အလေးပြုပါတယ်… ဗိုလ်ချုပ်
ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သည်။ ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိနေမည်ဆိုပါက ၎င်း၏အသက်မှာ ၁၀၅ နှစ်ပြည့်မည်ဖြစ်သည်။ သေတစ်နေ့ မွေးတစ်နေ့ပါကွာဟု အရပ်ထဲတွင် ပြီးစလွယ် ပြောဖြစ်ကြသော်လည်း ဗိုလ်ချုပ်နှင့် ပတ်သက်၍မူ မြန်မာပြည်သူလူထုအားလုံးက အလေးအမြတ်ထားကြသည်။ မထား၍လည်းမဖြစ်။ ဗိုလ်ချုပ်သည် သာမန်လူတစ်ဦးမဟုတ်။ နိုင်ငံတော်၏ လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သူ။ မြန်မာပြည်သူအားလုံး၏ ကျေးဇူးရှင် တစ်နည်းအားဖြင့်ဆိုသော် ယောက်ျားအာဇာနည် ရဲဘော်သုံးကျိပ်ဝင်တစ်ဦး။ အဆိုပါပုဂ္ဂိုလ်မျိုး၏ မွေးနေ့ကို ကျွန်တော်တို့ အလွယ်တကူ မေ့မထားရက်ကြ။ အမြဲတမ်းအမှတ်ရပြီး ဂုဏ်ပြုထောမနာပြုနေခဲ့ကြရသည်။ ဤကား အ