Skip to main content

ကိုဗစ်-၁၉ ကာကွယ်ရေး လူတိုင်းအတွက် အချက်ပေးခေါင်းလောင်းသံ

ကိုဗစ်-၉ ရောဂါ ပြည်တွင်း ကူးစက်မှုမြင့်တက်လာခြင်းကြောင့် ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်း များကို မပျက်မကွက်၊ တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်လျက်ရှိသည်။ ကိုဗစ်-၁၉ကူးစက်မြန်ကပ်ရောဂါ ကာလ ကြာရှည်စွာ ကူးစက်ပျံ့နှံ့တည်ရှိနေမှုနှင့် ကာကွယ်ဆေးထိုးနှံ ပြီးစီးမှု စသည့်အကြောင်းများကို အခြေခံ၍ ရောဂါအပေါ်အလေး ဂရုမပြုခြင်းတို့ကြောင့် ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာ ခြင်းဖြစ်သည်ဟု ယူဆဖွယ်ဖြစ်သည်။

တိုင်းရင်းသားပြည်သူအားလုံး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအရသာကို ခံစားနိုင်ရေး

မငြိမ်းချမ်းက မဖွံ့ဖြိုး၊ ငြိမ်းချမ်းမှ ဖွံ့ဖြိုးမည်။ ငြိမ်းချမ်းခြင်း ဟူသည် ပဋိပက္ခတို့မရှိခြင်း၊ မုန်းတီးခြင်းနှင့် ရန်လိုတိုက်ခိုက်မှု တို့ ကင်းစင်ခြင်း၊ စိုးရိမ်ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတို့ ကင်းဝေးခြင်း၊ ယုံကြည်စိတ်ချမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် သဟဇာတဖြစ်မှုတို့ ဖြစ်တည် ထွန်းကားခြင်းဟူသည့် လက္ခဏာများ ပေါင်းစပ်ပါဝင်သည်။ ငြိမ်းချမ်းပြီး တည်ငြိမ်သည့် လူမှုအဖွဲ့အစည်းသည်သာ အပေါင်းလက္ခဏာဆောင်ပြီး ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာ အောင် တည်ဆောက်နိုင်မည်ဖြစ်သည်။

စာပေအဆိပ်မသင့်ကြစေလို

ရန်ကုန်မြို့ရှိ စာပေတိုက်တစ်တိုက်မှ ထုတ်ဝေသည့် စာအုပ် တစ်အုပ်နှင့်စပ်လျဉ်း၍ ပြည်သူလူထုအတွင်းမှ ဝေဖန်ကန့်ကွက် ရှုတ်ချမှုများ ပေါ်ထွက်လျက်ရှိသည်။ လူမှုကွန်ရက်စာမျက်နှာများ ပေါ်တွင်လည်း အဆိုပါစာအုပ်၏ မျက်နှာဖုံးပုံ၊ စာအုပ်ကိုဝယ်ယူရန်အတွက် စာပေတိုက်ရှေ့တွင် အမျိုးသမီးငယ် အများအပြား ပါဝင်သည့် တန်းစီနေသူများ စသည့်ပုံများတင်ထားသည်ကို တွေ့ရှိရပြီး မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေမည့် စာအုပ်ဖြစ်ကြောင်း ဝေဖန်သုံးသပ်ချက်များ ကိုလည်း တွေ့ရှိရသည်။

မဖြစ်မနေမြှင့်တင်သွားရမည့် မြန်မာ့ပညာရေး

မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာ‌ကောင်းလှအောင် အားနည်းနေပြီး မပြင်မဖြစ်ပြင်ရန် လိုအပ်နေသည်။ မိမိတို့နိုင်ငံ၏ ပညာရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မကြာခဏပင် အလေးအနက် တိုက်တွန်းပြောကြားလျက်ရှိသည်ကိုလည်း တွေ့ရှိရသည်။ ပညာရေးမြှင့်တင်မှု မဖြစ်မနေပြုလုပ်ရန်၊ အခြေခံအားဖြင့် နိုင်ငံသားအားလုံး အလယ်တန်းအဆင့် ပြီးဆုံးအောင်မြင်ရန် တို့သည် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေများအရ အမှန်တကယ် ဆောင်ရွက်ကြရမည့် လုပ်ငန်းများပင် ဖြစ်သည်။

အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်ရေး

နိုင်ငံတော်ကို ကာကွယ်ရန်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူကိုကာကွယ်ရန်မှာ တပ်မတော်၏တာဝန်ဖြစ်သည်။ ဤတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် တပ်မတော်သည် စွမ်းရည်မြင့်မားသည့် တပ်မတော် ဖြစ်ရန်လိုသည်။ မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေး အနေအထားနှင့် မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံရေး အခြေအနေအရပ်ရပ်တို့ကလည်း နိုင်ငံတော်၏ ကာကွယ်ရေး စွမ်းပကားဖြစ်သည့် တပ်မတော်ကို အင်အားတောင့်တင်း ခိုင်မာစေရန်နှင့် စွမ်းဆောင်ရည်မြင့်မားစေရန် မြှင့်တင်ရေးကို တောင်းဆိုလျက်ရှိပြီဖြစ်သည်။

အဖိုးတန်ရေ ခြိုးခြံချွေတာ

မြန်မာနိုင်ငံသည် မြစ်ချောင်းအင်းအိုင် ပေါများပြီး ရေသယံဇာတ ကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ လူတစ်ဦးတစ်နေ့လျှင် ရေချိုရရှိမှု ၁၆၄ ကုဗပေအောက် လျော့နည်းနေပါက ရေချိုရှားပါးမှု ခံစားနေ -ရခြင်းဖြစ်သည်ဟုဆိုရာ မြန်မာ့အိမ်နီးချင်းဖြစ်သော ထိုင်းက ၃၂၀ ကုဗပေ၊ အိန္ဒိယက ၁၅၆ ကုဗပေ ရရှိနေပြီး မြန်မာက ၁၀၃၂ ကုဗပေရရှိနေခြင်းဖြစ်သည်။ သို့ရာတွင် ခြောက်သွေ့ရာသီ သို့ ရောက်ရှိလာပြီး နေ့အပူချိန်များ မြင့်မားလာသည်နှင့်အမျှ သောက်သုံးရေ ရှားပါးခက်ခဲမှုများကို မြန်မာနိုင်ငံ ဒေသအများ အပြားတွင် ကြုံတွေ့ကြရသည်။ ။

ချွေတာကြစို့

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေတို့က ကမ္ဘာ့နိုင်ငံအသီးသီးကို ရိုက်ခတ်လျက်ရှိသည်။ နိုင်ငံတိုင်းတွင် အခက်အခဲကိုယ်စီ၊ စိန်ခေါ်မှုကိုယ်စီ ရင်ဆိုင်နေကြရခြင်း ဖြစ်သည့်အလျောက် လက်ရှိကြုံတွေ့နေကြရသည့် အကျပ်အတည်းများကို ကြံ့ကြံ့ခိုင်ခိုင် ခုခံနိုင်ကြရေးနှင့် အလျင်မြန်ဆုံး ရုန်းထွက် လွတ်မြောက်နိုင်ရေးအတွက် စီမံဆောင်ရွက်နေ ကြရသည်။

လူငယ်နှင့် အမျိုးသားယဉ်ကျေးမှု

ယဉ်ကျေးမှုဟူသည် လူမျိုးတို့၏ ဝိသေသလက္ခဏာများပင် ဖြစ်ပြီး နှစ်ပရိစ္ဆေဒ များစွာကပင် တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ထွန်း လာခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခုတွင် မိမိတို့ ရှင်သန် တည်ရှိရာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေထိုင် နိုင်ရန် အစီအစဉ်တကျ လမ်းညွှန်မှုများလည်း ဖြစ်သည်။ လူ့အဖွဲ့ အစည်းတစ်

အကုန်အကျနည်းအောင် အသုံးအစွဲကို ဆင်ခြင်

အကုန်အကျနည်းအောင် အသုံးအစွဲကို ဆင်ခြင်ခြင်းက ချွေတာခြင်းပင်ဖြစ်သည်။ မိမိတို့ တစ်ဦးချင်း အနေဖြင့် ဖြစ်စေ၊ မိသားစု အတွင်း၌ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံလုံးအနေဖြင့်ဖြစ်စေ အခြေအနေအရ လိုအပ်လာပါက ချွေတာကြရသည်။ ချွေတာခြင်းဟူသည် သုံးစွဲမှုကို ပိတ်ပင်တားမြစ်ခြင်းမဟုတ်ဘဲ စိစစ်၍၊ ဆင်ခြင်၍ သုံးစွဲခြင်းဖြစ်ပြီး အလေ့အထကောင်း တစ်ရပ် ဖြစ်သကဲ့သို့ အကျိုး ရလဒ်ကောင်း ကိုလည်း ရရှိစေသည်။

ညီညွတ်မှုဖြင့် အင်အားတည်ဆောက်

၁၈၈၆ ခုနှစ်မှစတင်ခဲ့သော မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသည် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆၊ ၁၉၄၇ ခုနှစ်များတွင် အရှိန်အဟုန် အမြင့်မားဆုံးသို့ ရောက်ရှိခဲ့သည်။ လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှု နောက်တွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး တစ်သွေးတည်း တစ်သားတည်း တည်ရှိကာ တစ်စိတ်တည်း တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုကြီး၏ လွတ်လပ်ရေး အရယူခဲ့ပုံများကို သမိုင်းဝင် မှတ်တမ်းများတွင် လေ့လာကြည့်ပါက ကြက်သီးမွေးညင်းထဖွယ်ရာ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့ကို တွေ့မြင်ကြရမည်ဖြစ်သည်။ ထို့အပြင် နယ်ချဲ့သမားတို့၏ ကောက်ကျစ်စဉ်းလဲ သလောက် လိမ္မာပါးနပ်လှသည့် ပရိယာယ်ကိုလည်း ထိုစဉ်က ပြည်သူတစ်ရပ်လုံး သိမြင်ခဲ့ကြသည်။
Subscribe to မြန်မာ့အလင်း