Skip to main content

ဂုဏ်ယူဖွယ် မြန်မာ့ဆေးဝါးကဏ္ဍမြှင့်တင်

တစ်ချိန်သောကာလက အင်းစိန် ကြို့ကုန်း BPI ဆေးဝါးထုတ်လုပ်ရေးစက်ရုံမှ ဆေးဝါးအမျိုးမျိုးတို့သည် ထင်ရှားကျော်ကြားအသုံးများသော ဆေးဝါးအမျိုးမျိုးကို ထုတ်လုပ်နိုင်ခဲ့သည်။ ထိုစဉ်ကာလက ဈေးကွက်စီးပွားရေးစနစ်မဟုတ်သဖြင့် နိုင်ငံခြားဆေးဝါးများ မတွင်ကျယ်သော်လည်း နိုင်ငံခြားဆေးဝါးများနှင့် နှိုင်းယှဉ်လျှင် BPI ဆေးဝါးများမှာ အရည်အသွေးအရ သာလွန်ကောင်းမွန်သဖြင့် BPI  ဆေးဝါးများကိုသာ ပြည်သူများ အားထားသုံးစွဲခဲ့ကြသည်။

နိုင်ငံတော်အနာဂတ်အတွက် ပညာရေးကဏ္ဍဘက်စုံမြှင့်တင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်၌ နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များ၏ပညာရေးသည် ကောင်းမွန်အောင်မြင်သည့် ပညာရေးဖြစ်ရမည်ဟု ခံယူထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၁၂)ရပ်၏ နောက်ဆုံးဦးတည်ချက်တွင် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက်လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ဘက်စုံပညာရေးကဏ္ဍ မြှင့်တင်ရေး” ဟူသည့်အချက်ကို ချမှတ်ထားသည်။

လောင်စာစွမ်းအင်အစားထိုး မော်တော်ယာဉ်ကဏ္ဍသစ်စတင်

​​​​​​​နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များအသုံးပြုနိုင်ရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီက Pilot Project ကို အကောင်အထည်ဖော်နေသည်။ အဆိုပါစီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းခြင်းနှင့် အားသွင်းဌာနများ တည်ဆောက်ခြင်းတို့အား တစ်ပြိုင်တည်း အကောင်အထည်ဖော်ခဲ့သည်ကို တွေ့ရသည်။

စစ်မှန်သည့် ဒီမိုကရေစီစနစ်ကို အားလုံးပါဝင်တည်ဆောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ပထမအချက်တွင် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများအပါအဝင် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်” ဟု ဖော်ပြထားသည်။ ပဉ္စမအချက်တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟု ဖော်ပြထားသည်။

ဒီမိုကရေစီခေါင်းစဉ်တပ်၍ ခွဲခြားဆက်ဆံမှုကိုလက်မခံ

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို တည့်မတ်မှန်ကန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နေသော နိုင်ငံဖြစ်သည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ဦးတည်ချမှတ်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများ နှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆောင်ရွက်နေသည်။

စည်းလုံးညီညွတ်မှုဖြင့် အဖျက်အန္တရာယ်ဖယ်ရှား

စည်းလုံးခြင်းသည် အင်အားဖြစ်သည်။ စည်းလုံးခြင်းဖြင့် အန္တရာယ်ရန်စွယ်မှန်သမျှကို ဖယ်ရှားနိုင်သည်။ စည်းလုံးခြင်းဖြင့် အရာရာကိုတည်ဆောက်နိုင်သည်။ စည်းလုံးခြင်း၏တန်ဖိုးမှာ ကြီးလှပါသည်။ စည်းလုံးခြင်းသည် ကောင်းခြင်းလက္ခဏာ၊ အောင်မြင်ခြင်းအဖုံဖုံဖြစ်စေသည်။ ထို့ကြောင့် စည်းလုံးခြင်းကို ခိုင်မြဲအောင်တည်ဆောက်ကြရသည်။ စည်းလုံးညီညွတ်မှုပြိုကွဲသည်နှင့် မည်သည့်အသိုက်အဝန်းမဆို ပြိုကွဲပျက်စီးခြင်းသို့ ရောက်နိုင်ပေသည်။

စိုက်ပျိုးစီးပွားထွန်းကားရေး အားသွန်ခွန်စိုက်ဆောင်ရွက်

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်။ ပြည်သူအများစုမှာ ကျေးလက်တွင် နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများအား အများဆုံးလုပ်ကိုင်ကြသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှေးအစဉ်အဆက် လုပ်ကိုင်လာခဲ့ကြသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် နိုင်ငံ၏အဓိကလုပ်ငန်းဖြစ်သော်လည်း မျက်မှောက်ကာလတွင် ကျေးလက်နေ ပြည်သူအချို့မှာ အကြောင်းအမျိုးမျိုးဖြင့် အခြားလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင် လာကြသည်။

လုံခြုံရေးသတိအမြဲရှိမှ စိတ်အေးချမ်းသာ

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိဟုဆိုသော်လည်း မကောင်းမှုတို့ဟူသည် ဆိတ်ကွယ်ရာတွင် ကြံစည်လုပ်ဆောင်ကြသည်ဖြစ်၍ ဆိတ်ကွယ်ရာတို့ကိုသာမက အရာရာတွင် သတိအမြဲရှိဖို့ လိုအပ်မည်ဖြစ်သည်။ ထို့အပြင် မကောင်းမှုဟူသည့် အဖျက်လုပ်ရပ်တို့ကို ကျူးလွန်ရန်အတွက် သွေးထိုးလှုံ့ဆော်မှု၊ အားပေးကူညီမှု၊ လက်နက်နှင့်ငွေတို့သည် အဓိကတွန်းအားများဖြစ်သည်။ ထိုအန္တရာယ်ဖြစ်စေ နိုင်သောအရာများအား အထူးသတိထားဖို့ လိုအပ်မည်ဖြစ်သည်။

မိမိတို့ပိုင်ဆိုင်မှုမထိခိုက်ရန် ဥပဒေကိုသတိမူ

ယခုအခါတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားအား နှောင့်ယှက်ပြီး နိုင်ငံတည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရန်အတွက် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH က ဖြစ်ပေါ် လာသော NUG နှင့် ၎င်းတို့ဖွဲ့စည်းထားသော PDF တို့နှင့်လက်အောက်ခံ အဆက်အနွယ် အကြမ်းဖက်သမားတို့က နိုင်ငံတစ်ဝန်းတွင် အများပြည်သူဆိုင်ရာ တို့ကို ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း စသည်တို့ကို ကျူးလွန်ရန်အတွက် မြို့ပေါ်တွင် ပုန်းရှောင်၊ ခိုအောင်းရန်နှင့် အကြမ်းဖက်မှု ပြုလုပ်ရန် နေအိမ်၊ တိုက်ခန်းများကို ငှားရမ်း အသုံးပြုကြသည်ကို တွေ့ရမည် ဖြစ်သည်။

ကိုဗစ်စည်းကမ်းများကို တိကျစွာလိုက်နာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်အထိအား တစ်ဆက် တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာထားသည်။ အလုပ်ပိတ် ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ခြင်းဖြင့် ကိုဗစ်ရောဂါ ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရေးဖြစ်သည်။ ကိုဗစ်တတိယလှိုင်း ကာလ၌ အလုပ်ပိတ်ရက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ခြောက်ကြိမ်သတ်မှတ်ပေးခဲ့ပြီး ဖြစ်သည်။
Subscribe to "ကြေးမုံ,အယ်ဒီတာ့အာဘော်