Skip to main content

ASEAN အကြောင်း တစေ့တစ်စောင်း

အရှေ့တောင်အာရှနိုင်ငံများရှိ အမြင့်ဆုံးစာရင်းစစ် အဖွဲ့ အစည်း ၁၀ ခုမှ အကြီးအကဲများသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် စုဝေးခဲ့ကြပြီး အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEAN Supreme Audit InstitutionsASEAN SAI) ဖွဲ့စည်းတည်ထောင်ခြင်း သဘောတူညီချက်ကို က်မှတ်ရေးထိုးကာ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEAN SAl) ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ယင်းနေ့မှာပင် ASEAN SAI ပထမဦးဆုံး စုံညီအစည်းအဝေး (Assembly) ကို ကျင်းပခဲ့ပြီး ASEANSAI ၏ဥက္ကဋ္ဌရာထူး ရွေးချယ်ခန့်အပ်ခြင်း၊ ရန်ပုံငွေ ထည့်ဝင်မှုနှင့် အထူးလုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေးကော်မတီများ ဖွဲ့စည်းခြင်း စသည့် အဓိကမရှိမဖြစ်လိုအပ်သောကိစ္စရပ်များကို သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။

ASEANSAT ကို ၂၀၁၅ ခုနှစ်တွင် အာဆီယံ အသိုက်အဝန်းည်ထောင်မည့် ရည်မှန်းချက်နှင့် အညီ ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ပြီး အဆိုပါ အဖွဲ့ အစည်းသည် ကိုယ်ပိုင်ရပ်တည်နေသော လွတ်လပ်၍ နိုင်ငံရေးနှင့်သက်ဆိုင်မှုမရှိသော အတတ်ပညာဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ အဖွဲ့ဝင်စာရင်းစစ်ချုပ်ရုံးများအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အများပြည်သူသို့ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုကို တိုးတက်စေကာ ပိုမိုကောင်းမွန်သန့်ရှင်းသည့် အစိုးရများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း သိမြင်လျက် အာဆီယံပဋိညာဉ်စာတမ်းတွင် ပါဝင်သည့် ရည်ရွယ်ချက်များနှင့်အညီ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကို မြှင့်တင်နိုင်ရန် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ASEANSAI ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။

ရည်မှန်းချက်

ASEANSAl ၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က) စာရင်းစစ်အဖွဲ့အစည်းများ ခိုင်မာအားကောင်းလာစေရေး နိုင်ငံပိုင်ကဏ္ဍ စာရင်းစစ်ဆေးခြင်းနယ်ပယ်တွင် အတွေ့အကြုံနှင့်ဗဟုသုတများ နှီးနှောဖလှယ် မျှဝေခြင်းဖြင့် ASEAN SAI အဖွဲ့ဝင်များအကြား နားလည်မှုနှင့်ပူးပေါင်းဆောင်ရွက် မှုတိုးတက်လာစေရန်နှင့် စွမ်းဆောင်ရည် မြှင့်တင်ရန်၊

(ခ) တွေ့ကြုံခဲ့ပြီးသော မှတ်သားစရာသင်ခန်းစာများအား နှီးနှောဖလှယ်ခြင်းနှင့် အကောင်းဆုံးအလေ့အထများ မျှဝေပေးခြင်းမှတစ်ဆင့် ASEANSAI အဖွဲ့ဝင်များအကြား စဉ်ဆက်မပြတ် လေ့လာသင်ယူရေး၊ သင်တန်းပို့ချမှုနှင့် သုတေသနများ ကိုးက်လာအောင် ဆောင်ရွက်ပေးခြင်းဖြင့် အထောက်အကူပြုသည့် ဝန်းကျင်တစ်ခု ဖြစ်ထွန်းလာစေရန်နှင့် လိုအပ်သောအထောက်အပံ့များ ပံ့ပိုးပေးရန်၊

() နိုင်ငံပိုင်ကဏ္ဍ စာရင်းစစ်ဆေးခြင်းနယ်ပယ်တွင် အခြားနိုင်ငံတကာ အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များကို ချိတ်ဆက်ဆောင်ရွက်ပေးရန်နှင့်သတင်း အချက်အလက်များစုစည်းရာ ဗဟို အချက်အချာကျသော နေရာတစ်ခု ဖြစ်စေရန်။

လုပ်ငန်းတာဝန်များ (Functions)

ASEANSAI ၏လုပ်ငန်းတာဝန်များမှာ နိုင်ငံပိုင် ကဏ္ဍ စာရင်းစစ်ဆေးခြင်းနယ်ပယ်တွင် အကောင်း ဆုံးအလေ့အထများ၊ စံများနှင့် နည်းပညာများအတွက် အချက်အလက်များကို Data bankဖြင့် ထိန်းသိမ်း ထားရန်၊ နိုင်ငံပိုင်ကဏ္ဍ စာရင်းစစ်ဆေးခြင်းနယ်ပယ် တွင် အသိပညာနှင့် ဗဟုသုတများဖလှယ်ခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ၊ လေ့လာ သင်ယူမှုများနှင့် အခြားလုပ်ငန်းများဆောင်ရွက်ရန်၊ အဖွဲ့ဝင်များအကြား ကောင်းမွန်သောအုပ်ချုပ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကိုမြင့်မားလာစေမည့်အခြား လုပ်ငန်းများကို ဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။

ဖွဲ့စည်းပုံ

ASEAN SAI တွင် စုံညီအစည်းအဝေး (Assembly) သည် အမြင့်ဆုံးဖြစ်ပြီး ယင်းအောက်တွင် အဖွဲ့၏ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ပါဝင်သော အလုပ်အမှုဆောင်အဖွဲ့ ရှိပါသည်။ စုံညီအစည်း အဝေးသည် မူဝါဒလုပ်ငန်းစဉ်များချမှတ်ပြီး ကိစ္စရပ်အားလုံးတွင် အဖွဲ့ဝင်အားလုံး၏ သဘောတူညီ ချက်ဖြင့်သာ ဆောင်ရွက်ရပါသည်။ အလုပ်အမှုဆောင်အဖွဲ့သည် စုံညီအစည်းအဝေးသို့ မူဝါဒများ အကြံပြုတင်ပြခြင်း၊ ချမှတ်ထားသောမူဝါဒများ  ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊ အဖွဲ့၏ကော်မတီအသီးသီးက ချမှတ်ထားသော လုပ်ငန်း စီမံချက်များ အကောင်အထည်ဖော်မှုကိုစောင့်ကြည့် ခြင်းတို့ ဆောင်ရွက်ရပါသည်။

ASEANSAI အတွင်းရေးမှူးရုံးကိုလည်း ဖွဲ့စည်းထားပြီး ASEANSA ဥက္ကဋ္ဌကိုတာဝန်ခံရခြင်း၊ အလုပ်အမှုဆောင်အဖွဲ့နှင့် ASEANSA ကော်မတီများကို ကူညီပံ့ပိုးခြင်း၊ ဘဏ္ဍာငွေကြေးများကို စီမံခန့်ခွဲပြီး ရန်ပုံငွေများသုံးစွဲမှုအတွက် တာဝန်ခံခြင်း၊ အလုပ်အမှုဆောင်အဖွဲ့က ပေးအပ်သည့် အခြားလုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်း၊ စာရင်းများ၊ မှတ်တမ်းများနှင့်ဖိုင်များ သိမ်းဆည်း ထားပြီး ဘဏ္ဍာရေးရှင်းတမ်းများကို စစ်ဆေးနိုင်စေရန် ကူညီပံ့ပိုးပေးခြင်းစသည့် လုပ်ငန်းတာဝန် များ ဆောင်ရွက်ပါသည်။

ASEANSAl ၏ အထူးလုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ရန် စုံညီအစည်းအဝေးမှ ဆုံးဖြတ် ချက်ဖြင့် ကော်မတီများကိုဖွဲ့စည်းပြီး ကော်မတီတစ်ခုတွင် အနည်းဆုံးအဖွဲ့ဝင် သုံးနိုင်ငံပါဝင်ရပါ သည်။ ကော်မတီ() ရပ်ဖွဲ့စည်းထားပြီး အဖွဲ့၏ မဟာဗျူဟာကိုရေးဆွဲပြင်ဆင်နိုင်ရန် မဟာဗျူဟာ ရေးဆွဲရေးကော်မတီ၊ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများကို အချိန်နှင့်တစ်ပြေးညီ ရေးဆွဲ ပြင်ဆင်နိုင်ရန် စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ ဆိုင်ရာကော်မတီ၊ အသိပညာမျှဝေရေး အစီအစဉ် များ ရေးဆွဲအကောင်အထည်ဖော်နိုင်ရန် အသိ ပညာမျှဝေရေးကော်မတီ၊ သင်တန်းပို့ချရေး  အစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်နိုင်ရန် သင်တန်းပို့ချရေးကော်မတီတို့ကို ဖွဲ့စည်းထားပါ သည်။ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ စာရင်းစစ်ချုပ်ရုံးများက ကော်မတီဥက္ကဋ္ဌများအဖြစ် အသီးသီးတာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

မဟာဗျူဟာစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ခြင်း

ASEANSAI ကို စတင်တည်ထောင်စဉ်ကပင် မဟာဗျူဟာစီမံချက်များကို ကာလပိုင်းအလိုက် ရေးဆွဲအကောင်အထည်ဖော်ခဲ့ပါသည်။ ယခုအခါ မဟာဗျူဟာစီမံချက် (၂၆--၂၅) ကို ချမှတ် ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိပါသည်။ အာဆီယံဒေသအတွင်း ကောင်းမွန်သောအုပ်ချုပ်မှုအား မြှင့်တင်နိုင်မည့် ယုံကြည်စိတ်ချရပြီး အင်တိုက်အားတိုက် ဆောင်ရွက်နိုင်သောအတတ်ပညာဆိုင်ရာအမြင့်ဆုံး စာရင်းစစ်အဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရန် အတွက် ASEAN SAI အလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးရုံးနှင့် ကော်မတီအသီးသီးတို့က ၎င်းတို့၏ လုပ်ငန်းစီမံချက်များကို အကောင် အထည်ဖော်ရာတွင် တစ်ပြေးညီဆောင်ရွက်နိုင်ရန် အတွက် အောက်ပါမဟာဗျူဟာပန်းတိုင်လေးခုကို ချမှတ်ထားပြီး ယင်းကို အထောက်အကူပြုမည့် မဟာဗျူဟာရည်မှန်းချက် ၁၀ ခုဖြင့် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်-

(က) စာရင်းစစ်ချုပ်ရုံးများအကြား စွမ်းရည် မြှင့်တင်ရေးဆောင်ရွက်ရန်၊

() စာရင်းစစ်ချုပ်ရုံးများနှင့် သက်ဆိုင်သူ

(Stakeholder) များအကြား အသိပညာ မျှဝေရေးကိုမြှင့်တင်ရန်၊

() ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းခိုင်မာလာစေရန်၊

() စံထားရသော နိုင်ငံတကာအဖွဲ့ အစည်းတစ်ခုအဖြစ် ဌာနတွင်းစီမံအုပ်ချုပ်မှုနှင့် ဘက်စုံအဖွဲ့ အစည်းဆိုင်ရာ စီမံခန့်ခွဲမှုကို တိုးတက်ကောင်းမွန်လာစေရန်။

အစည်းအဝေးများ ကျင်းပခြင်း

ASEANSAI စုံညီအစည်းအဝေး (သို့မဟုတ်) ASEAN SAI ထိပ်သီးအစည်းအဝေးကို ASEANSAI အဖွဲ့ဝင်အားလုံး၏သဘောတူညီချက်ဖြင့် နှစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည်။ ညီလာခံ၏ ဥက္ကဋ္ဌတာဝန်ကို ASEANSA ဥက္ကဋ္ဌက တာဝန်ယူ ဆောင်ရွက်ပါသည်။ ASEANSA ထိပ်သီးအစည်း အေမကျင်းပခင် ASEANSAT ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး (Senior Official Meeting) ကို သုံးလကြိုတင်၍ ကျင်းပလေ့ရှိပါသည်။ အလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး၊ ကော်မတီအစည်းအဝေးနှင့် စောင့်ကြည့်စစ်ဆေးခြင်း အစည်းအဝေးများကိုမူ လုပ်ငန်းလိုအပ်ချက် ပေါ်မူတည်၍ ကျင်းပလေ့ရှိပါသည်။

ဘဏ္ဍာရေးအခြေအနေ

ASEANSAI ဘဏ်စာရင်းသို့ ASEANSAI အဖွဲ့ဝင်များကတစ်နှစ်လျှင် နှစ်စဉ်ကြေး အမေရိကန်ဒေါ်လာ ၇၀၀ ထည့်ဝင်ရပါသည်။ ၎င်းအပြင် မိတ်ဖက် အဖွဲ့အစည်းများ၏အလှူငွေများ၊ ဘဏ်အတိုးများကို ယင်းဘဏ်စာရင်းသို့ပေးသွင်း၍အသိပညာမျှဝေရေး အစီအစဉ်များနှင့် သင်တန်းများ ဖွင့်လှစ်ပေးခြင်း တို့တွင် အသုံးပြုပါသည်။ ယင်းအသုံးစရိတ်များကို စုံညီအစည်းအဝေးက အတည်ပြုထားသည့် စာရင်း စစ်က နှစ်နှစ်လျှင်တစ်ကြိမ် စစ်ဆေးရပါသည်။

ASEANSAl အလှည့်ကျ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းရယူခြင်း

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်း စစ်ချုပ်ရုံးများအဖွဲ့ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ (ASEANSAI Rules and Procedures) ပါ  ပြဌာန်းချက်များအရအဖွဲ့၏ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တာဝန်ကို အဖွဲ့ဝင်များက နိုင်ငံအမည်အက္ခရာစဉ်အလိုက် နှစ်နှစ်စီ အလှည့်ကျထမ်းဆောင်ရမည် ဖြစ်ပါသည်။ ဒုတိယဥက္ကဋ္ဌသည် လာမည့် နှစ်နှစ်တာကာလအတွက် ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းတာဝန် ထမ်းဆောင်ရမည် ဖြစ်ပါသည်။ အဖွဲ့၏ထိပ်သီး အစည်းအဝေးကို အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့်နိုင်ငံတွင် အိမ်ရှင်အနေဖြင့် လက်ခံ ကျင်းပရပါသည်။

ASEANSAI ဥက္ကဋ္ဌ တာဝန်ကို ၂၀၁၁-၂၀၁၃ တွင် အင်ဒိုနီးရှားနိုင်ငံစာရင်းစစ်ချုပ်ရုံး၊ ၂၀၁၃-၂၀၁၅ တွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ စာရင်းစစ်ချုပ်ရုံး၊ ၂၀၁၅၂၀၁၇ တွင် ကမ္ဘောဒီးယားနိုင်ငံ စာရင်းစစ်ချုပ်ရုံး၊ ၂၀၁၇-၂၀၁၉ တွင် လာအိုနိုင်ငံ စာရင်းစစ်ချုပ်ရုံး၊ ၂၀၁၉-၂၀၂၀ တွင် မလေးရှားနိုင်ငံ စာရင်းစစ်ချုပ်ရုံး တို့က အလှည့်ကျထမ်းဆောင်ခဲ့ကြပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှစ၍ ASEANSAl ဒုတိယဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၂၂၁ ခုနှစ် နိုဝင်ဘာလ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် () ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (6th ASEAN SAI Summit) တွင် အဖွဲ့၏ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူခဲ့ပြီး ဖြစ်ပါသည်။ အစည်းအဝေးကို မျက်နှာစုံညီ ကျင်းပလိုသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားလျက် ရှိခြင်းကြောင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်သာ ကျင်းပနိုင်ခဲ့ပါသည်။

အစည်းအဝေးကိုပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော်ရှိ ASEANSAI ဥက္ကဋ္ဌရုံးခန်းမှ အိမ်ရှင်အဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် လက်ထောက် အတွင်းဝန်တို့ က်ရောက်ခဲ့ကြပါသည်။ အစည်း အဝေးသို့ အာဆီယံနိုင်ငံများမှ စာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ ASEANSAl မိတ်ဖက်အဖွဲ့အစည်းများမှ  ကိုယ်စားလှယ်များ စုစုပေါင်း ၈၃ ဦးခန့် တက်ရောက် ခဲ့ကြပါသည်။

() ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရန်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးဆောင်သော ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း၊ အခြားဝန်ကြီးဌာနများနှင့် ဆက်သွယ်ညှိနှိုင်းခြင်းနှင့် အကူအညီများ ရယူခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပြည်ထောင်စု အစိုးရအဖွဲ့များသို့ တင်ပြခွင့်ပြုချက်ရယူခြင်း၊ အစည်းအဝေးတွင် ဆွေးနွေးမည့်အကြောင်းအရာများ၊ ပြောကြားမည့်မိန့်ခွန်းများ ကြိုတင်ပြင်ဆင် ခြင်း၊ မလေးရှားနိုင်ငံ စာရင်းစစ်ချုပ်ရုံးနှင့် ASEAN SAI အတွင်းရေးမှူးရုံးတို့မှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးခြင်း၊ E-mail နှင့် WhatappsGroup များဖြင့် စဉ်ဆက်မပြတ် ဆက်သွယ်ခြင်း၊ အစမ်း လေ့ကျင့်ခြင်းစသည်ဖြင့် ကြိုတင်ပြင်ဆင်ခဲ့ရပါသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့် နှစ်နှစ်တာကာလအတွင်း ASEAN SAI ကို ဦးဆောင် ရမည်ဖြစ်ပြီး အတွင်းရေးမှူးရုံး၏ အကူအညီဖြင့် စုံညီအစည်းအဝေးသို့မူဝါဒများအဆိုပြုတင်ပြခြင်း၊ အတည်ပြုပြီးသော မူဝါဒများထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအစီအမံများ ချမှတ်ကျင့်သုံးခြင်း၊ ကော်မတီများ၏ လုပ်ငန်းစီမံချက်များကို မဟာဗျူဟာစီမံချက်နှင့်အညီ အကောင် အထည်ဖော်မှုအခြေအနေကို ကြီးကြပ်ခြင်းစသည့် လုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂၀၂၂ ခုနှစ်အတွင်း အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် အသိပညာမျှရေးကော်မတီ အဖွဲ့ဝင်နိုင်ငံတစ်ခုအနေဖြင့် ဆေးနှင့်ဆေးဝါးပစ္စည်းများ ဝယ်ယူမှုကို စစ်ဆေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတို့ကို ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးက အိမ်ရှင်အဖြစ် ကျင်းပသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ရောဂါပြန့်ပွားမှု လျော့ကျလာမှုအပေါ် မူတည်၍မျက်နှာစုံညီကျင်းပနိုင်အောင် ကြိုးပမ်း သွားမည် ဖြစ်ပါသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသည် လက်ရှိဒုတိယ ဖြစ်သော ဖိလစ်ပိုင်နိုင်ငံစာရင်းစစ်ချုပ်ရုံးအား ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးမည်ဖြစ်ပါသည်။ ထိုသို့လွှဲပြောင်းနိုင်ရန် ကြိုတင်ပြင်ဆင်မှုအဖြစ် ASEANSAI () ကြိမ်မြောက် အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပါသည်။ () ကြိမ်မြောက် ASEAN SAI ထိပ်သီးအစည်းအဝေးကို ၂၂၃ ခုနှစ် နိုဝင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပနိုင်ရေးအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ၊ ညှိနှိုင်းမှုများကိုလည်း ၂၀၁၃ ခုနှစ်အတွင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့် ASEAN SAI တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သဖြင့်  ASEAN SAI မှ ကျင်းပသည့် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများသို့ တက်ရောက်ခွင့် ရရှိခြင်း၊ လေ့လာသိရှိရည်များကို ပြန်လည်ဆင့်ပွား သင်ကြားပေးခြင်းဖြင့် အသိပညာနှင့် စစ်ဆေးရေးစွမ်းဆောင်ရည်များ ကိုးမြင့်လာခြင်း၊ အာဆီယံနိုင်ငံများအကြား  ပူးပေါင်းစစ်ဆေးမှု အစီအစဉ်များတွင် ပါဝင်ရသဖြင့် စစ်ဆေးရေးအတွေ့အကြုံနှင့် စွမ်းဆောင်ရည်များ မြင့်မားလာခြင်း၊ အစည်းအဝေးနှင့် အလုပ်ရုံ ဆွေးနွေးပွဲများကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့်ရခြင်း စသည့်အကျိုးကျေးဇူးများ ရရှိပါသည်။

ASEANSAIသည် ၎င်း၏မဟာဗျူဟာစီမံချက် (၂၀၂၂--၂၅) တွင် မျှော်မှန်းထားသည့်အတိုင်း ဒေသတွင်း ကောင်းမွန်သည့်အုပ်ချုပ်မှု တိုးတက်ကောင်းမွန်လာအောင် အထောက်အကူပြုနိုင်မှု ကြောင့် ၂၀၂၅ ခုနှစ်တွင် အဖွဲ့ဝင်အားလုံး၏ နိုင်ငံတော်အစိုးရများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ အခြား နိုင်ငံတကာစာရင်းစစ်ချုပ်ရုံး အဖွဲ့အစည်းများအပါအဝင် ပြင်ပသက်ဆိုင်သူများ (external stakeholders) က ယုံကြည်ကိုးစားရသည့် အဖွဲ့အစည်းတစ်ခုဖြစ်လာအောင် အဖွဲ့ဝင်များ၏ ပေါင်းစည်းအင်အားဖြင့် ကြိုးပမ်းသွားမည်ဖြစ်ပြီး နိုင်ငံပိုင်ကဏ္ဍစာရင်းနှင့် လုပ်ငန်းစစ်ဆေးရာတွင် စွမ်းရည်မြင့်မားလာသည်နှင့်အမျှ ဒေသတွင်း ကောင်းမွန်သည့်အုပ်ချုပ်မှုစနစ် တိုက်မြင့်မားလာစေရန် ပိုမိုအထောက်အကူပြု နိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။   

OAG ဝန်ထမ်းတစ်ဦး