Apr 02, 2024

နွေရာသီနေ့အပူချိန်များ မြင့်သည်ထက်မြင့်လာသည်နှင့်အမျှ သောက်ရေသုံးရေအတွက် အခက်အခဲတွေ့ရသည့်နေရာများတွင် ရေလှူဒါန်းကြရသည့်သတင်းများကို ပို၍တွေ့လာရသည်။ ရေရှားပါးသည့် နေရာဒေသများဟုဆိုလျှင် အများအားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မိုးနည်းရပ်ဝန်းဒေသကြီးကို မြင်ယောင်လေ့ရှိသော်လည်း ယခုအခါ နွေရာသီရောက်တိုင်း ရေအခက်အခဲ တွေ့ကြရသည့် ဒေသများတွင် ရှမ်းကုန်းပြင်မြင့်ဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းဒေသများကဲ့သို့သော ဒေသများမှ မြို့ရွာရပ်ကွက်များ ပါဝင်လျက်ရှိသည်ကိုလည်း တွေ့ရှိနိုင်သည်။ သို့ဖြစ်ရာ သာမန်အားဖြင့် ရေအရင်းအမြစ် ပေါများသည်ဟုဆိုသည့် မိမိတို့နိုင်ငံတွင် သောက်သုံးရေသည် နေရာတိုင်း၊ အချိန်တိုင်း ပေါများစွာရရှိနိုင်ခြင်းမရှိဘဲ ရာသီအလိုက် ရှားပါးပြတ်လပ်လေ့ရှိရာ ရေချိုအရင်းအမြစ်များ မပျက်မစီးအောင် ထိန်းသိမ်းရန်နှင့် ကောင်းမွန်ပြည့်စုံသည့် ရေစီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများကိုကျင့်သုံးရန် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
Apr 01, 2024
ယခုအချိန်ကာလသည် အလွန်ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလဖြစ်သည်။ မြန်မာပြည်ရာသီဥတုအနေဖြင့် မတ်လ၊ ဧပြီလနှင့် မေလတို့သည် ပူပြင်းသောကာလများဖြစ်သည်။ မြန်မာတို့၏ ၁၂ လရာသီကာလအားဖြင့် ကဆုန်၊ နယုန် ရာသီကာလသည် မနေနိုင်လောက်အောင် ပူပြင်းလှသဖြင့် “ကဆုန်-နယုန် ဆွေ့ဆွေ့ခုန်” ဟု အမွှမ်းတင်ထားသည်။ နွေရာသီကာလသည် ဖြစ်လေ့ဖြစ်ထဖြစ်သော်လည်း သာမန်အခြေအနေထက် ထူးခြားသည့်အပူဒဏ်ကြောင့် နောက်ဆက်တွဲအကျိုးဆက်များကို သတိပြုရမည်ဖြစ်သည်။
Apr 01, 2024
၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဝါသီးနှံဧက ၇၄၇၀၀၀ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ တစ်ဧကအထွက်နှုန်း ဝါပိဿာ ၇၀၀ ရရှိရေးအတွက် ဝါသီးနှံစိုက်ပျိုးရေးဇုန်အလိုက် တာဝန်ပေးအပ်ထားကြောင်း သိရသည်။ သဘာဝချည်မျှင်လုပ်ငန်းအခြေခံ MSME စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးအပါဆုံး စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ ပြည်တွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် တိုင်းဒေသကြီး၊ ပြည်နယ်ခြောက်ခု၏ ဝါစိုက်ပျိုးရေးဇုန် ၁၉ ခု၌ ဝါ ၆၁၂၇၁၂ဧက စိုက်ပျိုးထုတ်လုပ်ရန် စီမံဆောင်ရွက်ထားသည်ဟုလည်း သိရသည်။
Mar 30, 2024
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ လက်နက်ကိုင်ပဋိပက္ခများနှင့် ကျင်လည်လာခဲ့သည်မှာ ယခုအချိန်အထိ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသားများ၏ ဘဝများ၊ အသက်များ များစွာပေးဆပ်ခဲ့ရပြီးဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းပြည်ရှေ့သို့ ဖြောင့်ဖြောင့်တန်းတန်းမတက်နိုင်ဘဲ အောက်ကျနောက်ကျဖြစ်နေခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။
Mar 30, 2024

ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်နှင့်ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်တို့ကို ပြန်ကြားရေးဝန်ကြီးဌာနက မတ် ၁၃ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ တစ်လပြည့်မြောက်သည့်အချိန်တွင် စတင်အာဏာသက်ဝင်တော့မည်ဖြစ်သည်။ သို့ဖြစ်ရာ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး ရုပ်ရှင်ရုံတည်ထောင်ခြင်း၊ ရုပ်ရှင်ဆိုင်ရာအက်ပလီ ကေးရှင်းလွှင့်တင်ခြင်း၊ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းတို့ လုပ်ကိုင်နေသည့်လုပ်ငန်းများမှာ အဆိုပါအမိန့်များကို လိုက်နာကြရတော့မည်ဖြစ်သည်။
Mar 29, 2024

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး စုပေါင်းနေထိုင်ကြသော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ နှစ်ပေါင်းထောင်ချီ မရှိအတူရှိအတူ အေးအတူပူအမျှ အတူတကွနေထိုင်ကြပြီး ပြည်ပအန္တရာယ်ပေါ်ပေါက်လာပါက အတူလက်တွဲ တွန်းလှန်ခဲ့ကြသည်။ ပြည်တွင်း၌ ဖြစ်ပေါ်ခဲ့သောပြဿနာများကိုလည်း အတူလက်တွဲဖြေရှင်းခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီမှုဖြင့် အေးချမ်းစွာနေထိုင် ခဲ့ကြသည်။
Mar 29, 2024

ယနေ့မြန်မာပြည်သူတစ်ရပ်လုံး၏ လိုအင်ဆန္ဒမှာ ငြိမ်းချမ်းရေးပင်ဖြစ်သည်။ အကယ်၍ ငြိမ်းချမ်းရေးကိုမလိုလားဘဲ တိုက်ပွဲများကို လိုလားသူများရှိနေသည်ဆိုပါက ၎င်းတို့သည် နိုင်ငံနှင့်ပြည်သူမငြိမ်းချမ်းမှုအပေါ်တွင် အကျိုးစီးပွားဖြစ်နေသူများ သို့မဟုတ် မှန်မှန်ကန်ကန်၊ ဆင်ခြင်တုံတရားရှိရှိ စဉ်းစားမြော်မြင်နိုင်စွမ်းမရှိသူ စစ်သွေးကြွများသာလျှင်ဖြစ်နိုင်သည်။ တိုင်းတစ်ပါးလက်အောက် ကျွန်သပေါက်ဘဝတွင် တစ်နိုင်ငံလုံးငြိမ်သက်ခဲ့သမျှ အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံဘဝတွင် အကြောင်းရင်းခံအမျိုးမျိုးနှင့် လက်နက်ကိုင်အဖွဲ့ အစည်းအမျိုးမျိုးပေါ်ပေါက်လာခဲ့ပြီး ပဋိပက္ခတို့ ယနေ့တိုင်မပြီးဆုံးနိုင်သည်မှာလည်း ပြည်သူလူထုအဖို့ နားမလည်နိုင်စရာပင်ဖြစ်သည်။
Mar 28, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် “တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်” ဟူသည့်အချက်ကို ချမှတ်ထားသည်။ အဆိုပါရှေ့လုပ်ငန်းစဉ်နှင့်အညီ ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်ဖြစ်ထွန်းခဲ့သည်။
Mar 28, 2024
အစွန်းရောက် မိုးလေဝသဖြစ်စဉ်များဖြစ်သော မိုးရွာသွန်းမှုမူမမှန်ခြင်း၊ နေ့အပူချိန်များမြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည်တို့ကိုဖြစ်ပေါ်စေသည့် အယ်နီညိုဖြစ်စဉ်သည် အားအသင့်အတင့်အခြေအနေတွင်ရှိနေရာ ကမ္ဘာတစ်ဝန်းတွင် အယ်နီညိုအားနည်းလာသော်လည်း အပူချိန်ဆက်လက်မြင့်မားနေဦးမည်ဖြစ်သည်ဟု သတင်းများတွင် တွေ့ရ သည်။
Mar 27, 2024

မြန်မာနိုင်ငံသည် ကွဲပြားခြားနားသော ပထဝီအနေအထား၊ အသွေးအရောင်မတူသည့် တိုင်းရင်းသားလူမျိုးများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် အရေးသုံးပါးသည် အရေးအကြီးဆုံးအချက် ဖြစ်ပါသည်။ တပ်မတော်သည် သမိုင်းကြောင်းတစ်လျှောက်တွင် ထိုအရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး တိုင်းပြည်တာဝန်များကို ကျရာကဏ္ဍမှ ကျေပွန်စွာထမ်းရွက်လျက်ရှိပါသည်။