အမ်းမြို့ လေယာဥ်ကွင်းရပ်ကွက် မြို့ဦးကျောင်းပရဟိတဂေဟာ၌ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်

အမ်း ဇွန် ၁၉

ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေး ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နံနက်အချိန်တွင် မြို့ဦးကျောင်းပရဟိတဂေဟာသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာအောင်ကျော်မိုးနှင့် ဝန်ထမ်းများက လေယာဥ်ကွင်းရပ်ကွက် မြို့ဦးကျောင်း ပရဟိတဂေဟာသို့  သွားရောက်၍ ကျောင်း တိုက်အတွင်းရှိ သံဃာတော်များ ပရဟိတ ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကုသမှုလုပ်ငန်းနှင့် ကျန်းမာရေး အသိပညာပေးမှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

မြို့နယ်(ပြန်/ဆက်)