ရာသီမရွေးသွားလာနိုင်သော လမ်းများကြောင့် ကျေးလက်နှင့်မြို့ပြ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေမည့် ရှမ်းပြည်နယ်ဆီ
တော်တောင် လျှိုမြောင်၊ စိမ့်စမ်းတို့ဖြင့် သာမော ဖွယ်ကောင်းလှသော ရှမ်းပြည်နယ်သည် မြန်မာ နိုင်ငံ၏အကြီးဆုံးနှင့် ကျယ်ဝန်းဆုံး ပြည်နယ်ဟု ဆိုရပေမည်။ ရှမ်းလူမျိုးများသာမက အခြား တိုင်းရင်းသားများပါ ရောနှောနေထိုင်သည့်အတွက် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများ များပြားသည့် ပြည်နယ်တစ်ခုဖြစ်သည်။