ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၉) နာရီခွဲ အချိန်က ဘူးသီးတောင်မြို့ အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.ကခွဲ၊ အ.လ.က(၃)ကျောင်း၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ အမှတ်(၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပြည်သူလူထုများ ပူးပေါင်း၍ စုစုပေါင်းအင်အား( ၇၈)ဦးဖြင့် ကျောင်းသား/ကျောင်းများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး၊ အမှိုက်များ ရှင်းလင်းခြင်း၊ ခြုံနွယ်/ ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေစီး/ရေလာ ကောင်းမွန်စေရေး Backhole(၁)စီးဖြင့် ရေမြောင်းများ တူးဖော်ခြင်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။