မြေပုံ ဇွန် ၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မြေပုံမြို့နယ်ခန်းမ၌ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်သိန်းသိန်းဦး ဦးဆောင်သော ရွှေ့လျားဆေးကုသရေးအဖွဲ့က လေဘေးသင့်ဒေသများရှိ ပြည်သူများသို့ ကွင်းဆင်း၍ ဆေးကုသပေးနေမှုများအား ယနေ့နံနက် (၁၀) နာရီအချိန်က သွားရောက်ကြည့်ရှုပြီး ဆေးကုသမှု ခံယူနေကြသူ များအား အားပေးစကား ပြောကြားသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့် အဖွဲ့ဝင်များတို့က တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်သိန်းသိန်းဦး ဦးဆောင်ကြီးကြပ်မှုဖြင့် ပြည်နယ်ဦးစီးဌာနမှူးရုံး၊ စစ်တွေခရိုင် ဦးစီးဌာနမှူးရုံးတို့ ပူးပေါင်း၍ ရွှေ့လျားဆေးကုသရေးဝန်ထမ်း (၅) ဦးပါဝင်သော အဖွဲ့သည် မြေပုံမြို့နယ်ခန်းမ၌ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့အား သွားရောက် ကြည့်ရှု့ပြီး ဆေးကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ဝင်း