ပေါက်တောမြို့တွင်ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရန် အဘိတ်ဆေးခတ်ခြင်းနှင့်ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများစဥ်ဆက်မပြတ်ဆောင်ရွက်

ပေါက်တော  ဇွန်  ၁၉

 ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင်ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အမှတ်(၁) ရပ်ကွက်သို့ သွားရောက်ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး ၊သွန်၊လဲ၊စစ် လုပ်ငန်းများအားကွင်းဆင်းဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြသည်။

ထို့ပြင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွါးလျှင်အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်နိုင်သောကြောင့်ကြိုတင်ကာကွယ်ရေးအတွက် အမှတ်(၂) ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင်ထားရှိသည့် ရေစည်ပိုင်း၊ရေတိုင်ကီ၊ စဉ့်အိုးများနှင့် ခြင်ခိုအောင်းနိုင်သော ရေတွင်းရေကန်များထဲသို့ အဘိတ်ဆေးများခတ်ပေးခြင်း၊ နေအိမ်များရှိဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်များ ပြုလုပ်ပေးပြီး  သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်​ပေးကြောင်းသိရ သည်။

မြို့နယ်(ပြန်/ဆက်)