Jul 05, 2021
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးများ ပေါ်လာပြီးနောက် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု အရှိန်အဟုန်ဖြင့် ပြန်လည်မြင့်တက်လာသည်။ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး လေးငါးမျိုး ပေါ်ထွက်လာသည့်အနက်ဒယ်လ်တာဟုအမည်ပေးထား သည့်ပိုးက တစ်ကမ္ဘာလုံးတွင် ဗိုလ်စွဲသည်ဟု ဆိုရမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁ဝဝ နီးနီးတွင် ဒယ်လ်တာ ဗီဇပြောင်းရောဂါပိုးက ဝင်ရောက်ပျံ့နှံ့နေပြီဖြစ်သည်။
Jul 03, 2021
ယနေ့သည် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဖြစ်သည်။ ၁၉၂၃ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့သည့် အပြည်ပြည်ဆိုင်ရာ သမဝါယမ နေ့သည် ယခုနှစ်တွင် ရာပြည့်အကြိုကာလသို့ ရောက်ရှိခဲ့ပြီဖြစ် သည်။ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်ရေးအတွက် ဆန္ဒ တူညီသူများ အတူတကွ ပူးပေါင်းဆောင်ရွက်ကြသည့် သမဝါယမ အဖွဲ့အစည်းများသည် “အများအကျိုးအတွက် တစ်ဦးချင်းစီက၊ တစ်ဦးချင်းစီအကျိုးအတွက် အများက” အပြန်အလှန်အကျိုးပြုရေး ကို ဦးတည်ရည်ရွယ်ထားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ တစ်ကမ္ဘာလုံး တွင် ကျရောက်နေသည့်ယခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့၏ ဆောင်ပုဒ်မှာ " Rebuild Better Together" “လူမှုစီးပွားပိုမို တိုးတက်ကောင်းမွန်ဖို့၊ ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်စို့” ဟူ၍ ဖြစ်သည်။
Jul 01, 2021
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို စတင်လက်ခံကျင့်သုံးချိန်မှစ၍ အသိအမှတ်ပြု တရားဝင်မီဒီယာများ ရာဂဏန်းကျော်ရှိလာသည်။ မီဒီယာတစ်ခု ရပ်တည် ရှင်သန်ရေးမှာ လွယ်ကူသည့်အလုပ် မဟုတ်သော်လည်း စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ရပ်တည်ချက်အမျိုးမျိုးဖြင့် ငွေကြေးစိုက်ထုတ် လုပ်ကိုင်နေကြသည်။ ယနေ့အချိန်အခါတွင် စီးပွားရေး၊ လူမှုရေးအရ ရပ်တည်နိုင်သည့် မီဒီယာများ အနည်းငယ်သာရှိတော့ပြီး နိုင်ငံရေးကိုနောက်ခံပြု၍ နောက်ကွယ်မှငွေကြေး ထောက်ပံ့ပေးနေသော မီဒီယာများ အမြောက်အမြားရှိလာသည်။
Jul 01, 2021

ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသည့် သဘင်၊ ဂီတ၊ ရုပ်ရှင်လောကမှ အနုပညာရှင် ၂၄ ဦးတို့ကို ယမန်နေ့က အမှုရုပ်သိမ်းပေးလိုက်ရာ ၎င်းတို့၏ ပရိသတ်များ ဝမ်းမြောက် ဝမ်းသာ နှစ်ထောင်းအားရ ဖြစ်ခဲ့ကြသည်။ ၎င်းအနုပညာရှင်များသည် CDM လှုပ်ရှားမှုများ၊ ဆူပူဆန္ဒပြမှုများ၊ လူမှုကွန်ရက်မှတစ်ဆင့် ရေးသားမှုများပြုလုပ်ခဲ့ကြသော်လည်း ပြင်ပ ပယောဂတစ်စုံ တစ်ရာကြောင့် အဆိုပါလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ရသည်ဟု ယူဆရသဖြင့် အမှုဖွင့်တရားစွဲဆို ထားခြင်းမှ ရုပ်သိမ်းပေးလိုက်ခြင်းဖြစ်သည်။
Jun 30, 2021

ယနေ့ခေတ်သည် သတင်းအချက်အလက်များ အလွန်လျင်မြန်စွာ စီးဆင်းနေသောခေတ်ဖြစ်သည်။ အိုင်တီနည်းပညာ၏ ကျေးဇူး ဖြင့် ကမ္ဘာ့ချောင်ကြိုချောင်ကြားမှ သတင်းများသည်ပင် အရုပ်၊ အသံ၊ စာသားများဖြင့် စက္ကန့်ပိုင်းအတွင်း ပျံ့နှံ့သွားနိုင်သော ခေတ်လည်းဖြစ်သည်။ သတင်းအချက်အလက် များ၊ ဖြစ်ရပ်များကို အများပြည်သူထံသို့ မီဒီယာနည်းလမ်းမျိုးစုံဖြင့် ပေးပို့ရာတွင် သတင်းမီဒီယာ အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေကြသည့် ပညာရှင်များမှာ ကျင့်ဝတ်ကို စောင့်ထိန်းကြရ သည်။ အများပြည်သူထံ ပို့ဆောင်ပေးလိုက်သည့် သတင်းအချက်အလက်များ၏ တိကျမှန်ကန်မှု အတွက် တာဝန်ယူကြရသည်။ သတင်း ရယူသူ ပြည်သူများအနေဖြင့် သတင်းအချက်အလက်များ မှန်မှန်ကန်ကန် ရရှိမှသာ ၎င်းတို့၏ ပတ်ဝန်းကျင်ကိုဖြစ်စေ၊ ကမ္ဘာလောကကြီးကိုဖြစ်စေ မှန်ကန်စွာ နားလည်နိုင်မည်ဖြစ်သည်။
Jun 26, 2021
ယနေ့သည် (၃၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်သည်။ ဤနေ့တွင် လူသားမျိုးနွယ် တစ်ရပ်လုံးကို လူညွန့်တုံးအောင် ဖျက်ဆီးလျက်ရှိသော မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား သုံးစွဲမှုများကို ကမ္ဘာ့နိုင်ငံအသီးသီးက အသိပညာပေးပိုင်းဝန်းလှုံ့ဆော် ပေးကာ ထိရောက်စွာတိုက်ဖျက်နိုင်ရေး ဆောင်ရွက်ကြခြင်းကို ရည်ညွှန်းသောနေ့ ဖြစ်သည်။
Jun 25, 2021
“အာရှ-ပစိဖိတ်ဒေသဟာ ပထဝီနိုင်ငံရေးအနေအထားအရ ကမ္ဘာပေါ်တွင် လွန်စွာအရေးပါသော ဒေသတစ်ခုဖြစ်ကြောင်း၊ အာရှ-ပစိဖိတ် ဒေသဟာ ကမ္ဘာ့စီးပွားရေး ဈေးကွက်၏ သုံးပုံတစ်ပုံ ခန့်ကိုလည်း ပိုင်ဆိုင်ထားပြီး အရေးပါတဲ့ အဓိကပင်လယ် ရေလမ်းကြောင်းများတည်ရှိရာ ဒေသတစ်ခုလည်း ဖြစ်ကြောင်း” ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပသည့် (၉)ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးညီလာခံ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဆွေးနွေးရာ၌ ပြောကြား ခဲ့သည်။
Jun 25, 2021
မြန်မာနိုင်ငံတွင် သစ်တောများပြုန်းတီးရခြင်း၏ အဓိက အကြောင်းရင်းများတွင် သစ်များ အလွန်အကျွံထုတ်ယူခြင်း၊ တရားမဝင်သစ်ခိုးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင် လာခြင်း၊ မြို့သစ်များတိုးချဲ့ တည်ဆောက်လာခြင်း၊ ထင်း၊ မီးသွေးလောင်စာ လိုအပ်ချက် မြင့်မားလာခြင်း စသည်တို့ပါဝင်သည်။ မြန်မာနိုင်ငံ သစ်တောများ နှစ်စဉ်ပျက်စီးဆုံးရှုံးမှုမှာ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိရာ သစ်တောများ ပြုန်းတီးခြင်း၏ အကျိုးဆက်အဖြစ် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကို ရင်ဆိုင် ကြုံတွေ့နေရသည်။
Jun 24, 2021
ယနေ့အချိန်ကာလတွင် မြို့ရွာများ၌ မတည်ငြိမ်မှုများနှင့်အတူ ပြည်သူများအား အန္တရာယ်ပြုသော အမှုကိစ္စများ နေ့စဉ်ကြားသိနေရသည်။ ရပ်ရွာများအတွင်း အေးချမ်းစွာနေထိုင်ကြသော ပြည်သူများ အား အစွန်းရောက်နိုင်ငံရေးသမားများ၊ အစွန်းရောက်အကြမ်းဖက်သူများ၊ မသမာသူများက ငွေပေး စေခိုင်းသည့် အဖျက်သမားများ၊ ဒုစရိုက်သမားလူမိုက်များလက်ချက်ကြောင့် အပြစ်မဲ့ပြည်သူများ အမြောက်အမြား ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့ကြသည်ကို ကြားသိနေရသည်။
Jun 24, 2021

နယုန်လပြည့်နေ့ကိုမဟာသမယအခါတော်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်တို့က အလေးအမြတ် ထားကြသည်။ ငါးရာသော ရဟန္တာမထေရ်မြတ်တို့နှင့်တကွ မြတ်စွာဘုရားကို ဖူးမြော်ကန်တော့ရန် လာရောက်ကြသော နတ်အပေါင်းတို့၏ အစည်းအဝေး၌ ထိုသို့လာရောက်သော နတ်ဗြဟ္မာ အပေါင်းတို့၏အမည်ကို ဖော်ပြရာဖြစ်သော မဟာသမယသုတ္တန်တရားတော်ကို မြတ်စွာဘုရားသည် သက္ကကိုင်း ကပ္ပိလဝတ်ပြည်အနီး မဟာဝုန်တောအရပ်၌ ဟောကြားတော်မူခဲ့သည်။ မဟာသမယ ဟူသည် ကြီးကျယ်မြင့်မြတ်သည့် အချိန်အခါဟု အနက်အဓိပ္ပာယ်ရသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့် တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူပြီးကုန်သော ရဟန္တာငါးရာတို့၏ ထူးခြား ကြည်ညိုဖွယ်ရာ သံဃာ့အစည်းအဝေးကို ဖူးမြင်ရန် လာရောက်ကြကုန်သော နတ်၊ ဗြဟ္မာများ၊ အသူရာ၊ ဂဠုန်၊ နဂါးတို့ မဟာဝုန်တောသို့ စုရုံးရောက်ရှိနေခဲ့သည့် ထိုအချိန်အခါသည် မဟာ သမယပင်ဖြစ်သည်။