၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကောင်းခြင်းအဖြာဖြာနှင့် ကျက်သရေမင်္ဂလာလွှမ်းခြုံတိုးတက်ဝေစည်သော နေ့တစ်နေ့ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မြန်မာပြည်တစ်ဝန်းသာမက ကမ္ဘာတစ်ဝန်းတွင်ပါ ငြိမ်းချမ်းသာယာမှုအပေါင်းကို ဆောင်ကြဉ်းစေရန်ရည်ရွယ်၍ ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ရုပ်ပွားတော်များတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရေစက်ချမဟာမင်္ဂလာ အခမ်းအနားကြီး ကျင်းပခဲ့သည်။
အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်ရေး
နိုင်ငံတော်ကို ကာကွယ်ရန်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူကိုကာကွယ်ရန်မှာ တပ်မတော်၏တာဝန်ဖြစ်သည်။ ဤတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် တပ်မတော်သည် စွမ်းရည်မြင့်မားသည့် တပ်မတော် ဖြစ်ရန်လိုသည်။ မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေး အနေအထားနှင့် မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံရေး အခြေအနေအရပ်ရပ်တို့ကလည်း နိုင်ငံတော်၏ ကာကွယ်ရေး စွမ်းပကားဖြစ်သည့် တပ်မတော်ကို အင်အားတောင့်တင်း ခိုင်မာစေရန်နှင့် စွမ်းဆောင်ရည်မြင့်မားစေရန် မြှင့်တင်ရေးကို တောင်းဆိုလျက်ရှိပြီဖြစ်သည်။
လူသားအရင်းအမြစ်ပေါ်ထွက်ရေး ပညာရည်မြှင့်တင်
ပညာသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးပါသည့်အရင်းအမြစ်ဖြစ်သည်။ ပညာဆင်ခြင် ဉာဏ်မြင့် မားတိုးတက်အောင် ပညာကိုအခြေခံ၍ စဉ်ဆက် မပြတ်ကြိုးစား အားထုတ်ရသည်။ စဉ်ဆက်မပြတ် သင်ယူနိုင်ရန်အတွက် အခြေခံပညာ၊ အဆင့်မြင့် ပညာတို့ကို တစ်ဆင့်ပြီးတစ်ဆင့် တတ်မြောက် အောင် လေ့လာဆည်းပူးကြရသည်။ နိုင်ငံတိုင်းသည် နိုင်ငံသားတိုင်း ပညာသင်ကြား နိုင်ရေးကို ဦးစားပေးဆောင်ရွက်ကြသည်။
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်
နိုင်ငံခြားရေးရာမူဝါဒကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးရာ မူဝါဒ ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒကို ရှင်းလင်းပြောကြားခဲ့သည်။