင်ရေးအနေဖြင့် ရသေ့တောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် ရခိုင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ထွန်ယက်စိုက်ပျိုးရန် ခက်ခဲနေသည့်တောင်သူများအား New Holland အမျိုးအစား (မြင်းကောင်ရေ-၅၀ရှိ) ထွန်စက် (၂၀) စီးဖြင့် ထွန်ယက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မအီမြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ပူးပေါင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက မအီမြို့ပေါ် အမှတ် ၃ ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် စာအုပ်စာစောင်များ ပြသ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်  အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။       

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အားတက်သရောကူညီဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံမေးမြန်း

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှင်းလင်းခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အားတက်သရော ကူညီဆောင်ရွက်လျက်ရှိခြင်း၊ နိုင်ငံတော် အစီအမံဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့တွင်းနှင့် ရပ်ကွက်အလိုက် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းဆောင်ရွက်မှုများအား တွေ့ဆုံမေးမြန်းဖော်ပြလိုက်ပါသည်။

ဘူးသီးတောင်မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှအထူးကု ဆရာဝန်များအဖွဲ့တို့နှင့် ပူးပေါင်းကာ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်း ဆေးကုသပေးနေမှုများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း

၂၀၂၃ခုနှစ်၊ မေလ ၁၄ရက်နေ့တွင် ရခိုင်ပြည်နယ် အတွင်းမိုခါ(MOCHA) ဆိုင်ကလုန်မုန်တိုင်းဝင်ရောက် တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်(၁၇)မြို့နယ်အတွင်း ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့်ရင်ဆိုင်ကြုံတွေ့ ခဲ့ရပြီးဘူးသီးတောင် မြို့နယ်မှာ လည်းမိုခါမုန်တိုင်း ကြောင်းထိခိုက်/ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း ပြည်သူများအနေနဲ့ အခက်အခဲများ ကြုံတွေ့ရသည့်အချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုသည် အဓိကလို အပ်ချက်ဖြစ်ပြီး လူသားတိုင်း အတွက်ကျန်းမာခြင်းသည် လာဒ်တပါးဆိုသည့် အတိုင်းပြည်သူများ ကျန်းမာစေရန်အတွက်

တောင်ကုတ်မြို့နယ်၌ မိုးစပါး ဘောင်ပျိုးမျိုးစေ့ချ ကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးစပါးဘောင်ပျိုးမျိုးစေ့ချ ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က သက္ကယ်ပြင်ကျေးရွာ၌ ကျင်းပသည်။

တောင်ကုတ်မြို့နယ်၌ မိုးစပါး ဘောင်ပျိုးမျိုးစေ့ချ ကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးစပါးဘောင်ပျိုးမျိုးစေ့ချ ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က သက္ကယ်ပြင်ကျေးရွာ၌ ကျင်းပသည်။

မြောက်ဦးမြို့၌ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား အာဟာရထောက်ပံ့ပေးအပ်ခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား အာဟာရ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့က ထမ္မရာဇ်ရပ်ကွက် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်း ဆောင်ရွက်နေမှုနှင့် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူများအား (အခမဲ့) ဆေးကုသ ပေးနေမှု အားသွားရောက်ကြည့်ရှုအား

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် အတွင်းပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၈)နာရီ အချိန်ကဘူးသီးတောင်မြို့ အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ အမှိုက်များရှင်းလင်းခြင်း၊ ရေမြောင်းများအား ရေစီး/ရေလာ ကောင်းမွန်စေရေး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်နေပြည်သူလူထုများ မှရှင်းလင်း ဆောင်ရွက်နေခြင်းအား သွားရောက်ကြည့်ရှုကာ
Subscribe to ရခိုင်ပြည်နယ်