နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်လင့် နေကြသော ပြည်သူများအဖို့ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း တွင် လူမှုကွန်ရက်စာမျက်နှာများ၌ တွေ့မြင်ရသည့် တိုက်ခိုက်မှု၊ ဖျက်ဆီးမှုပုံရိပ်များနှင့် သတင်းများမှာ ဝမ်းနည်းဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ပင် ဖြစ်သည်။ ထို့အပြင် လက်နက်ကိုင်ဆောင်ထား သူများမဟုတ်သည့် အရပ်သားအပြစ်မဲ့ ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားမှုမှာလည်း စိုးရိမ်ပူပန်စရာ ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်ချက်များနှင့် ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ် (၂၀၂၃)
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ‘‘ရခိုင်ပြည်နယ်စီးပွားရေး ဖိုရမ် (၂၀၂၃)”ကို အောက်တိုဘာလ ၂၂ ရက်(ယနေ့)တွင် ပြည်နယ်၏မြို့တော် စစ်တွေ၌ ကျင်းပပြီဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း ဒေသခံစွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရေးနှင့် ရခိုင်ပြည်နယ်၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများအတွက် ရည်ရွယ်ကျင်းပသည့် အဆိုပါဖိုရမ်တွင် ရခိုင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပညာရှင်သုံးဦးတို့က အဓိကဟောပြောဆွေးနွေးကြကာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ စီးပွားရေးပညာရှင်များ၊ လူငယ်များ ပါဝင်ဆွေးနွေးကြမည့် စကားဝိုင်းဆွေးနွေးပွဲ သုံးခုလည်း ပါဝင်မည်ဟု သိရသည်။
အမျိုးသားရေးအင်အား
မျက်မှောက်ကာလ နိုင်ငံတကာဆက်ဆံရေးတွင် အင်အားက အရေးပါသည်။ နိုင်ငံတစ်နိုင်ငံသည် အင်အားတောင့်တင်းသည့် (Strong State) လား၊ အင်အားနည်းသည့် (Weak State) လား၊ ဘက်ပေါင်းစုံမှာ အရေးနိမ့်နေသည့် (Failed State) လား၊ သို့မဟုတ် ဗုန်းဗုန်းလဲသွားပြီဖြစ်သည့် (Collapsed State) လား စသည်ဖြင့် အဆင့်ဆင့်ရှိသည်။ အင်အားကြီးလျှင် မျက်နှာကြီးရာ ဟင်းဖတ်ပါ၍ အင်အားနည်းလျှင် မြေနိမ့်ရာ လှံစိုက်ခံရမည်။ နာလန်မထူ၊ ဗုန်းဗုန်းလဲသည့်ဘဝဆိုပါက လူမလေး ခွေးမခန့် အဖြစ်သို့ ရောက်သွားမည်။
ကျိုးကြောင်းမဆီလျော်သည့် စွပ်စွဲမှု
အချိန်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရန် ရက်အနည်းငယ်မျှသာ လိုတော့သည့် အချိန်။ လက်တွေ့ကျကျ၊ နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပသွားမည့် အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားခေါင်းဆောင်အားလုံးသို့ လက်လှမ်းမီသမျှ အကုန်ဖိတ်ကြားထားသည်။ ပြည်ပနိုင်ငံများသို့လည်း ဖိတ်ကြားထားရာ အချို့လည်းလာမည်၊ အချို့လည်း အဓိကကျသည့်ကိုယ်စားလှယ်များ လွှတ်မည်ဟူ၍ အကြောင်းပြန်ထားသည်။
အနာဂတ်မဲခေါင်မြစ်ဝှမ်းပန်းခင်းကြီးအတွက် အဖူးအငုံလေးများအား ပျိုးထောင်ခြင်း
ကမ္ဘာဦးအစကပင် လူသားတို့သည် ရှင်သန်ရပ်တည်နိုင်ရန် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ မှီတင်းသဟဲပြု ပေါင်းဖက်နေထိုင်ခဲ့ကြရသည်။
ရော်ဘာကုန်ကြမ်းအရည်အသွေးမြင့်မားရေးနှင့်တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်ရေးကြိုးပမ်း
ရော်ဘာသည် စက်မှုကုန်ကြမ်းသီးနှံဖြစ်ပြီး နှစ်ရှည်ပင် အမျိုးအစား လည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ဧက ၁၆ သိန်းကျော် ရှိပြီး စိုက်ပျိုးဧက ထက်ဝက်ကျော်မှ နှစ်စဉ် ရော်ဘာစေးတန်ချိန် သုံးသိန်းကျော် ထွက်ရှိနေသည်ဟုဆိုသည်။ သို့ရာတွင် ပြည်တွင်းမှ ထွက်ရှိသည့် စက်မှုကုန်ကြမ်းဖြစ်သော ရော်ဘာကို ပြည်တွင်းမှသုံးစွဲ နိုင်မှုမှာ ၈ ရာခိုင်နှုန်းမျှသာ ရှိနေသည့်အတွက် ရော်ဘာကုန်ကြမ်း သုံးစွဲသော စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်။
တစ်စုတစ်စည်း အကိုးအကားပြုနိုင်ရေးအတွက် ခေတ်သစ်မြန်မာစာပေသမိုင်း
အင်းဝခေတ်ကို သတိုးမင်းဖျား အင်းဝရွှေနန်းတော်ကိုတည်ထောင်သည့် သက္ကရာဇ် ၇၂၆ ခုနှစ်မှစ၍ အင်းဝပျက်သည့် သက္ကရာဇ် ၉၀၀ ခန့် ကာလအတွင်း ဖြစ်သည်ဟု ပညာရှင်များက သတ်မှတ်ထားသည်။ အင်းဝခေတ်ကောင်းစဉ်ကာလတွင် စစ်မက်ကင်းဝေးကာ သာယာဝပြောသည့်အလျောက် စာပေထွန်းကားသည့် ကာလဖြစ်ပြီး ပေရွက်ပေါ်တွင် ကညစ်ဖြင့် စာရေးသည့်ခေတ် ဖြစ်ပေါ်လာခဲ့သည်ဟု
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကအကျဆုံးသောရန်သူနှစ်ရပ်
ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ခေတ်မီစက်မှုနိုင်ငံအဖြစ် ထူထောင်ရန်ကြိုးပမ်းမှုများ အောင်မြင်မှုမရရှိစေရန် အဓိကအဟန့်အတားနှစ်ရပ်ရှိသည်။ ၎င်းအဟန့်အတားနှစ်ရပ်တို့ ထုထည်ပမာဏကြီးမားစွာ ရှိနေသရွေ့၊ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းမှု မပြုလုပ်နိုင်သရွေ့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရန်ဆိုသည်မှာ မဖြစ်နိုင်လောက်အောင်ပင် ခဲယဉ်းမည်ဖြစ်သည်။ အဂတိလိုက်စားမှုနှင့် တရားမဝင်ကုန်သွယ်မှု တို့သည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ပြင်းပြင်းထန်ထန်ပိတ်ဆို့ ဟန့်တားလျက်ရှိသည့် မြေပေါ်ရန်သူများဟုဆိုနိုင်ပြီး ထိထိရောက်ရောက်တိုက်ဖျက်သွားရန် လိုအပ်လျက်ရှိသည်။
ကျေးလက်ပြည်သူများ ပညာရည်မြင့်မားရေး ဦးစားပေး၍ အားပေးမြှင့်တင်ကြရမည်
နိုင်ငံတော်တွင် အသိအလိမ္မာ ဉာဏ်ပညာချို့တဲ့၍ ဗဟုသုတ အတွေ့အကြုံ ကြွယ်ဝမှုမရှိသော နိုင်ငံသားများ၊ အမှားအမှန် ဝေဖန် ပိုင်းခြားခြင်းငှာ မတတ်နိုင်သောနိုင်ငံသားများ၊ စဉ်းစားဉာဏ် နည်းပါး၍ သူတစ်ပါးပြောသမျှကိုသာ လက်ခံလျက် နောက်ယောင် လိုက်တတ်သော နိုင်ငံသားများ၊ စိတ်ကူးကြံဆ တီထွင်တတ်သော စွမ်းရည်သတ္တိမရှိ နှလုံးရည်ကင်းမဲ့သော နိုင်ငံသားများ စသည်တို့ဖြင့်သာ ပြည့်နှက်နေပါမူ ထိုနိုင်ငံသည် လျင်စွာပြောင်းလဲ
ရည်ရွယ်ချက်ရှိရှိဖြင့်ဖြန့်ကြဲလိုက်သည့် အဆိပ်အတောက်များ
မြန်မာနိုင်ငံတွင် အသုံးများသည့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည့် “ဘာမှမမျှော်လင့်ပါနဲ့ (Don't expect anything!)” အမည်ရှိ ရုပ်ရှင်ဇာတ်လမ်းရိုက်ကူးခဲ့သူနှင့် ပါဝင်သရုပ်ဆောင် သူများကို ဖမ်းဆီးလိုက်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဟု သိရသည်။ isi Dhamma Youtube Channel နှင့် Tiktok တို့တွင် လွှင့်တင်ခဲ့သည့် အဆိုပါရုပ်ရှင်ဇာတ်လမ်းသည် မြန်မာလူမျိုးသရုပ်ဆောင်များနှင့် မြန်မာစကားပြောဖြစ်သည့် အတွက် မြန်မာနိုင်ငံအတွက် ရည်ရွယ်ထားသည်မှာ ထင်ရှားသည်။