Skip to main content

Jun 02, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အစည်းအဝေးခန်းမ၌ ဂီတလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂီတအလွှာပေါင်းစုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 02, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင်‌ ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 01, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားရှိသည့် ပြည်သူ့စာကြည့်တိုက်များနှင့် အမျိုးသားစာကြည့်တိုက်များကို လှည့်လည်ကြည့်ရှု၍ ထောက်ပံ့ငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းကာ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 01, 2024

နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယသာသနာပိုင် အဘိဓဇဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား အိန္ဒိယသမ္မတနိုင်ငံက ချီးမြှင့်​သော International Award for Promotion of Buddhism ဘွဲ့တံဆိပ်ဆက်ကပ်အပ်နှင်းသည့် အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ အိန္ဒိယစင်တာ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 31, 2024

စက်မှုဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 31, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 31, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာကြည့်တိုက်နှင့် စာပေဗိမာန်စာအုပ်ဆိုင်တို့ကို ကြည့်ရှုစစ်ဆေးပြီး အရာထမ်းများနှင့် တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 29, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများနှင့် အွန်လိုင်းမှတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 29, 2024

အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ဝန်ထမ်းများ၏ သား၊ သမီး ကျောင်းသား ကျောင်းသူများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာန၊ အဖွဲ့ရုံးတို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 28, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁)အခြေခံပညာအထက် တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 28, 2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာနရုံး အမှတ် (၆)ရှိ ရတနာခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 28, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နေပြည်တော်ကောင်စီနယ်မြေမှ နိုင်ငံ့ဝန်ထမ်းသားသမီးများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 28, 2024

ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းများ အသိအမှတ်ပြုမှုအစီအစဉ် စတင်မိတ်ဆက်ခြင်း၊ နိုင်ငံအဆင့် အာဆီယံသင်ကြားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ ကျင်းပပြုလုပ်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 28, 2024

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေစွာ အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်နိုင်ရေး သန်းခေါင် စာရင်းအုပ်ချုပ်မှု သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်းကျောင်း၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 28, 2024

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ (၂/၂၀၂၄) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 27, 2024

တာဝန်မှအနားယူခွင့်ပြုခြင်း

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 25, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းများ ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 25, 2024

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံ အရာထမ်းများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) ၌ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းနှင့် မော်တော်ယာဉ်စက်ပြင်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ စနစ်တကျ သင်ကြားပို့ချမှုကို အလေးထားမှတ်သားပြီး လုပ်ငန်းခွင်တွင် ထိရောက်စွာ အသုံးချနိုင်ရေး၊ မိမိတို့ လူနေမှုဘဝ မြင့်မားစေရေး စဉ်ဆက်မပြတ်လေ့လာသင်ယူရန် မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 25, 2024

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကလောမြို့ရှိ ခရီးသွားပြည်သူများ အပန်းဖြေအနားယူရန် ဆောင်ရွက်ထားရှိသည့် မောမြေဦးပန်းခြံ၊ နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ အဆောက်အအုံတစ်ခုဖြစ်ပြီး သမိုင်းအမွေအနှစ်တစ်ခုလည်းဖြစ်သည့် ကလောဘူတာသို့ သွားရောက်ပြီး ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် Heritage Tourism ဖော်ဆောင်သွားနိုင်မည့်အခြေအနေများ၊ Maluca Villa သို့ သွားရောက်ပြီး ခရီးသွားဧည့်သည်များအတွက် ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရေး ပြင်ဆင်ထားရှိမှု၊ Maluca နာမည်ဖြင့် အဆင့်အတန်းမီ သဘာဝလူသုံးကုန်ပစ္စည်း ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 25, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်