နှစ်ခုစလုံး မသိကြသူများ
နံနက်မိုးလင်းပြီဆိုသည်နှင့် လူတိုင်းတစ်နေ့တာ လုပ်ငန်းဆောင်တာများကို စတင်ကြရသည်။ တကယ်တော့ လူတစ်ယောက်သည် နေ့စဉ်အသက်ရှင်သန်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေကြရပါသည်။ ထိုသို့ တစ်နေ့တာလုပ်ငန်း ဆောင်တာများကို လုပ်ကိုင်ဆောင်ရွက်ခြင်းဆိုသည်မှာ တစ်စုံတစ်ခုကို ရွေးချယ်ရခြင်းများနှင့် မေးခွန်းများကို ရင်ဆိုင်အဖြေပေးနေရခြင်း ဖြစ်ပါသည်။