Skip to main content

ကမ္ဘောဇဌာနီမှ တန်ဆောင်တိုင်ဆီသို့

အရှေ့တောင်ကြောဘက်ဆီမှတိုက်ခတ်လာသော ထင်းရှူးရနံ့လေအေးတို့သည် လူအုပ်အကြားသို့ ဖြန့်ကြက်တိုးနေသည်။ လတ်ဆတ်သော ထင်းရှူးရနံ့လေအေးကြောင့် ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းသွား၏။ လူအုပ်ကြားတိုးဝှေ့နေစဉ်က သတိမထားမိသော လေအေးကို လူအုပ်နှင့် လွတ်ကင်းချိန်မှ အားရပါးရရှူမိသည်။ စိတ်ရောကိုယ်ပါ အေးချမ်းသွားတော့၏။ စိတ်အေးချမ်းသွားမှ ဝန်းကျင်ပတ်လည်ကို မျှော်ကြည့်လိုက်တော့ မြင်မြင်သမျှသည် လူပင်လယ်ကြီးပမာ။ အဆုံးအစ ကလနားသတ်ကိုမမြင်ရ။ ထိုအထဲတွင် အများသူငါလို မိမိသည်လည်း စီးမျောလျက်ရှိနေ၏။
Subscribe to nmhgjmhk