ASEAN အကြောင်း တစေ့တစ်စောင်း
အရှေ့တောင်အာရှနိုင်ငံများရှိ အမြင့်ဆုံးစာရင်းစစ် အဖွဲ့ အစည်း ၁၀ ခုမှ အကြီးအကဲများသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် စုဝေးခဲ့ကြပြီး အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEAN Supreme Audit InstitutionsASEAN SAI) ဖွဲ့စည်းတည်ထောင်ခြင်း သဘောတူညီချက်ကို က်မှတ်ရေးထိုးကာ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEAN SAl) ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ယင်းနေ့မှာပင် ASEAN SAI ၏ ပထမဦးဆုံး စုံညီအစည်းအဝေး (Assembly) ကို ကျင်းပခဲ့ပြီး ASEANSAI ၏ဥက္ကဋ္ဌရာထူး ရွေးချယ်ခန့်အပ်ခြင်း၊ ရန်ပုံငွေ ထည့်ဝင်မှုနှင့် အထူးလုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေးကော်မတီများ ဖွဲ့စည်းခြင်း စသည့် အဓိကမရှိမဖြစ်လိုအပ်သောကိစ္စရပ်များကို သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။