Skip to main content

ပြည်ထောင်စု၏ အောင်ဆုမဏ္ဍိုင် လွတ်လပ်နိုင်ငံ ပြည်တိုင်းမြန်

စက္ကူဖြူစီမံကိန်းကို အတိုချုပ်ရှင်းပြရလျှင် မြန်မာနိုင်ငံ သည် လွတ်လပ်ရေးကို တင်းပြည့်ကျပ်ပြည့်ရမည် မဟုတ်ဘဲ ဗြိတိန်နိုင်ငံ၏ အထွတ်အထိပ် ဘုရင်/ဘုရင်မ၏ လက်အောက်တွင် မြန်မာနိုင်ငံသူ/ မြန်မာနိုင်ငံသားတို့ ရွေးကောက်တင်မြှောက်သော အစိုးရအဖွဲ့က တိုင်းပြည်ကို အုပ်ချုပ်မည်သာ ဖြစ်ပါသည်။ ဘုရင်/ဘုရင်မသည် မြန်မာ နိုင်ငံတော်၏ အထွတ် အထိပ် (Head of the State) ဖြစ်မည်။ သူ၏ကိုယ်စားလှယ်အဖြစ် ဘုရင်ခံကို မြန်မာ နိုင်ငံတွင် ထားရှိမည်။ ထို့ကြောင့် သမ္မတ မရှိနိုင်ပါချေ။ မြန်မာအစိုးရအဖွဲ့တွင် ရာထူးအမြင့်ဆုံးခေါင်းဆောင်သည် ဝန်ကြီးချုပ်အဆင့်သာလျှင် ဖြစ်မည်။ မြန်မာနိုင်ငံတွင် ဝန်ကြီးချုပ်နှင့် ဘုရင်ခံတို့ သူ့နေရာနှင့်သူ အမြင့်ဆုံး အာဏာကို လက်ဝယ်ကိုင်ရှိကြမည်။ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သည် လည်းရှိမည်၊ တစ်ဦးကိုတစ်ဦးလည်း ဘုရင်/ ဘုရင်မထံ အကြောင်းပြချက် ခိုင်လုံစွာ တင်ပြ၍ ဘုရင်/ဘုရင်မက လက်ခံအတည်ပြု လျှင် ဖြုတ်ချနိုင်သည်။ ဤသည်ကို ဓနသဟာယနိုင်ငံ (Commonwealth Country) ဟုခေါ်သည်။

တောင်တန်း-မြေပြန့် တန်းတူညီမျှ ပြည်ထောင်စုပန်းတိုင်

မျက်မှောက်ကာလ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အန္တိမရည်မှန်းချက်ပန်းတိုင်မှာ အေးချမ်း သာယာပြီး တိုးတက်အောင်မြင်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ခိုင်မာစွာ တည်ဆောက်ရေးပင်ဖြစ်သည်။ ဤပန်းတိုင်သည် တိုင်းရင်းသား ပြည်သူအားလုံး၏ မျှော်လင့်ချက် ပန်းတိုင်လည်း ဖြစ်သည်။ ပန်းတိုင်သို့ တက်လှမ်းနိုင်ရေးအတွက် လိုအပ်ချက်များမှာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီ
Subscribe to ပြည်ထောင်စုနေ့ အကြိုဂုဏ်ပြုဆောင်းပါး