Skip to main content

မိဘဘိုးဘွားများအသက်ကို ကယ်တင်

ရန်ကုန်သည် ကိုဗစ်-၁၉ ပိုးတွေ့လူနာအများဆုံး ဖြစ်ပေါ်နေသည့် ဒေသဖြစ်၍ မကြာသေးမီရက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပေါင်းစည်းညှိနှိုင်းရေးကော်မတီကိုဖွဲ့စည်းကာ နေ့စဉ်တိုးပွားနေသော ပိုးတွေ့ လူနာများအရေးကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက် နေကြသည်။

ကိုဗစ်ထိန်းချုပ်ရေး စနစ်တကျပူးပေါင်း

တစ်နေ့တခြား ကူးစက်ဖြစ်ပွားမှု များပြားလာသည့် ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကြိုးစားဆောင်ရွက်လျက် ရှိသည်။ ကူးစက်ဖြစ်ပွားမှု များပြား လာသည်နှင့်အမျှ ကိုဗစ်-၁၉လူနာများအား စေတနာပြည့်ဝစွာ ဖြင့် ကုသမှုပေးနေသော ကျန်းမာရေးဝန်ထမ်းများ စိတ်ဓာတ်မကျဆင်းဘဲ လိုအပ်ချက် များပြည့်စုံနေရေးသည် အရေးကြီးသည်။ ။

ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်

ကလေးသူငယ်များသည် အပြစ်ကင်းစင်သော လူမမည်အရွယ်များဖြစ်သည်။ မွေးဖွားစဉ်ကတည်းက စိုးရိမ်ထိတ်လန့်ကြောက်ရွံ့ တတ်ကြသည်။ မိခင် ရင်ခွင်အတွင်း နွေးထွေးစွာနေထိုင်တတ်ကြပြီး မိဘအုပ်ထိန်းသူတို့၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းလာကြသည်။ ကလေးသူငယ်များသည် မိဘ အုပ်ထိန်းသူများ၏ ရပ်တည်နေထိုင်ရာ လူမှုပတ်ဝန်းကျင် လုံခြုံစိတ်ချမှု၊ ပတ်ဝန်းကျင်၏ လူမှုစီးပွားဘဝနှင့် အသိဉာဏ်ပညာ မြင့်မားမှုတို့အပေါ် မူတည်၍ ကလေးသူငယ်များ၏ ဘဝများကို အဆုံးအဖြတ်ပေးနိုင်ပေသည်။

ဥပဒေ၊ စည်းကမ်းလိုက်နာ ဘေးကင်းကွာ

မြန်မာနိုင်ငံတွင် သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများ၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များသည် ပြည်သူအားလုံး လိုက်နာရမည့် အချက်များ ဖြစ်သည်။ ထုတ်ပြန်ချက်များသည် အများပြည်သူတို့အား အနေအထိုင် ကျပ်တည်းအခက်အခဲဖြစ်အောင် ထုတ်ပြန်ထားခြင်းမဟုတ်ပေ။ အများ ပြည်သူတို့ အကျိုးစီးပွားအတွက် ပြည်သူတို့ကို ကာကွယ် စောင့်ရှောက်ပေးနိုင်ရန်အတွက် အခြေအနေအချိန်အခါနှင့် လျော်ညီစွာ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

နိုင်ငံ့အရေးအတွက် ကိုယ်စီတာဝန်သိ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေ ဖော်ထုတ်ခြင်း၊ ကာကွယ်၊ ထိန်းချုပ်ရေး စီမံ ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍ စက်တင်ဘာလ၂ရက်နေ့က တာဝန်ရှိသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုတွင် ကိုဗစ်ရောဂါကူးစက်ခံရသည်ဟု မှန်းဆရ သည့်သူများ၏ အဆက်အသွယ်ကို လိုက်လံရှာဖွေခြင်းနှင့်ပတ်သက်ပြီး ပြည်သူများ၏ လက်ရှိအခြေအနေကို ထုတ်ဖော်ပြောကြားခဲ့သည်။

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့

,မြန်မာတို့၏ ၁၂ လရာသီပွဲတော်များအနက် ဝါခေါင်လတွင် ဘာသာရေး ယဉ်ကျေးမှုအစဉ်အလာ စာရေးတံပွဲကို ကြည်ညိုသဒ္ဓါပွားဖွယ် ပြုလုပ်ကြ သည်။ ကာလရွေ့လျောလာသည်နှင့်အမျှ စာရေးတံပွဲကို သိနားလည်သူ နည်းပါးလာ၍ ထိုဘာသာရေးအစဉ်အလာကို မမေ့ပျောက်အောင်ထိန်းသိမ်း ထားသင့်သည်။ ဝါခေါင်လပြည့်နေ့တွင် ရဟန်းသံဃာတို့ကိုရည်မှန်း၍ စာရေး တံပွဲအပါအဝင် ကုသိုလ်အပေါင်းစုတို့ကို နိုင်ငံတစ်ဝန်း ပြုလုပ်ကြသည်။

ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီ

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုမှာ နေ့စဉ်တိုးတက်မြင့်မား နေဆဲဖြစ်သည်။ ရောဂါ မပြန့်ပွားခင် လွန်ခဲ့သောလများက ရခိုင်ပြည်နယ် အတွင်း ကူးစက်မှုမရှိအောင် ထိန်းသိမ်းထားနိုင် ခဲ့သည်။ ယခုအခါ ပြည်တွင်းကူးစက်မှုပုံသဏ္ဌာန်ဖြစ်ပေါ်လာပြီး တစ်နိုင်ငံလုံး သို့ ရောဂါပြန့်ပွား မသွားစေရေးအတွက် ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခု စိတ်ချလုံခြုံမှု ရှိအောင် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနေသည်။

စေတနာ၊ မေတ္တာအကျိုးရလဒ်များခံစား

ဝေဒနာရှင်တစ်ဦးအား ဖြူစင်သည့်မေတ္တာ၊ စေတနာဖြင့် အထူးဂရုစိုက် ပြုစုပေးပါက ရောဂါဝေဒနာ ပိုမိုသက်သာလာသလို ခံစားကြရပါသည်။ ယနေ့ အချိန်အခါတွင် ကိုဗစ်-၁၉ ရောဂါဝေဒနာရှင်များ အပေါ်တွင် မေတ္တာ၊ စေတနာ၊ ကရုဏာ စသည့်မွန်မြတ်သောစိတ်ဆန္ဒများ ထက်သန်ကြီးမားစွာဖြင့် အထူးဂရုစိုက် ပြုစုစောင့်ရှောက်ပေးနေကြသည်ကို မြင်တွေ့နေရပါသည်။ ထို့ကြောင့် ရောဂါ ဝေဒနာသည်များ ဆောလျင်စွာ ပျောက်ကင်း ချမ်းသာလိမ့်မည်ဟု ယုံကြည်ပါသည်။

ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် စိန်ခေါ်မှုကျော်လွှား

မြန်မာနိုင်ငံတွင် အရေးကြီးကိစ္စပေါ်ပေါက်လာပါက ပြည်သူလူထုကို တင်ပြပြီး ပြည်သူနှင့်အတူ ပူးပေါင်း ဆောင်ရွက် ခြင်းသည် အထိရောက်ဆုံး ဖြစ်သည်ဟု ပြည်သူ့အစိုးရက ယုံကြည်ထားသည်။ ထိုယုံကြည် ချက်ဖြင့် မျက်မှောက်ကာလ၌ ဖြစ်ပွားကြုံတွေ့လာရသော အရေးကိစ္စများအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြည်သူသို့ ချက်ချင်းလက်ငင်းဖြေရှင်း အစီရင်ခံတင်ပြနေသည်ကို မြင်တွေ့နေရသည်။
Subscribe to ကြေးမုံ