မာန်အောင်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ လျှပ်စစ်မီး မရရှိသည့် ကျေးရွာ ၉ ရွာနှင့် ဆေးပေးခန်း၊ စာကြည့်တိုက်၊ ဘုန်းကြီးကျောင်းများသို့ အိမ်သုံးဆိုလာ (၅၀၀)စုံ ထောက်ပံ့လှူဒါန်း

မာန်အောင် ဇွန် ၁၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လျှပ်စစ်မီး မရရှိသည့် ကျေးရွာ(၉)ရွာနှင့် ဆေးပေးခန်း၊ စာကြည့်တိုက်၊ ဘုန်းကြီးကျောင်းများသို့ အိမ်သုံး ဆိုလာ W50 (၅၀၀) စုံ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မာန်အောင်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦးက လမ်းညွှန်အမှာစကား ပြောကြားပြီး တောင်ကုတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသိန်းမှ အိမ်သုံးဆိုလာ ထောက်ပံ့လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဗိုလ်မှူးချုပ်ကျော်ကျော်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များက အိမ်သုံးဆိုလာ W50 (၅၀၀)စုံအား ကျေးရွာအုပ်စုအလိုက် အသီးသီး ထောက်ပံ့ပေးအပ်လှူဒါန်းပေးခဲ့​သည်။

အဆိုပါ အခမ်းအနားသို့ ဗိုလ်မှူးချုပ်ကျော်ကျော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)