ယနေ့သည် ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်သည်မှာ နှစ်တစ်ရာပြည့်သောနေ့ ဖြစ်ပေသည်။ ရန်ကုန် တက္ကသိုလ် နှစ်တစ်ရာပြည့်ပြီဟူသည့်အသိက မြန်မာနိုင်ငံသားတို့ကို လွမ်းမောသွားစေပါသည်။ ရန်ကုန်တက္ကသိုလ် တွင် ကိုယ်တိုင်ကျောင်းတက်ခဲ့ဖူးသူများကလည်း အသီးသီးလွမ်းစရာတို့ကို ဖွဲ့နွဲ့ကြသည်။ လူချင်းတွေ့ကြ၊ ဆုံကြဖို့ ခက်ခဲနေသည့် ယခုလို ကိုဗစ်ကာလတွင် နည်းပညာတို့၏ အကူအညီဖြင့် လူမှုကွန်ရက်ပေါ်တွင် တွေ့ကြသည်။ တယ်လီဖုန်း၊ ကွန်ပျူတာတို့ ပေါ်ကတစ်ဆင့် တစ်ဦးချင်း နှစ်ဦးချင်းအစ၊ အစုအဖွဲ့အလိုက်ထိ၊ ကျောင်းတက်ခဲ့သူ သူငယ်ချင်းများ၊ နီးစပ်ရင်းနှီးခဲ့သူများ၊ ဆရာ ဆရာမများလည်း ပါဝင်တွေ့ဆုံကြ။ စကားလက်ဆုံကျကြ၊ င
ဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းသိမ်းကာကွယ်ရေး
နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ၂၄ နာရီအတွင်း ဓာတ်ခွဲစစ်ဆေးသူ ၁၇၉၂၄ ဦးအနက် ရောဂါပိုးရှိကြောင်း တွေ့ရှိ သည့် ဓာတ်ခွဲအတည်ပြုလူနာ ၁၃၄၄ ဦးရှိ၏။ ၂၄ နာရီ အတွင်း ကိုဗစ်ရောဂါကြောင့် တိမ်းပါးဆုံးရှုံးရသူ ၂၂ ဦးရှိ၏။ ကိုဗစ်စတင်ဝင်ရောက်ချိန်ကစ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း မှာ ရှစ်သောင်းရှစ်ထောင်နီးပါး ရှိသည်။ ရောဂါပျောက်ကင်းကာ ဆေးရုံမှ ဆင်းခွင့်ရသူ ခြောက်သောင်းခုနစ်ထောင်ကျော် ရှိနေ သည်။ စစ်ဆေးသူဦးရေနှင့် ရောဂါပိုးတွေ့ရှိသည်ဟု ဓာတ်ခွဲ အတည်ပြုထားသူဦးရေအချိုးမှာ ရာခိုင်နှုန်းအားဖြင့် ၇ ဒသမ ၅ ရာခိုင်နှုန်းနီးပါးဖြစ်၏။ ထိုအချိုး ရာခိုင်နှုန်း ၅ရာခိုင်နှုန်းအောက် သို့ရောက်အောင် အားလုံးသော ကျန်းမာရေးဝန်ထမ်းများက ကြိုးပမ်းနေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အထွေထွေအနေ အထားကို ဆန်းစစ်ပြီး ရောဂါပြန့်ပွားမှုကို လျှော့ချနိုင်ရန်နှင့် လုံးဝကင်းရှင်းရန်ကို အစွမ်းကုန်ကြိုးပမ်းနေကြခြင်းဖြစ်၏။
မေတ္တာတရား၊ ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စု
ငြိမ်းချမ်းသည့်နိုင်ငံ၊သာသနာရောင်ဝါထွန်းသည့်နိုင်ငံ၊ အယူဝါဒစုံ တို့ အတူတကွ ပွင့်လန်း နိုင်သည့်နိုင်ငံ၊ တောင်ပေါ်မြေပြန့်မခွဲ ပြည်ထောင်စုသားအားလုံး တန်းတူညီမျှ ရှိနိုင်၊ ခံစားနိုင် ကြသည့် နိုင်ငံပေါ်ထွန်းပါစေ စသည့်ဆုတောင်းများဖြင့် ပြည်သူတို့ မျှော်လင့်နေ ခဲ့ကြသည်မှာ နှစ်ရှည်ကြာခဲ့ပြီ။ ။
တရားမဲ့မှုကို တရားမျှတသော တရားစီရင်ခြင်းဖြင့်
ရွေးကောက်ပွဲပြီးဆုံး၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းရလဒ်များ ကြေညာပြီးသည့်နောက် ပြည်သူလူထုသည် ပြည်သူ့အစိုးရအဖွဲ့သစ်နှင့် နောက်ငါးနှစ်အတွက် အခြေခံမူဝါဒ လုပ်ငန်းစဉ်များကို မျှော်လင့်နေကြချိန်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသော ဦးထိုက်ဇော် လုပ်ကြံခံရသည်ဟု သိရသည်။ ဦးထိုက်ဇော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ ရှမ်းပြည်နယ် အမျိုးသား လွှတ်တော်အမှတ်(၁) မဲဆန္ဒနယ်မှ မဲအနိုင်ရကာ ရွေးချယ်ခံရသူ ဖြစ်ပါသည်။ သူ၏နေအိမ်ရှေ့တွင် မသမာသူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ကွယ်လွန်ခဲ့ရခြင်းဖြစ်ပါသည်။
အကြိမ်နှစ်ရာကျော် သတိပေးစကား
ပြည်သူလူထုကို အသိပေးရန်လိုအပ်သည့် အချို့သော သတင်း စကားတို့ကို အကြိမ်နှစ်ရာ သို့မဟုတ် အကြိမ်နှစ်ရာမက ပြောမည် ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခါအခွင့်သင့်တိုင်း ထုတ်ဖော်ပြောလေ့ရှိ၏။ လူထုကို စွဲမှတ်သွား စေချင်သည့်၊ ရင်ထဲစွဲကာ နားလည်သွားစေလိုသည့် သတင်းစကား တို့ကို ပြောပြီးဖြစ်သည့်တိုင် အထပ်ထပ်ပြောလိုသည်ဟု ဆိုလိုပါ သည်။ ထိုသတင်းစကားကို လေးနက်စေချင်သည့်သဘော။
ဥပဒေစိုးမိုးရေးနှင့် အဂတိကင်းသည့် တရားစီရင်ရေး
နိုင်ငံတိုင်းတွင် ဥပဒေစိုးမိုးရန်လို၏။ ဤသည်မှာ အထူးတလည် ရှင်းလင်းပြောပြနေစရာလိုမည် မဟုတ်ပါ။ ဥပဒေစိုးမိုးမှုသည် နိုင်ငံသားတို့၏ ကိုယ်စိတ်နှစ်ပါး လုံခြုံရေးအတွက် အရေးကြီး ဆုံးသော လိုအပ်ချက်ဟုဆိုလျှင်လည်း မှားမည်မဟုတ်ပါ။
ကိုဗစ်လှိုင်း၏ အရှိန်ကို မမေ့ကြပါနှင့်
ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုက အရှိန်ရှိနေဆဲ။ သည့်ထက်ပိုဆို ရလျှင် ရောဂါပိုး၏ အန္တရာယ်ကို ပေါ့ပေါ့ဆဆ သဘောထားလို့ မရသေး။ မိမိတို့သတိထားမှုကိုလျှော့လို့မရသေး။ မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှုက ရှိနေဆဲဖြစ်ပါသည်။
ပြည်သူလူထုနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်
ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် ဖြစ်စေ၊ ပြည်သူတို့ အကြား ထုတ်လွှင့်မျှဝေပေးနေသည့် သတင်းတု၊ သတင်းယောင်နှင့် လုပ်ကြံကောလာဟလများကြောင့် ဖြစ်စေ၊ ပြည်တွင်းကရော၊ ပြည်ပကရော မျှဝေနေသည့် မဲမပေးရေးဝါဒဖြန့်ချိမှုများက မည်သို့ပင်ပြောဆိုနေကြသည် ဖြစ်စေ၊ မြန်မာပြည်သူတို့က မဲရုံများသို့ သွားကာ မဲပေးကြခြင်းဖြင့် နိုင်ငံသားတစ်ဦးအနေဖြင့် ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြပြီးဖြစ်သည်။
ယုံကြည်မှုကို ပြည်သူ့မဲဖြင့် ပြကြပြီ
မြန်မာနိုင်ငံသားတို့မျှော်လင့်နေကြသော ရွေးကောက်ပွဲကြီး ကျင်းပပြီးစီးခဲ့ပြီ။ ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်တို့တွင် ပေးခဲ့သော မဲအရေအတွက် စာရင်းများကို စတင်ရေတွက်နေပြီလည်းဖြစ်၏။ ထိုမဲစာရင်း တို့၏ ရေတွက်ပြီးရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မကြာမီတွင် ကြေညာ ထုတ်ပြန် တော့မည် ဖြစ်ပါသည်။
အခက်အခဲများကို ဖြေရှင်းအောင်မြင်ခြင်း
အနုပါဒေါ၊ အနုပဃာတော။
သူတစ်ပါးကို မကဲ့ရဲ့ အပြစ်မတင်ရာ၊ သတ်ပုတ် မညှဉ်းဆဲ ရာ။ (ဓမ္မပဒ ဗုဒ္ဓဝဂ်)။
ပုထုဇဉ်လူသားတို့သဘာဝအမှားအယွင်းမကင်းကြ၊ လူတို့၏ ရင့်ကျက်မှုနှင့် ပညာပါရမီပေါ်မူတည်၍ ချို့က အပြစ်ကို ဖန်တလဲလဲရင်း အပြစ်နွံထဲက လွတ်ကင်းနိုင်ဘဲ နောင်တတစ်ဖန်ပူပင်ခြင်းများဖြင့် အကျိုးမဲ့စွာ နေ၏။ အချို့က မိမိအပြစ်မှ လွတ်ကင်းရေးကို အားထုတ်၏။ အချို့က အခြားသူ တစ်ပါးကို အပြစ်ရှာရင်း မိမိ အတွက် အမြတ်ထုတ်ရန် ကြိုးစာ၏။ အချို့က အမှားအယွင်းကို လက်ခံကာ မိမိ၏အပြစ်ကိုဝန်ခံ၏။ ထို့နောက် အမှားအယွင်း၏ ရင်းမြစ်ကိုသိအောင်ကြိုးစားကာ အမှားကို ပြင်ဆင်ရန် ကြိုးစာ၏။
