Skip to main content

အဓွန့်ရှည်ပါစေ တက္ကသီလာရေ

မြန်မာနိုင်ငံ၏ နှစ်တစ်ရာ အမှတ်တရများတွင် ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်သည် ပဓာန ကျသော အထိမ်းအမှတ်တစ်ခုဖြစ်ပါ သည်။ ထိုအထိမ်းအမှတ်သည် မြန်မာနိုင်ငံသားတို့အတွက် တန်ဖိုး ထား ထိန်းသိမ်းရမည့် အမွေအနှစ်တစ်ခုအဖြစ် ရှိနေပေသည်။ ။

ငြိမ်းချမ်းတဲ့ သိက္ခာရှိတဲ့ နိုင်ငံ

ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ဘ၀ရှင်သန်ရေးကို ရုန်းကန်နေရသူဖြစ်စေ၊ သက်သောင့်သက်သာ ဖြတ်သန်းနေရသူ ဖြစ်စေ စစ်မှန်သော သာယာအေးမြမှုထက် ပိုပြီး ဘာကိုမှ ပိုလိုချင် စရာမရှိ။ ရင်တွင်းက နှလုံးသား၏စကားသံကို ခဏတာ အချိန်ပေး နားထောင်ကြည့်လျှင် လူတိုင်းသည် ငြိမ်းချမ်းမှုကို မည်မျှမြတ်နိုး သည် ဆိုခြင်းကို ပိုမိုသတိပြုမိပါလိမ့်မည်။ ။

နှစ် ၁ဝဝ မြန်မာ့ရုပ်ရှင်ခရီး

ယခုနှစ် ၂၀၂၀ ပြည့်နှစ်သည် လွန်ခဲ့သောနှစ်တစ်ရာသမိုင်းကို အကြောင်း ပြု၍ပြောရမည်ဆိုလျှင် မြန်မာနိုင်ငံအတွက် အလွန်ထူးခြားသော နှစ်ဖြစ်၏။

လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့်ရှိသည်ဆိုပြီး

ဒီမိုကရေစီစနစ်ကို တည်ထောင်မည်ဆိုသည့် မျှော်မှန်းချက်ဖြင့် ပြည်သူလူထုအများစုက ရုန်းကန်ခဲ့ကြသည်။ ယခုအခါတွင် ဒီမိုကရေစီ အခွင့်အရေးများကိုလည်း ရာခိုင်နှုန်းအပြည့် မဟုတ်သော်လည်း အတော်အသင့် ရပြီဟုဆိုနိုင်ပါသည်။ အုပ်ချုပ်ရေး၊ ဥပဒေ ပြုပြင်ရေး၊ တရားစီရင်ရေးတို့တွင် ဒီမိုကရေစီအပြည့်အဝရရှိမှု နှင့် ပတ်သက်၍ အားထုတ်ကြိုးပမ်းစရာတို့ များစွာရှိသေးသည်ဆိုသော်လည်း လူတစ်ဦးချင်း၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၌ ယခင်ကာလများနှင့် နှိုင်းယှဉ်လျှင် များစွာတိုးမြင့်လာနေသည် ဆိုခြင်းကို အငြင်းပွားစရာမရှိဟု မြင်ပါသည်။

ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကြဖို့ဆိုလျှင်

ယနေ့ ကိုဗစ်ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းရသူ ၆၀၀၀ ကျော် ရှိပြီး စစ်ဆေးမှုပေါင်း ၁၂ဝဝဝ ကျော်တွင် လူပေါင်း ၁၄၀၀ တွင် -ကိုဗစ်ရောဂါပိုး တွေ့ရှိသည်ဟု သတင်းထုတ်ပြန်ပါသည်။ ပုံမှန် မဟုတ်သော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် ရင်ဆိုင်ရမည့် နည်းလမ်းကိုခက်ခဲစွာ ရွေးချယ်ရလေ့ရှိပါသည်။ အထူးသဖြင့် ရင်ဆိုင်ရသော ထိုအခြေအနေ သည် အခက်အခဲ၊ အကျပ်အတည်းများဖြင့် ရောပြွမ်းနေသည့်အခါ ဆုံးဖြတ်ရ ပိုမိုခက်ခဲတတ် သည်မှာ သဘာဝပဲဖြစ်ပါသည်။ လူတစ်ဦးချင်းအနေဖြင့် ရင်ဆိုင်ရခြင်းမဟုတ်ဘဲ လူ့မှုအဖွဲ့ အစည်းအနေဖြင့် ဖြေရှင်းရသည့်အခါ သာ၍၊ သာ၍ အကျပ်ရိုက်တော့သည်။

ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်

စီးပွားရေးတိုးတက်မြင့်မားရေးသည် နိုင်ငံတစ်ခု၏ နိုင်ငံသားတို့အတွက် အခြေခံကျသည့်လိုအပ်ချက်ဖြစ်၏။ ဒါက ငြင်းစရာမရှိသော အဆိုဖြစ်ပါသည်။ သို့သော်လည်း သည်ကနေ့ ပေါ်ထွက်လာ သည့်ကိုဗစ် ကပ်ရော ဂါက ကမ္ဘာ့နိုင်ငံအားလုံးကို စီးပွားရေးအကျပ် အတည်း ဘောင်အတွင်းသို့ တွန်းထည့်လိုက်၏။ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါပိုး၏ ကူးစက်ပြန့်ပွားမှုသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံကြား ပုံမှန်ကူးလူးဆက်ဆံမှု လုံးဝပြတ် တောက်သလောက် ဖြစ်သွားခဲ့မှု တစ်ခုတည်းကပင် နိုင်ငံတကာ စီးပွားရေးရာလုပ်ငန်းများ မည်မျှလောက် ကျပ်တည်းရပ်တန့်သွားမည်ဆိုသည်ကို မှန်းဆနိုင်ပါလိမ့်မည်။

မစိုးရိမ် မတုန်လှုပ်နှင့် သို့သော် မပေါ့ဆပါနှင့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သူ၏ဇနီးသည်တို့ ကိုဗစ်ရောဂါပိုး ကူးစက်ခံရကြောင်း၊ ၎င်းတို့နှစ်ဦးလုံး ရောဂါပိုးရှိသူများကို သီးခြားကန့်သတ် ထိန်းချုပ်ထားသည့်ဌာနတွင် သွားရောက်နေရမည်ဖြစ်ကြောင်း၊ အမေရိကန်သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန် ပါသည်။

နှလုံးသွင်းမှန်မှန် တာဝန်ကျေကျေ

ကိစ္စများမြောင် လူတို့ဘောင်ဆိုသည့်အတိုင်း ဘဝရှင်သန်နေထိုင် ရေးအတွက် မဖြစ်မနေလုပ်ဆောင်ရှိသည်များကို လုပ်ဆောင်နေကြရင်း ဗြုန်းဆိုပေါ်ပေါက်လာသည့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်ကြီးနှင့် ကြုံရသည့်အခါ ကိစ္စများ မြောင်ဆိုတာထက် မကနိုင်တော့။ ကိစ္စများမြောင်ထက်ပိုသော တွေးတောဆင်ခြင်ရသည်များ၊ သမားရိုး ကျ လုပ်နေရသည်ထက် ပိုမိုပြင်ဆင်ရသည်များ၊ ပုံမှန်ကြုံတွေ့နေကျများထက် ဖြေရှင်းရသည်များက ပိုလာတော့၏။ ထို့ပြင် ပုံမှန်နေ့စဉ်လုပ်ကိုင်နေရသည်တို့ထက် ပိုမိုလာသည့် မဖြစ်မနေ လုပ်ရမည်များက ပခုံးပေါ်ရောက်လာ၏။

လောကအရေးသည် ကိုယ့်အရေးလည်းဖြစ်၏

ကမ္ဘာကြီး၏ မည်သည့်နေရာ၌မဆို ပူလောင်စရာတစ်ခုခု ရှိနေပြီဆိုလျှင် မိမိနှင့်မဆိုင်ဟု သဘော ထား၍မရ။ တစ်နေရာရာတွင် လူတစ်ဦးဦး ဒုက္ခရောက်နေပြီဆိုလျှင်သူ့တစ်ယောက်တည်း၏ ဒုက္ခမဟုတ်၊ လူသား အားလုံးနှင့် သက်ဆိုင်နေသည့် ဒုက္ခ။

အသိဉာဏ်ဖြင့် စောင့်ရှောက်ခြင်း

ယနေ့သတင်းများအရ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၈၃၄၄ ဦးရှိလာပါသည်။ ဆေးပညာရှင်များ၏ အဆိုအရ ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှုက ဆက်လက်ရှိနေဦးမည်ဖြစ်ပြီး ပိုးတွေ့ လူနာသစ် အရေအတွက်သည်လည်း နေ့စဉ်တိုးလာနေဦးမည်ဟု ခန့်မှန်း ထားပါသည်။
Subscribe to မြန်မာ့အလင်း