ကလေးငယ်များ ဘေးကင်းစွာ ပညာသင်ယူနိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားကြပါစို့
နိုဝင်ဘာလဆန်းမှစ၍ နေပြည်တော်၌ ဆောင်းအငွေ့ အသက်ခံစားနေရပြီ ဖြစ်သည်။ နံနက်စောစော မြူနှင်းဖွေးဖွေးအောက်တွင် လမ်းလျှောက်ရင်း သန့်ရှင်းလတ်ဆတ်သောလေကို ရှူရသည်မှာ စိတ်ချမ်းမြေ့လှသည်။ နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ခင်းပိုင်းသည် အခြားနေ့များထက် ပိုမိုသာယာလျက် ရှိသည်။ နံနက် ၆ နာရီကျော်လောက် ကတည်းက ကျောင်းဖယ်ရီကားများ ပေါ်တွင် အဖြူ၊ အစိမ်း ဝတ်ထားသော ကလေးငယ်များကို မြင်ရသည်မှာ မင်္ဂလာရှိလှပေသည်။ အနာဂတ်၏ သားကောင်း ရတနာလေးများသည် ကျောင်းပြန်တက်ရမည် ဖြစ်သဖြင့် တက်ကြွလန်းဆန်း ပျော်ရွှင်လျက်ရှိကြသည်။