Feb 14, 2021

စိတ်ကောင်းရှိဖို့က ပထမ၊ ဝိနည်းလေးစားဖို့ကဒုတိယ၊ ကျန်းမာဖို့က တတိယ၊ သန့်ရှင်းဖို့က စတုတ္ထ၊ အဝတ်အစားဝတ်တတ်ဖို့က ပဉ္စမ၊ အနေအထိုင်တတ်ဖို့က ဆဋ္ဌမ၊ အပြောအဆိုတတ်ဖို့က သတ္တမ၊ အသွားအလာတတ်ဖို့က အဋ္ဌမ၊ စည်းကမ်းလိုက်နာဖို့က နဝမ၊ စာတတ်ဖို့က ဒသမဟူသော ဩဝါဒလမ်းစဉ် (၁၀) ချက်ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်ရှိ တပည့်သား သံဃာများ လိုက်နာကြရန် ကျေးဇူးတော်ရှင် ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက ချမှတ်ခဲ့ရာ ယနေ့တိုင် တပည့်သားသံဃာအဆက်ဆက်တို့က လိုက်နာကျင့်သုံးခဲ့သည့်အတွက် မဟာဂန္ဓာရုံကျောင်းသည် ပြည်တွင်းမှာသာမက ပြည်ပသို့တိုင်အောင် ထင်ရှားကျော်ကြားသည်။
Feb 05, 2021
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးအသီးသီး တို့သည် ရှေးပဝေသဏီကာလကတည်းက အမိမြေပေါ်တွင်နေ၊ အမိရေကိုသောက်၍ နှစ်ပေါင်း များစွာ အတူတကွရှင်သန်ရပ်တည်နေထိုင် ကြီးပြင်းလာကြသူများ ဖြစ်သည်။ မရှိအတူရှိအတူ အေးအတူပူအမျှအတူတကွ နေထိုင်လာခဲ့ကြပြီး တစ်မိသားစုအတွင်းမှ ပေါက်ဖွားဆင်းသက် လာသော တစ်အူထုံဆင်း ညီရင်းအစ်ကို မောင်ရင်းနှမသဖွယ် ရပ်တည်ခဲ့ကြသည်။
Feb 05, 2021

မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းသားအရွယ် လူငယ်များအတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု မြင့်တက်နေကြောင်း လွန်ခဲ့သည့် နှစ်အနည်းငယ်က ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ရပ်က ဆိုသည်။ စီးကရက်၊ ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးပါသည့် ကွမ်းစားခြင်း၊ ဆေးရွက်ကြီးငုံခြင်း စသည့်အမူအကျင့်အားလုံးမှာ ဆေးရွက်ကြီးတွင် ပါဝင်သည့် နစ်ကိုတင်းဓာတ်ကို စွဲလမ်းမှုကြောင့်ပင်ဖြစ်သည်။
Jan 29, 2021

ကိုဗစ်-၁၉ ရောဂါ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများ၌ စီးပွားရေးလုပ်ငန်းအများစု တုံ့ဆိုင်းခြင်း၊ ရပ်တန့်ခြင်း၊ ဖျက်သိမ်းခြင်းအဖြစ်မျိုးနှင့် ကြုံခဲ့ရသည်။ အချို့ လုပ်ငန်းများမှာ ခေတ္တ၊ အချို့ လုပ်ငန်းများမှာ တစ်ဝက်တစ်ပျက်၊ အချို့လုပ်ငန်း များမှာ အပြီးတိုင်ဖျက်သိမ်းမှုများရှိခဲ့သည်။ အားလုံးအတွက် စိတ်မကောင်းဖွယ်ဖြစ်သည်။ သို့သော် စိတ်ပျက်အားငယ်ခြင်းမရှိဘဲ ကိုဗစ်-၁၉ အလွန်တွင် စီးပွားရေး ပြန်လည်ဦးမော့အောင် ကြိုးပမ်း အားထုတ်ကြရမည် ဖြစ်သည်။
Jan 29, 2021

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြန်မာနိုင်ငံတွင်း၌ စတင် ထိုးနှံနေပြီဖြစ်သည်။ အခြားသော ကမ္ဘာ့နိုင်ငံများကဲ့သို့ပင် လက်ဝယ်ရရှိထားသော ကာကွယ်ဆေးနှင့် ထိုးနှံရန်လိုအပ်သည့် လူအရေအတွက် မမျှမတဖြစ်နေသည့်အတွက် မည်သို့သောသူများကို ပထမဆုံး စတင်ထိုးနှံမည် ထို့နောက် မည်သူတို့ကို ဆက်လက် ထိုးနှံမည် စသည့် ကာကွယ်ဆေးထိုးနှံရေး ဦးစားပေးအစီအစဉ်များ ရေးဆွဲကာ အကောင်အထည်ဖော်နေခြင်း ဖြစ်ပါသည်။
Jan 27, 2021

လွတ်လပ်ရေးရပြီးသည့်နောက် မြန်မာနိုင်ငံကို မည်သို့ထူထောင် ကြမလဲဆိုသည်နှင့် ပတ်သက်၍ အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းက “စီးပွားရေးတိုးတက်မှုကို စုပေါင်းပြီး စနစ်တကျ စီစဉ်နိုင်မယ့် ပြည်ထောင်စုမျိုးဖြစ်ရလိမ့်မယ်။ ဒါမှ လူမျိုးအားလုံး တိုင်းသူပြည်သား အများဆုံး တိုးတက်မှုကို လုပ်နိုင်မှာပဲ။ ပေါင်းတယ် ဆိုတာ အချင်းချင်း ကောင်းကျိုးရှိအောင် ပေါင်းကြတာဖြစ်ပြီး ဆိုးကျိုး ရှိအောင် ပေါင်းတာမျိုး ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။” ဟု ၁၉၄၇ခုနှစ် မေလ ၁၉ ရက် ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံတွင် မိန့်ကြားခဲ့ ဖူးသည်။
Jan 27, 2021

ယခုအချိန်အခါသည် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးအနေဖြင့် အတိတ်သမိုင်းက အဖြစ်အပျက်အတွေ့အကြုံများကို သင်ခန်းစာယူ၍ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ အကြွင်းမဲ့ချုပ်ငြိမ်းကာ ရေရှည်တည်တံ့ ခိုင်မြဲသည့် စစ်မှန်သောငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည့် အချိန်အခါဖြစ်သည်။ ညီရင်းအစ်ကိုမောင်နှမအရင်းစိတ်ဓာတ်ဖြင့် ညီညီ ညွတ်ညွတ် ဝိုင်းဝန်းအကောင်အထည်ဖော်ရမည့် အချိန်အခါကောင်း ဖြစ်သည်။
Jan 24, 2021

စေတနာသည် လုပ်ဆောင်မှုဖြစ်၏။ စေတနာသည် အကြောင်းရင်းခံ၏။ စေတနာသည် ကံမည်၏။ ကောင်းသောစေတနာသည် အကျိုးပေးသန်၏။ စေတနာသည် အကောင်းချည်းမဟုတ်၊ မကောင်း စေတနာ၊ ကောင်းစေတနာ ရှိ၏။ မကောင်းသောစေတနာသည် မကောင်းသောအကျိုးပေး၏။ ကောင်း သောစေတနာသည် ကောင်းသောအကျိုးပေး၏။ ယနေ့ မြန်မာနိုင်ငံတွင် ကောင်းသောစေတနာများ ပွားများကြ၍ ကောင်းကျိုးမင်္ဂလာများ တိုးပွား လာ၏။
Jan 24, 2021

ရုတ်ခြည်းပေါ်ပေါက်လာသည့် ဗိုင်းရပ်စ်ပိုးနှင့် ကပ်ရောဂါတစ်ခုကြောင့် လူတို့၏ ပုံမှန်အနေအထိုင်၊ အပြုအမူတို့ ပြောင်းလဲ သွားကြကာ လူမှုဘဝနေထိုင်မှုပုံစံသစ်အဖြစ် ပြောင်းလဲလာ ခဲ့သည်မှာ နှစ်ပေါက်ခဲ့ပြီ။
Jan 22, 2021
နှစ်ဦးကာလအတွက် သတင်းကောင်းမှာ ယနေ့ဆိုလျှင် မြန်မာနိုင်ငံအတွက် ကာကွယ်ဆေး တစ်သန်းခွဲရောက်ရှိလာမည် ဖြစ်ပါသည်။ လူတစ်ဦးအတွက် ဆေးနှစ်ကြိမ်ထိုးရမည်ဖြစ်သောကြောင့် လူခုနစ်သိန်းခွဲကို စတင်ထိုးနှံပေးနိုင်တော့မည်ဟု သိရပါသည်။
ကာကွယ်ဆေး ထုတ်လုပ်နိုင်မှုနှင့် ထိုးရန် လိုအပ်သည့် အရေအတွက်မှာ မမျှမတ ဖြစ်နေသောကြောင့် လူတိုင်းကို တစ်ခါတည်း ထိုးနိုင်ဦးမည် မဟုတ်ဘဲ၊ နိုင်ငံတိုင်းတွင် ဦးစားပေးအစီအစဉ်များ ရေးဆွဲကာ အလှည့်ကျစနစ်ကို စီစဉ်နေရပါသည်။