ရာသီမရွေးသွားလာနိုင်သော လမ်းများကြောင့် ကျေးလက်နှင့်မြို့ပြ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေမည့် ရှမ်းပြည်နယ်ဆီ
တော်တောင် လျှိုမြောင်၊ စိမ့်စမ်းတို့ဖြင့် သာမော ဖွယ်ကောင်းလှသော ရှမ်းပြည်နယ်သည် မြန်မာ နိုင်ငံ၏အကြီးဆုံးနှင့် ကျယ်ဝန်းဆုံး ပြည်နယ်ဟု ဆိုရပေမည်။ ရှမ်းလူမျိုးများသာမက အခြား တိုင်းရင်းသားများပါ ရောနှောနေထိုင်သည့်အတွက် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများ များပြားသည့် ပြည်နယ်တစ်ခုဖြစ်သည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် နေထိုင် ကြသော ကျေးလက်နေလူဦးရေသည် ၁၉ သိန်းကျော်ရှိပြီး လားရှိုးခရိုင် မူဆယ်ခရိုင်၊ မိုးမိတ်ခရိုင် ကျောက်မဲခရိုင်နှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ မြို့နယ် ၁၉ မြို့နယ်အတွင်း သွားလာရလွယ်ကူစေရန် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
လူသွားလမ်း၊ ဆိုင်ကယ်လမ်း၊ လှည်းလမ်း မျှသာရှိသော မြေသားလမ်းအခြေအနေမှ ရာသီ မရွေးသွားလာနိုင်သည့် ကတ္တရာလမ်း၊ ကွန်ကရစ် လမ်း၊ ကျောက်ချောလမ်း၊ အမာခံလမ်းများ အဖြစ်လည်းကောင်း၊ ဒေသဖြစ် ဝါးတံတား သစ်သားတံတားများမှ သဘာဝဘေးဒဏ်ခံ နိုင်သော သံကူကွန်ကရစ်တံတားများအဖြစ် လည်းကောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး - နားကွ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ နှစ်စဉ် အဆင့်မြှင့်တင် ဖောက်လုပ်ပေးလျက်ရှိသည် ကိုလည်း တွေ့ရသည်။
အဆင့်မြှင့်တင်ဆောင်ရွက်နေ
ကျေးလက်နှင့် မြို့ပြ လူနေမှုဘဝကွာဟမှု နည်းပြီး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်းများကို အဆင့်မြှင့်တင်ရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကျေးလက်ဒေသ များအတွင်း ကတ္တရာလမ်း ၁၈၂/၂ သမ ၃၃ မိုင်၊ ကျောက်လမ်း ၃.၇၄ မိုင်၊ မာခံလမ်း ၂၀၇/၁ မိုင်၊ မြေသားလမ်း ၄၁၁၅/၄ ဒသမ ၆၇ မိုင်၊ ကျေးလက်လမ်းစုစုပေါင်း ၄၈၁၂/၄ မိုင်ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ ကတ္တရာလမ်း ၉၀/၇ ဒသမ ၈၂ မိုင်၊ ကျောက်လမ်း ၅၄/၄ သမ ၂၈ မိုင်၊ မြေသား လမ်း ၁၇၀/၂ ဒသမ ၉မိုင် စုစုပေါင်းလမ်းမိုင် ၃၁၅/၇ ခိုင်၊ ကွန်ကရစ်တံ ၁၇ စင်း၊ သစ်သား တံတား နှစ်စင်း၊ ဘေလီတံတား တစ်စင်း၊ ကြိုးတံတား တစ်စင်း၊ Fly Ferry တစ်စင်း၊ ရေကျော် တစ်စင်း၊ Box Culvert ၁၆၁ စင်းတို့ကို ကျေးလက်နေ ပြည်သူများအတွက် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း ၂/၄ မိုင်၊ ကတ္တရာလမ်း ၃၆)သုည ဒသမ ၇၄မိုင်း ကျောက်လမ်း ၃၆/၇ ဒသမ ၂၅ မိုင်၊ မြေသားလမ်း ၄၃/၅ ဒသမ ၁မိုင် စုစုပေါင်း ၁၁၉/၁ ဒသမ ၉ မိုင် ကွန်ကရစ်တံတား၁၇ စင်း၊ ဘေလီတံတားတစ်စင်း နှင့် Box Culvert ၄၄ စင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
Pilot Project လုပ်ငန်းများ ၊
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (Pilot Project) လုပ်ငန်းအနေဖြင့် လားရှိုးခရိုင် လားရှိုး မြို့နယ်တွင် ဝိန်းထန်-ဒိုင်တောင်း-ပန်စုံ ကောင်းဟုန်း -ကုန်းဆာ -ဦးလုံ- မန်ကတ်- နမ့်ဖွဲ့ လမ်း ၉/၂ မိုင်းသောလမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပြီး ကျေးရွာပေါင်း ၁၆ ရွာ၊ အိမ်ခြေ ၅၁၁ ၊ လူဦးရေ ၂၇၃၁ ဦးတို့ကို အကျိုးပြုလျက်ရှိသည်။ ထို့အတူ ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်တွင် ကျွဲကုန်း-နပြိန်း နောင်ကွမ် - ပုံ လမ်း ၉/၇ သမ ၇ မိုင် မြေသားလမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပြီး ကျေးရွာပေါင်း ၁၅ ရွာ၊ အိမ်ခြေ ၁၄၃၅ မ်၊ လူဦးရေ ၆၈၅ ဦးတို့ကို အကျိုးပြုလျက်ရှိသည်။
ဒုဋ္ဌဝတီမြစ်ကူး (Fly Ferry
ထို့ပြင် ကျောက်မဲခရိုင် သီပေါမြို့နယ်တွင် ခံနိုင်ဝန် ၁၆ တန်ရှိသော ဒုဋ္ဌဝတီမြစ်ကူး (Fy Ferry) တစ်စင်းကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ခဲ့သည်။ ယခင်က ဆွန်လုံကျေးရွာ အုပ်စုရှိ ဆွန်လုံကျေးရွာ တာပုလဲကျေးရွာနှင့် မန် ဆန်ရေကျကျေးရွာအုပ်စုရှိ ကျေးရွာငါးရွာမှ ကျေးလက်နေပြည်သူ ၁၂၀၀ ဝန်းကျင်တို့သည် ဒေသ ထွက်ကုန် ပြောင်း၊ မက်မန်း၊ ဆားငန်သီးများနှင့် ဝါးအမျိုးမျိုး စသည်တို့ကို ခြေချင်ခရီးဖြင့်သာ ကူးသန်းရောင်းဝယ်ခဲ့ရာမှ ယခုအခါ Fly Ferry ကိုအသုံးပြုပြီး ဒေသထွက်ကုန်များကို ဒုဋ္ဌဝတီ မြစ်ကိုဖြတ်၍ ကုန်းသာကြီးသို့လည်းကောင်း၊ ထိုမှတစ်ဆင့် ၁၀ မိုင်မျှသာဝေးသော သီပေါမြို့နှင့် ၃၅ မိုင်မျှသာသော လားရှိုးမြို့သို့ လည်းကောင်း လွယ်ကူလျင်မြန်စွာ ကူးသန်းသွားလာရောင်းချ နိုင်ပြီဖြစ်ရာ ဒေသနေပြည်သူများ၏ စီးပွားရေး သာမက လူမှုရေး၊ ပညာရေးများကိုပါ များစွာ အထောက်အကူပြုလျက်ရှိသည်။
လားရှိုးခရိုင်မှ ကျေးလက်လတံတားလုပ်ငန်းများ
လားရှိုးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အထိ ကွန်ကရစ်လမ်း ၂/၄ မိုင်၊ ကတ္တရာလမ်း ၃၂/၆ သ ၆၁ မိုင်၊ ကျောက်လမ်း ၃၀/သုည ဒသမ ၁၀မိုင်၊ မြေသားလမ်း၄၂/၁ ဒသမ ၄၁ မိုင် စုစုပေါင်း ၁၀၇/၄ ဒသမ ၁၂ မိုင် ကွန်ကရစ် တံတား ၁၁ စင်း၊ သစ်သားတံတား တစ်စင်း၊ Bo Culvert ၆၆ စင်းတို့ကို ကျေးက်နေပြည်သူများ အတွက် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
မူဆယ်ခရိုင်မှ ကျေးလက်လမ်း/တံတားလုပ်ငန်းများ
မူဆယ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်အထိကတ္တရာလမ်း ၂၅/၃ ဒသမ ၁၄ မိုင်၊ ကျောက်လမ်း ၁၅/၆ ဒသမ ၅၁ မိုင်၊ မြေသားလမ်း ၁၉/၄ ဒသမ ၉၃ မိုင် စုစုပေါင်း ၆၀/၆ ဒသမ ၅၈ မိုင်၊ ကွန်ကရစ်တံလေးစင်း၊ ကြိုးတံတား တစ်စင်း Bo dilvet ၁ စင်း စုစုပေါင်း ၄၆ စင်းတို့ကို ကျေးလက်နေပြည်သူများအတွက်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ဖိုးဒိတ်ရိုင်မှလက်လတံတားလုပ်ငန်းများ
မိုးမိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်အထိ ကတ္တရာလမ်း ၁၄/၃ ဒသမ ၈၄ မိုင်၊ ကျောက်လမ်း ၁၃)သုည ဒသမ ၅၂ မိုင်၊ မြေသားလမ်း ၆၁)သုည ဒသမ ၇၂ မိုင် စုစုပေါင်း ၈၈/၅ သမ (၂၈ မိုင်၊ ကွန်ကရစ်တံတား ငါးစင်း၊ သစ်သားတံတားတစ်စင်း၊ Box Culvert၁၆ စင်း၊ ရေကျော် တစ်စင်း စုစုပေါင်း ၂၃ စင်းတို့ကို ကျေးလက်နေပြည်သူများအတွက် ဆောင်ရွက်ပေး နိုင်ခဲ့သည်။
ကျောက်မဲခရိုင်နှင့် လောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်းရှိ ကျေးလက်လမ်း/ တံတား လုပ်ငန်းများ
ကျောက်မဲခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကျောက်မဲခရိုင်အတွင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မပါဝင် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အထိ | ကတ္တရာလမ်း ၃၄/၇ ဒသမ ၂၇ မိုင်၊ ကျောက်လမ်း ၂၂/၅ သမ ၁၇ မိုင်၊ မြေသားလမ်း ၈၂/၂ ဒသမ ၃၁ မိုင် စုစုပေါင်း ၁၃၈/၂ ဒသမ ၀၉ မိုင်၊ ကွန်ကရစ်တံတား၃ စင်း၊ Box Culvert၆၈ စင်း၊ စုစုပေါင်း ၈၁ စင်းတို့ကို ကျေးလက်နေပြည်သူ များအတွက် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
“ဝ” ကိုယ်ပိုင်ဆုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကျေးလက်လ% တံတားလုပ်ငန်းများ
'၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ကျေးလက် | လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၀ - ၂၁၂၁ ဘဏ္ဍာနှစ်အထိ | ကတ္တရာလမ်း ၁၂,၆ ဒသမ ၇၅ မိုင်၊ ကျောက်လမ်း (၀/၇ မိုင်၊ မြေသားလမ်း ၄/၃ ဒသမ ၆၂ မိုင်၊ စုစုပေါင်း ၁၈၁ သခ ၃၇မိုင်၊ ကွန်ကရစ်တံတား တစ်စင်း၊ Box Culvert၁၄ စင်းတို့ကို ကျေးလက်နေ ပြည်သူများအတွက် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့ပြင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အထိ ကတ္တရာလမ်း ၆/၄ ဒသမ ၉၅ မိုင်၊ ကျောက်လမ်း ၅/၆ ဒသမ ၇၃ မိုင် စုစုပေါင်း ၁၂/၃ ဒသမ ၆၈ မိုင်ကို ကျေးလက်နေပြည်သူများအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လာမည့်ဘဏ္ဍာနှစ်များတွင် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက်လမ်း/တံတားများ ပိုမိုတိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆင့်မြှင့်တင်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်းရှိ အခြားသော ကျေးဖြူဥများကိုသီမရွေးသွားလာ နိုင်သော လမ်းများ အဖြစ် ဆက်လက်၍ အဆင့် မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက် လာနိုင်သည်နှင့်အမျှ ပြည်သူများ၏ လူမှုစီးပွား ဘဝများသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။
ထက်လျှံ