Skip to main content

တန်ဆောင်မုန်းနှင့် မြတ်ကထိန်သင်္ကန်း

မြန်မာတို့၏ ၁၂ လရာသီတွင် တန်ဆောင်မုန်းလသည် ရာသီကူးပြောင်းစ ဆောင်းကာလဖြစ်သည်။ ယခင်က အလွန်ချမ်းအေးသောရာသီ၊ ယခုဆောင်း ဟူ၍သာ ဆိုလောက်သောရာသီဖြစ်သည်။ ကောင်းကင်၌ တိမ်လွှာကင်းစင် ပြီး ပတ်ဝန်းကျင်တစ်ခွင် ပန်းပေါင်းစုံလင် ဖူးပွင့်ဝေဆာသဖြင့် သာယာလှပ သည်။ တန်ဆောင်မုန်းလပြည့်ညတွင်ကား မိုးသားကြည်လင် နက္ခတ်စုံလင် တောက်ပသည်။ ။

ပြည်သူလူထုစောင့်ရှောက်မှု ပိုမိုမြှင့်တင်

ကလေးသူငယ်များနှင့် အမျိုးသမီးများမှာ အားနည်းသူများဟု ဆိုရမည် ဖြစ်သည်။ အားနည်းသော ကလေးသူငယ်များနှင့် အမျိုးသမီးများမှာ အကြမ်းဖက်ခံရနိုင်ခြေများသော အုပ်စုများအဖြစ် တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် ကလေးသူငယ်များနှင့်အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် ဥပဒေများပြဋ္ဌာန်းပြီး ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြ ရမည်ဖြစ်သည်။

လူ့သမိုင်းမှတ်တမ်းဖြင့် တိုင်းကျိုးပြည်ပြု

သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးလာ သောကာလတွင် ဆိုရှယ်မီဒီယာများသည် ပြည်သူများအတွက် လက်လှမ်း တမီ အချိန်နှင့်တစ်ပြေးညီ ဗဟုသုတ ရှာဖွေမျှဝေနိုင်သော အကျိုးရှိသည့် ကြားခံပစ္စည်းဖြစ်လာသည်။ ယင်းအချိန်အခါတွင် ပုံနှိပ်မီဒီယာ အပေါ် စိတ်ဝင်စားမှု လျော့ပါးလာသည်ဟုဆိုသော်လည်း မပစ်ပယ်နိုင်သေးသည့် အကျိုးရလဒ် ကောင်းများရှိနေသည်ကို သတိမူရမည်ဖြစ်သည်။ ။

ကလေးသူငယ်အခွင့်အရေးကာကွယ်

မျက်မှောက်ကာလတွင် လူမှုဘဝနယ်ပယ်၌ စီးပွားရေး၊ လူမှုရေး စသည့် အရေးကိစ္စအမျိုးမျိုးတို့ဖြင့် နိစ္စဓူဝ နေ့စဉ်နှင့်အမျှ အလုပ်ရှုပ်ကြသည် မှန်သော်လည်း မိမိတို့၏ရင်သွေး၊ မိမိတို့၏ကလေးသူငယ်များကို မေ့လျော့ပစ်ပယ်ထားခြင်း အလျင်းမပြုမိစေဘဲသတိပြုစောင့်ရှောက်ပေးသင့် ပေသည်။ ကလေးသူငယ်ဆိုသည်မှာ အသိမကြွယ်အားငယ်သောအရွယ်ဖြစ်၍ မဖြစ်သင့်မဖြစ်ထိုက်သော အမှုကိစ္စများမဖြစ်ရလေအောင် ဂရုစိုက် စောင့်ရှောက်ပေးကြရမည် ဖြစ်သည်။

ပညာရပ်များရှာဖွေ၍ တက္ကသိုလ်ဂုဏ်မြှင့်

တက္ကသိုလ်၏ အသက်သွေးကြော သည် သုတေသနလုပ်ငန်း ဖြစ်သည်။ သုတေသနလုပ်ငန်းအား ကောင်း သည့် တက္ကသိုလ်သည် နိုင်ငံတကာ တက္ကသိုလ်များအလယ်တွင် ဂုဏ်တင့်တယ်ပြီး တက္ကသိုလ်၏ အရည်အသွေး၊ အရည်အချင်း၊ ဂုဏ်ဒြပ်များ မြင့်မားတိုးတက်စေပါသည်။ ဂုဏ်ဒြပ် မြင့်မားသော တက္ကသိုလ်ဖြစ်ရေးတွင် ပညာသင်ကြားရေးသာမက သုတေသန၊ စာကြည့်တိုက်၊ ပုံနှိပ်ထုတ်ဝေရေးတိ

လူထုလှုပ်ရှားမှုဖြင့် ပြုမူပြောင်းလဲ

လူထုလှုပ်ရှားမှုသည် ပြည်သူလူထုတစ်ရပ်လုံးအတွက် အရေးပါအရာရောက် သော မဖြစ်မနေ ပြုမူပြောင်းလဲဆောင်ရွက်ကြသည့် လှုပ်ရှားမှုဖြစ်သည်။ လှုပ်ရှားမှုမှန်သမျှတွင် အဆင့်အမျိုးမျိုးရှိသော်လည်း ယခုကျွန်ုပ်တို့ ဆောင်ရွက်လျက်ရှိသည့် လူထုလှုပ်ရှားမှုသည် ကျန်းမာရေး၊ လူမှုရေးဘက် ဆိုင်ရာတွင် ပြည်သူလူထုသိရှိလိုက်ပါလာအောင်၊ အောင်မြင်မှုအဆင့်အထိ ရရှိလာအောင်၊ နောက်ထပ်တစ်ဖန် အားအင်များတိုးပွားလာအောင် လှုပ်ရှား ဆောင်ရွက်မှုပင် ဖြစ်သည်။

အနာဂတ်စီးပွားရေး ဦးမော့အောင်ကြိုးပမ်း

မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင်ကျင်းပသည့် (၄) ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP သဘောတူစာချုပ်၌ ပါဝင်လက်မှတ် ရေးထိုးနိုင်ခဲ့ပြီဖြစ်ရာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုဒေသ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် နိုင်ငံတကာ ကုန်သွယ်မှုတွင် ပါဝင်လုပ်ကိုင်ခွင့်ရလာတော့မည် ဖြစ်သည်

အခွင့်အခါရခိုက် ပညာဖွံ့ဖြိုးရေးအားထုတ်

“ဆရာ မပြ နည်းမကျ” ဥပမာစကားကဲ့သို့ မည်သည့်အသိပညာ၊ အတတ် ပညာတွင်မဆို၊ ပညာနှင့်ဆိုင်သော မည်သည့်အကြောင်းအရာကိစ္စတွင်မဆို အတွေ့ အကြုံများသော၊ အသိဉာဏ်ပညာမြင့်မားသော ဆရာသမားများ၏ လမ်းညွှန်ပြသပေးမှုမရှိလျှင် နည်းလမ်းမကျ အောင်မြင်မှုမရ ဖြစ်တတ်ပေသည်။ ဆရာသမားများ၏လမ်းညွှန်ပြသပေးမှုများကို စနစ်တကျနာယူရပါက “ဆရာကောင်းတပည့် ပန်းကောင်းပန်”ဆိုသကဲ့သို့ နယ်ပယ်အသီးသီး၌ အောင်မြင်ထင်ရှားသူများ ဖြစ်လာနိုင်ပါသည်။

အသက်ရှည်ကျန်းမာရေးအလေးထား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သောအချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ တစ်ဝန်း၌ ဆီးချို သွေးချိုရောဂါဖြစ်ပွားသူပေါင်း ၄၆၃ သန်းကျော်ရှိနေပြီး နှစ်စဉ် အဆိုပါ ရောဂါနှင့် ဆက်စပ်၍ သေဆုံးသူပေါင်း ၄ ဒသမ ၂ သန်းကျော်ရှိသည်ဟု သိရသည်။ နှစ်စဉ်ကမ္ဘာပေါ်ရှိ လူလေး သန်း ကျော်သည် ဆီးချို၊ သွေးချိုရောဂါကို အကြောင်းပြု၍ သေဆုံးရသည့်သဘောရှိနေသည်။

ဂုဏ်ယူဖွယ်ရွေးကောက်ပွဲ အောင်မြင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ စိန်ခေါ် မှုများကြား၊ အနှောင့်အယှက်၊ အတိုက်အခိုက်၊ အခက်အခဲများကြားမှ ရွေးကောက်ပွဲများကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့သည်မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူများ အားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် ဖြစ်သည်။
Subscribe to ကြေးမုံ