Skip to main content

Jun 20, 2024

(၅)ကြိမ်မြောက် လန်ချန်း-မဲခေါင် ရုပ်သံသီတင်းပတ် (5th Lancang-Mekong Audiovisual Week)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် လန်ချန်း - မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့် တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဇွန် ၁၈ ရက်တွင် ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ယွိရှီမြို့တို့မှ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၂/၂၀၂၄) အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

ကမ္ဘာပေါ်တွင် ပြောင်းလဲလာသော ရာသီဥတုဖြစ်စဉ်ကြောင့် မတူညီသော သဘာဝဖြစ်စဉ်အမျိုးမျိုးတို့ကို ကမ္ဘာ့ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည်။ လူတို့၏ ပြုပြင်စီမံဖန်တီးမှုများကြောင့် ပုံမှန်ရာသီဥတုဖြစ်စဉ်များ ပုံမမှန်ဖောက်ပြန်မှုများ ဖြစ်ပေါ်လာပြီး အကျိုးဆက်ကို ကြုံတွေ့လာကြပြီဖြစ်ရာ သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ပြီး ကြိုတင်ပြင်ဆင်သတိပြုမှုဖြင့် ကျော်လွှားကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

စက်မှုသီးနှံတစ်ခုဖြစ်သည့် ဝါသည် မြန်မာနိုင်ငံအတွက် အရေးပါသည့် သီးနှံများတွင်ပါဝင်ပြီး ဝါစိုက်ပျိုးရေးကို နှစ်အလိုက်တိုးမြှင့်သွားရန် ကြိုးပမ်းလျက်ရှိသည်။ ဝါသီးနှံစိုက်ပျိုးရေး စီမံကိန်းကာလ ကို ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ သတ်မှတ်ထားပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးများ၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့ကို စီမံကိန်းဒေသများအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2024

ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် မြို့သာမြို့နှင့် ကမ္မရွာအကြားတွင် နယ်မြေလုံခြုံရေးချီတက်ရှင်းလင်းစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အင်အားစိစစ်ဆဲ PDF အမည်ခံ အကြမ်းဖက်သမားများမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2024

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား အကြမ်းဖက်အမျိုးသား(၄)ဦး (စိစစ်ဆဲ)က ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး လုယက်ဓါးပြတိုက်နေကြောင်း သတင်းအရ မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ပူးပေါင်းလှည့်ကင်းအဖွဲ့များဖြင့် တရားခံများ ဖမ်းဆီးရမိရေး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2024

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်နေ ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းအောင်သည် ၎င်း၏ရွှေပန်းတိမ်ဆိုင်ရှိရာ အောင်မြေသာစံမြို့နယ်မှ နေအိမ်သို့ ၁၂ လမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်နှင်ထွက်ခွာလာစဉ် အမျိုးသား(၂)ဦး(စိစစ်ဆဲ)က CZI အမျိုးအစားအနက်ရောင်ဆိုင်ကယ်ဖြင့် အနောက်မှကပ်၍ လိုက်ပါလာပြီး သေနတ်အမျိုးအစား (စိစစ်ဆဲ)ဖြင့် ပစ်ခတ်ကာ ဦးဝင်းအောင်တွင် ပါရှိလာသည့် ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးဝင်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် ရရှိထားသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့သောကြောင့် အမှတ်(၄)နယ်မြေ ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်၍ တရားခံများ ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2024

မော်လမြိုင်မြို့ ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အတင်းအကျပ်အလုပ်လုပ်ခိုင်းပြီး ထိခိုက်ဒဏ်ရာရချိန် ဆေးကုသမပေးသဖြင့် ထောင်ဆူပူမှုဖြစ်ပွားသည်ဟု သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာခေတ်သစ်က မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jun 19, 2024

နိုင်ငံတော်က စိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးရာသီ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါး ၁၁၄၈၂၂၂ ဧက စိုက်ပျိုးရန်လျာထားပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက် သုံးခွမြိုနယ်တွင် ၁၅၃၆၆၇ ဧကဖြင့် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အမှတ် (၅) လမ်း စက်မှုဇုန်မီးပွိုင့်အနီး၌ လိုင်စင်မဲ့ Honda Insight ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2024

အာဆီယံဒေသတွင်းရှိ နိုင်ငံများတွင် ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာစသည့် ထူးခြားစွာတည်ရှိနေသော သဘာဝထိန်းသိမ်းရေး နယ်မြေများကို အာဆီယံအမွေအနှစ် ဥယျာဉ်များအဖြစ် သတ်မှတ်ထိန်းသိမ်းထားလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ်များ ကြွယ်ဝလျက်ရှိ၍ အာဆီယံအမွေအနှစ်ဥယျာဉ် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရန် ဇွန်လ‌နောက်ဆုံးပတ်တွင် အင်ဒိုနီးရှားနိုင်ငံရှိ အာဆီယံအမွေအနှစ် ဥယျာဉ်များသို့ မြန်မာနိုင်ငံမှ သစ်တောဦးစီးမှူးများ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော “မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေး လန်ချန်း-မဲခေါင်နိုင်ငံများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးမြှင့်တင်ခြင်း စီမံကိန်း” က ဖွင့်လှစ်ပို့ချသည့် အသိပညာပေးအစီအစဉ်ကို ဇွန် ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် -၃) ရှိ တိုးလ်ဂိတ်၌ လမ်းအသုံးပြုခကောက်ခံနေမှုနှင့် တိုးလ်ဂိတ်၌ဝန်ထမ်းများ တာဝန်ချထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2024

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် (၂၅) ရပ်ကွက် သံသုမာလမ်းရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း (သုဝဏ္ဏ) သို့ရောက်ရှိပြီး ကျောင်းဝင်းအတွင်း ရေစီးရေလာကောင်းမွန်ရေး ရေဆင်းမြောင်းတူးဖော်နေမှုနှင့် ကျောင်းရှေ့ရေမြောင်းအတွင်း အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့နယ် ရေချိုကျေးရွာသို့သွားရောက်ပြီး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၁၄ ရွာမှ ဝါစိုက် တောင်သူများ၊ အောင်မြေသာယာလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံပြီး မိုးဝါအတွက်လိုအပ်သောမျိုးများ၊ သွင်းအားစုများ ကူညီပံ့ပိုးပေးနိုင်ရေး၊ စိုက်ပျိုးရေလိုအပ်သည့်နေရာများတွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရေး ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်