Skip to main content

လမ်းတံတား အခြေခံအ‌ဆောက်အအုံများ အကြမ်းဖက်ဖျက်ဆီးမှုဟူသမျှ ဆန့်ကျင်ရှုတ်ချ

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း စဉ့်ကိုင်မြို့နယ်အတွင်း မိုင်တိုင် (၃၇၂/၃-၃၇၁/၂၄) တွင် မသမာသူများက ယုတ်မာပက်စက်သော အကြံဖြင့် ရထားသံလမ်းဆက်ပြား၊ သံလမ်းဆက် မူလီများနှင့် သံလမ်းထိန်းကလစ်များကို  ဖြုတ်ယူဖျက်ဆီးထားမှုကြေင့် မြစ်ငယ်- ရွာသာကြီး ခရီးစဉ်ပြေးဆွဲနေသည့် ကုန်ရထားတစ်စင်း လမ်းချော်မှု ဇူလိုင် ၂၃ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် မြန်မာနိုင်ငံရထားပို့ဆောင်ရေးတွင် အဓိကကျသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းပေါ်၌ ရက

ဆီထွက်သီးနှံများအားလုံး ပန်းတိုင်ထွက်နှုန်းရရှိရေး

ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးရေး၊ စိုက်ဧကများ အားလုံးတွင် ပန်းတိုင်အထွက်နှုန်း များရရှိရေး၊ ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မိမိတို့နိုင်ငံ၏ နှစ်စဉ်စားသုံးဆီလိုအပ်ချက်မှာ တန်ချိန် ၁ ဒသမ ၁ သန်းခန့်ရှိပြီး ပြည်တွင်းဆီထွက်သီးနှံ ထုတ်လုပ်မှုက ဖြည့်ဆည်း မပေးနိုင်မှုကြောင့် စားသုံးဆီလိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရသည်။ နှစ်စဉ် ပြည်ပမှ စားသုံးဆီတန်ချိန် ၈ သိန်းခန့်ကို ပြည်တွင်း ဆီဖူလုံရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ဖိုးခန့် တင်သွင်းနေရခြင်းဖြစ်သည်။

ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချနိုင်ရေး ဝိုင်းဝန်းဖြေရှင်းပေး

ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် စီးပွားရေးလျင်မြန်စွာ တိုးတက်လာမှုနှင့်အတူ မြို့ပြနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာသည့်အလျောက် ပလတ်စတစ် အပါအဝင် စွန့်ပစ်ပစ္စည်းစီမံ ခန့်ခွဲမှုနှင့် ပတ်သက်၍ သိသာထင်ရှားသော စိန်ခေါ်မှုများကို ပိုမိုကြုံတွေ့ လာရသည်။ ပလတ်စတစ်အပါအဝင် စွန့်ပစ်ပစ္စည်းများအတွက် စနစ်ကျသည့် စီမံခန့်ခွဲမှုများကို ပြည်သူလုထု အတွင်း လိုက်နာမှု အားနည်းခြင်းကြောင့် စွန့်ပစ်ပစ္စည်းအား လမ်းများ၊ မြစ်၊ ချောင်း၊ အင်းအိုင် များတွင် အထိန်းအကွပ်မဲ့ စွန့်ပစ်လေ့ရှိကြသည့်အပြင်စွန့်ပစ်ပစ္စည်းများအား လဟာပြင်တွင် မီးရှို့ဖျက်ဆီးခြင်းကြောင့် လေထု၊ မြေထုနှင့် ရေထုတို့ကို ညစ်ညမ်းစေ လျက်ရှိသည်။

ပညာရေး အလေးထားရန်လို

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လူသားအရင်းအမြစ် ကောင်းမွန်ရန် လိုအပ်ကြောင်း သုတေသီ ပညာရှင်များက အဆိုရှိကြသည်။ နိုင်ငံသားတို့၏ အတွေးအခေါ် အယူအဆ၊ သဘောထားများ၊ အသိပညာ အတတ်ပညာနှင့် ကျွမ်းကျင်မှုများဖြင့် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် တည်ဆောက်ကြရခြင်းဖြစ်ရာ

ဖွံ့ဖြိုးတိုးတက်မှုအတွက် မြစ်တစ်စင်း၏ မိသားစု

မဲခေါင်မြစ်သည် မိုင်ပေါင်း ၂၇၀၀ ကျော် ရှည်လျားပြီး အာရှတွင် တတိယမြောက်၊ ကမ္ဘာတွင် ၁၂ ခုမြောက် အရှည်ဆုံးမြစ်ဖြစ်သည်။ မဲခေါင်မြစ်၏ မြစ်ဖျားခံရာဒေသသည် တရုတ်နိုင်ငံရှိ တိဗက် ကုန်းမြင့်ဒေသဖြစ်ပြီး တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘော ဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းသည်။ မဲခေါင်မြစ်၏ မြစ်ညာပိုင်းထက်ဝက်သည် တရုတ်နိုင်ငံအတွင်း တည်ရှိပြီး “လန်ချန်း”ဟု ခေါ်ဆိုကာ မြစ်အောက်ပိုင်း ထက်ဝက် ဖြတ်သန်းစီးဆင်းနေသော မြန်မာအပါအဝင်နိုင်ငံများက “မဲခေါင်”ဟု ခေါ်ဆိုကြခြင်းဖြစ်သည့်အတွက် လန်ချန်းသည် မဲခေါင်၊ မဲခေါင်သည် လန်ချန်းပင်ဖြစ်သည်။

စိုက်ပျိုးမွေးမြူကုန်ထုတ်တိုးမှ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မည်

မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် ကျေးလက်နေ ပြည်သူများဖြစ်ကြရာ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကျေးလက်ဒေသစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂) ရပ်တွင် “စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍ များကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး”ဟူသော စီးပွားရေးဦး တည်ချက်လည်း ပါဝင်ရာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုး တက်မှု တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးမှ စတင်ကြ ရမည်ဖြစ်သည်။

ပြည်ထောင်စုဖွား ညီအစ်ကိုမောင်နှမများ အလေးအနက်ခံယူအပ်သည့် ပြည်ထောင်စု စိတ်ဓာတ်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသည် ၇၅ နှစ်ပြည့်မြောက်ခဲ့ ပြီဖြစ်ရာ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို သက်သေ စိုက်ထူခဲ့သည့် အထိမ်းအမှတ်ဖြစ်သော ပြည်ထောင်စုနေ့သည် စိန်ရတုလွန် (၇၆) နှစ်မြောက်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ဂုဏ်ယူဖွယ်များစွာနှင့်အတူ သင်ခန်းစာယူဖွယ်များကိုလည်း တွေ့ရှိနိုင်သည်။ အတိတ်သမိုင်းတွင် မြန်မာနိုင်ငံတော်ကြီး ထွန်းလင်းတောက်ပခဲ့သည့် အခါသမယများသည် နိုင်ငံအတွင်း စည်းလုံးညီညွတ်ခြင်းဖြင့် တစ်သွေးတည်း၊ တစ်သံတည်း အင်အားခိုင်မာတောင့်တင်းခဲ့သော အချိန်များဖြစ်ပြီး မြန်မာတို့ ဘုန်းတန်ခိုးမှိန်သည့် ကာလသည် ဝါးအစည်းပြေသကဲ့ သို့ စည်းလုံးညီညွတ်မှု ပြိုကွဲသော ကာလပင်ဖြစ်သည်။ အဆုံးစွန်သော အခြေအနေတွင် လွတ်လပ်ရေးနှင့် အချုပ် အခြာအာဏာပိုင်ဆိုင်မှု ဆုံးရှုံးခဲ့ရပြီး ကျွန်သပေါက်ဘဝဖြင့် နိုင်ငံပျောက်ကွယ်သွားခဲ့ရသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အဂတိကင်းရှင်း၊ တာဝန်ကျေပွန်စွာဆောင်ရွက်

တရားမဝင်ကုန်သွယ်မှုများတွင် တာဝန်ကျဝန်ထမ်းများ ပါဝင်ပတ်သက်မှုမရှိစေရေး အထူးသတိပြုရန် ဇန်နဝါရီလ ၁၈ ရက်တွင် ကျင်းပသည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) တွင် ဦးဆောင်ကော် မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက အလေးအနက်မှာကြား သတိပေးခဲ့သည်။

အကြမ်းဖက်မှုများကို ဆန့်ကျင် အပြစ်မဲ့ပြည်သူများကို ကာကွယ်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဉ်များနှင့် နောက်ဆက်တွဲ နိုင်ငံရေးအပြောင်းအလဲများနှင့် အတူ လူသတ်အကြမ်းဖက်ဝါဒလည်း ပေါ်ပေါက်လာသည်။ စင်စစ်အကြမ်းဖက်ဝါဒသည် ဆန္ဒပြတောင်းဆိုမှုများဖြင့် စတင်သည့် အစောပိုင်းကာလမှာပင် စတင်သန္ဓေတည်ခဲ့ပြီး နောက်ပိုင်းတွင် တစ်ဆင့်ထက်တစ်ဆင့် ရင့်သည်ထက် ရင့်လာခဲ့ရခြင်း ပင်ဖြစ်သည်။

နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံ အပြည့်အဝပူးပေါင်းဆောင်ရွက်ရန်လို

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်အနီး မကြာမီက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံပြောကြား ခဲ့ရာ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား စက်တင်ဘာ ၁၉ ရက်တွင် ခေါ်ယူတွေ့ဆုံကာ ဖြစ်စဉ်ပကတိအခြေအနေမှန်ကို ရှင်းလင်းပြောကြား တုံ့ပြန် ခဲ့သည်။
Subscribe to မြန်မာ့အလင်း