နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၃)မှတစ်ဆင့် ဥပဒေရေးရာအသိပညာများ တိုးမြင့်လာခြင်း
ဥပဒေရေးရာဝန်ကြီးဌာနသည် “ဥပဒေပညာသည် အကျင့်သိက္ခာနှင့်ပြည့်စုံသော ပညာဖြစ်သည်” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ဥပဒေဆိုင်ရာအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ပိုမိုအားကောင်းလာစေရန်၊ အများပြည်သူ၏ ယုံကြည်အားကိုးမှုမြှင့်တင်ရန်နှင့် တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ဆောင်ရွက်ရန်ဟူသည့် ရည်မှန်းချက်ပန်းတိုင်များထားရှိကာ ဆောင်ရွက်လျက်ရှိပါသည်။