နိုင်ငံခြားရေးရာမူဝါဒကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးရာ မူဝါဒ ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒကို ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို လွတ်လပ်၍တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို စောင့် ထိန်းသည့် မူဝါဒ (၃) ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ-၄၁ တွင် ပြဋ္ဌာန်းထားသည်။ ပုဒ်မ (၄၂-က)တွင် နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမျှ စတင်ကျူးကျော် တိုက်ခိုက်ခြင်းမပြု၊ ပုဒ်မ(၄၂-ခ)တွင် နိုင်ငံတော်သည် နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့ဝင်မှတပ်ချခွင့် မပြုဟု နိုင်ငံလုံခြုံရေးနှင့်ပတ်သက်၍ နိုင်ငံတကာအပေါ်တွင်ထားရှိသည့်သဘောထားကို အတိ အလင်းပြဋ္ဌာန်းထားသည်။ ။
မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံကြီး နှစ်နိုင်ငံကြားတွင် မဟာဗျူဟာ ကျသည့်နိုင်ငံအဖြစ် ရပ်တည်နေသည်။ “ယင်းနှစ်နိုင်ငံနှင့် နယ်နိမိတ် ချင်းထိစပ်နေသည့် မြန်မာနိုင်ငံအနေဖြင့် အထူး သတိကြီးစွာဆက်ဆံရန် လိုအပ်သကဲ့သို့ ယင်းနှစ်နိုင်ငံနှင့် ဆက်ဆံရေးအပေါ်မူတည်၍ မိမိတို့ နိုင်ငံကို အခြားနိုင်ငံများက စိတ်ဝင်စားမှု များစွာရှိနေသည်ကို သတိပြုရမည်ဖြစ်
ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ထို့ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် နိုင်ငံခြားရေးမူဝါဒကို အထူးထိန်းသိမ်းဆောင်ရွက်နေ သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ချမှတ် ကျင့်သုံးခဲ့သည်။ စစ်အေးလွန်ကာလတွင် ကမ္ဘာပေါ်ရှိ နိုင်ငံများသည် မိမိတို့နိုင်ငံ၏ အကျိုးစီးပွား ကိုရှေးရှု၍ သီးခြားရပ်တည်နေထိုင် ခြင်း၊ အင်အားကြီးအုပ်စု တစ်ဖက်ဖက်သို့လိုက်ပါရပ်တည်ခြင်း တစ်မျိုးမျိုးကို ရွေးချယ်ခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏ပထဝီဝင်အနေအထားနှင့် အင်အား ကြီးအုပ်စုနှစ်ခု၏ အားပြိုင်မှုအနေအထားကို ဆင်ခြင်၍ မည်သည့် ဘက်မျှမလိုက်သည့် လွတ်လပ် ၍တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးခဲ့သည်။ အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်ကို သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
ယင်းမူကြီး (၅)ချက်ကို မြန်မာ့နိုင်ငံခြားရေးမူအဖြစ် ခေတ်အဆက်ဆက် တွင် ခိုင်မြဲစွာကျင့်သုံး ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ပထဝီဝင် အနေအထားအရထူးခြားသည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံနှင့် တရုတ်၊ အိန္ဒိယ အင်အားကြီး နိုင်ငံကြီးနှစ်နိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ထို့ကြောင့် နိုင်ငံ၏နယ်စပ်ဒေသများ ထာဝရ တည်ငြိမ်အေးချမ်းနေစေရန် အရေးကြီးသည်။ ထာဝရတည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်းချစ်ခင်သည့် အိမ်နီးနားချင်းဆက်ဆံရေး ထူထောင်သွားနိုင်ရေးကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။
တပ်မတော်သည် နှစ်နိုင်ငံဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်များကို အထူးကောင်း မွန်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည့် သမိုင်းရှိသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာသည်မှအစ အခြား နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် ထဲထဲဝင်ဝင်ပါဝင်လာနိုင်ခဲ့သည်။ အထူးသဖြင့် အိမ်နီး ချင်း ငါးနိုင်ငံနှင့် ဆက်ဆံရေးကို ခိုင်မြဲစွာထူထောင်နိုင်ခဲ့သည်။ လက်ရှိ ကာလတွင် အိမ်နီးနား ချင်းဆက်ဆံရေးကို ပိုမိုဦးစားပေး ဆက်ဆံရမည့် အချိန်အခါဖြစ်သည်။ မတူကွဲပြားသော နိုင်ငံ များနှင့်ဆက်ဆံရခြင်းဖြစ်၍ နိုင်ငံတစ်နိုင်ငံချင်းအပေါ်တွင် မူတည်၍ နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ် များအား ထိတွေ့ဆက်ဆံနိုင်ရေးမူကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် သွားကြရမည် ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းနေပြီး နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံတော်စီးပွားရေးသည် အရေးပါဆုံး ကိစ္စများဖြစ်၍ အိမ်နီးချင်းနိုင်ငံများနှင့် အစဉ်အလာမပျက် ချစ်ကြည်ရင်းနှီး စွာဆက်ဆံပြီး နိုင်ငံလုံခြုံအေးချမ်းရေး၊ နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံစီးပွား ရေး တိုးတက်ကောင်းမွန်ရေးတို့ကို ကြိုးပမ်းမြှင့်တင်ဆောင်ရွက်သွားကြရ မည် ဖြစ်သည်။ ယနေ့ အချိန်အခါတွင် မသမာသူတို့ကကောလာဟလသတင် အမှားအမျိုးမျိုးထုတ်လွှင့်ကာ နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်အောင် အားထုတ် နေသည်တို့ကို သတိချပ်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် အစဉ်အဆက်ခိုင်မာစွာကျင့်သုံးခဲ့သော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေ ထိုင် ရေး မူကြီး(၅)ချက်နှင့်အညီ နိုင်ငံအချင်းချင် ချစ်ကြည်ရင်းနှီးရေး၊နိုင်ငံအချင်းချင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင် ရေးကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ ။