သမိုင်းသင်တာ မအ အောင်လို့ ဟူသည့် သမိုင်းပါမောက္ခ ဆရာ ကြီး ဒေါက်တာသန်းထွန်း၏ စကားသည် မြန်မာနိုင်ငံ၌ ကျော်၏။ သမိုင်းကို ဂဃနဏ သိပါမှ ပစ္စုပ္ပန်ကို ခြေခြေမြစ်မြစ် နားလည် နိုင်မည်။ ပစ္စုပ္ပန်ကို ကျကျနန နားလည်ပါမှ အနာဂတ်အတွက် ပြင်ဆင်နိုင်မည် မဟုတ်ပါလား။ ။
ယောနိသောမနသီကာရ
ကမ္ဘာတစ်လွှား၊ မြန်မာနိုင်ငံတစ်လွှား၌ ကိုဗစ်ရောဂါကူးစက် ပြန့်ပွားပြီဟု သိသည့်ခဏတွင် လူတို့တွင် ပထမဆုံးဖြစ်ပေါ်သော ခံစားမှုမှာ စိုးရိမ်စိတ်ဖြစ်၏။ စိုးရိမ်စိတ်နှင့် တွဲကပ်လာသည်မှာ စိတ်ပူပန်မှု။
မျှော်လင့်ခြင်းတို့အတွက် ရွေးကောက်ပွဲများ
လူတို့သည် မျှော်လင့်ချက်ဖြင့် အသက်ရှင်နေကြ၏ဟူသည့် အဆို ရှိသည်။အမှောင်ထဲတွင်နေရသူက အလင်းရောင်ကို မျှော်သကဲ့သို့ နာကျင်ခံစားနေရသူတို့က ရွှင်လန်းကျန်းမာစေဖို့ အစရှိသဖြင့် အနာဂတ်ကို မျှော်လင့်ရင်းရှင်သန်နေကြ၏။ အလင်းရောင်အောက် တွင် နေရသူတို့ကလည်း ပိုမိုတောက်ပနွေးထွေးသည့် နေရောင်ကို မျှော်လင့်ကြ၏။ ရွှင်လန်းကျန်းမာသူကလည်း ကြွယ်ဝ ချမ်းသာ ဘဝကို မျှော်လင့်ကောင်း မျှော်လင့်နေကြမည်။ ။
မြန်မာ့ပညာရေးခေတ်သစ်သို့
လူ့ဘောင်လောကအစကာလမှ ယနေ့အထိ တိုးတက်ပြောင်းလဲလာသည့် လူ့ယဉ်ကျေးမှု သမိုင်းတွင် ပညာကဦးဆောင်၏။ သမိုင်းဦး ဘုံမြေခေတ်က ကျောက်လက်နက်ပစ္စည်း အသုံးအဆောင်များမှသည် ယနေ့ကိုင်တွယ်သုံးစွဲနေကြသော လက်ကိုင်ဖုန်း၊ ကွန်ပျူတာ အသီးသီး ထိသည် ပညာဖြင့် တည်ဆောက်ခဲ့သည်ဟု ဆိုသော် မှားအံ့မထင်။
ကိုဗစ်ရောဂါ ကာကွယ်ဆေး
ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုသည် ကမ္ဘာတစ်ဝန်းတွင် အတန်ငယ် နှေးကွေးသွားသလို၊ ငြိမ်ဆိတ်သွားသလို ရှိနေရာမှ ကူးစက်မှုအရှိန် ပြန်လည်မြင့်တက် လာခဲ့ပါသည်။ ထိုပြန်လည် လှုပ်ခတ်လာသည့် လှိုင်းဂယက်သည် နိုင်ငံအများအပြားကို အရှိန်ပြင်းစွာ ရိုက်ခတ်ပါလေသည်။ ။
နိုင်ငံရေးသီလ လုံခြုံမြဲမြံသော ခေါင်းဆောင်များ
ဒီမိုကရေစီစနစ်တွင် မိမိတို့ကို အုပ်ချုပ်မည့်အစိုးရကို မိမိတို့ ကိုယ်တိုင် ရွေးချယ်ခန့်အပ်ခွင့်သည် အလွန်မြင့်မားခံ့ညားသော အခွင့်အရေးဖြစ်ပါသည်။ ယင်းသို့ ခန့်အပ်နိုင်ဖို့အတွက် လွတ်လပ် သန့်ရှင်း၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပရ၏။ ထိုရွေးကောက်ပွဲများကတစ်ဆင့် ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခန့်အပ်ရ၏။ တိုင်းပြည်နှင့် နိုင်ငံသားတို့၏ အကျိုးကို တာဝန်ယူဆောင်ရွက်လိုသော နိုင်ငံရေး သမားတို့က ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်အရွေးချယ်ခံရင်း ပြည်သူလူထု၏အဆုံးအဖြတ်ကို ခံယူ၏။
နိုင်ငံရေးသီလ လုံခြုံမြဲမြဲသော ခေါင်းဆောင်များ

အဓွန့်ရှည်ပါစေ တက္ကသီလာရေ
မြန်မာနိုင်ငံ၏ နှစ်တစ်ရာ အမှတ်တရများတွင် ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်သည် ပဓာန ကျသော အထိမ်းအမှတ်တစ်ခုဖြစ်ပါ သည်။ ထိုအထိမ်းအမှတ်သည် မြန်မာနိုင်ငံသားတို့အတွက် တန်ဖိုး ထား ထိန်းသိမ်းရမည့် အမွေအနှစ်တစ်ခုအဖြစ် ရှိနေပေသည်။ ။
ငြိမ်းချမ်းတဲ့ သိက္ခာရှိတဲ့ နိုင်ငံ
ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ဘ၀ရှင်သန်ရေးကို ရုန်းကန်နေရသူဖြစ်စေ၊ သက်သောင့်သက်သာ ဖြတ်သန်းနေရသူ ဖြစ်စေ စစ်မှန်သော သာယာအေးမြမှုထက် ပိုပြီး ဘာကိုမှ ပိုလိုချင် စရာမရှိ။ ရင်တွင်းက နှလုံးသား၏စကားသံကို ခဏတာ အချိန်ပေး နားထောင်ကြည့်လျှင် လူတိုင်းသည် ငြိမ်းချမ်းမှုကို မည်မျှမြတ်နိုး သည် ဆိုခြင်းကို ပိုမိုသတိပြုမိပါလိမ့်မည်။ ။
နှစ် ၁ဝဝ မြန်မာ့ရုပ်ရှင်ခရီး
ယခုနှစ် ၂၀၂၀ ပြည့်နှစ်သည် လွန်ခဲ့သောနှစ်တစ်ရာသမိုင်းကို အကြောင်း ပြု၍ပြောရမည်ဆိုလျှင် မြန်မာနိုင်ငံအတွက် အလွန်ထူးခြားသော နှစ်ဖြစ်၏။