Skip to main content

၉-၄-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ မှတ်တမ်း

၂၉။ ပြည်ထောင်စုနေ့စဉ် သတင်းဌာနမှ သတင်း ထောက် ဦးကိုကိုလွင်က CDM နှင့်ပတ်သက်ပြီး ပြည်သူလူထုအများနှင့်သက်ဆိုင်သည့် ကျန်းမာရေး ကိစ္စဖြစ်ကြောင်း၊ CDM လုပ်သည့်အချိန်တွင် CDM လုပ်သည့် ဝန်ထမ်းများရှိသလို CDM မလုပ်သည့် ဝန်ထမ်းအချို့ လည်း ရှိပါကြောင်း၊ ဥပမာတစ်ခု ပြောရလျှင် တန့်ဆည် မြို့နယ်က ကံထူးမ ဆရာဝန် တစ်ယောက်ကဲ့သို့ ထိုဆရာဝန်များလိုလူများရှိလျှင် နိုင်ငံတော် စီမံအုပ် ချုပ်ရေး ကောင်စီအနေဖြင့် ဘယ်လိုမျိုး ဂုဏ်ပြုခြင်းမျိုးရှိပါသလဲ။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် အကြိမ်ကြိမ် သတိ ပေးနေသည့်ကြားက ယနေ့တိုင် CDM ပြုလုပ်နေ သည့် ကျန်းမာရေးဝန်ထမ်းများ၊ အထူး သဖြင့် ဆရာဝန်များနှင့် ပတ်သက်ပြီး နှစ်နာနေသည့်အတွက် ၎င်းတို့ကို မည်သို့အရေးယူမည်ကို သိလိုကြောင်း မေးမြန်းသည်။
Subscribe to SAC Press