Mar 08, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Mar 08, 2025
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့၌ ခရိုင်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက မတ် ၁၇ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးကုသမှုဆောင်ရွက်ပေးခြင်းများကို ယနေ့နံနက် ၉ နာရီက အ.ထ.က (မြို့မ) နှင့် အ.ထ.က (ဂန့်ဂေါ) တို့တွင် ကွင်းဆင်းကုသဆောင်ရွက်သည်။
Mar 08, 2025
၂၀၂၅ ခုနှစ် နှစ် (၈၀) ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိသူများက အရာရှိ၊ အရာခံ၊ အကြပ်အဆင့် စစ်သည်တော်ကျင့်ဝတ်ရေးဖြေနှင့် တပ်သားအဆင့် ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုအားပေးကြသည်။
Mar 08, 2025
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး မန်းတောင်ရိပ် အထွေထွေရောဂါကုသဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူလျက်ရှိသော နိုင်ငံတော်ဩဝါဒါစရိယ မန္တလေးမြို့တောင်ဘက် အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ သက်တော် ၉၃ နှစ်၊ ဝါတော် ၇၃ ဝါရှိ သက်တော်ရှည်ဆရာတော်ကြီးထံသို့ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်ပြီး ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို မေးမြန်းလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယခုအခါ ဆရာတော်ကြီးအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို အထူးကုဆရာဝန်ကြီးများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိရာ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
Mar 08, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဆောင်ရွက်သည့် “ခြင်းရက်လုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅)” သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Mar 08, 2025
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တနင်္သာရီတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အတူ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
Mar 08, 2025
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်တွင်း၌ လက်လှမ်းမီရရှိနိုင်ရေးနှင့် ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည် အသွေးတိုးတက်စေရေးအတွက် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက်ရှိရာ ဗဟိုအမျိုးသမီးဆေးရုံကြီး-ရန်ကုန်၌ ဒေါ်ဝင်းမာထွန်း အသက် ၂၆ နှစ်၊ ခင်ပွန်းဦးကာစီ၏ သားဦးလေးမြွှာပူးကိုယ်ဝန်ကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၄၁ မိနစ်က အောင်မြင်စွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။
Mar 08, 2025
မြန်မာ - တရုတ် - ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်း အသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းလျက်ရှိရာ ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊
Mar 08, 2025
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာမြင့်သူမြိုင်တို့ ဦးဆောင်သော အဖွဲ့သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် သံလွင်လမ်းရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာန (ရန်ကုန်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 08, 2025
၁။ အမျိုးသမီးအခွင့်အရေးများကို အသိအမှတ်ပြုသည့်အနေဖြင့် ၁၉၇၅ ခုနှစ်တွင် ကုလသမဂ္ဂကအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် မတ်လ ၈ ရက်နေ့ကို သတ်မှတ်ခဲ့ပြီး ကမ္ဘာတစ်ဝန်း၌ နှစ်စဉ် မတ်လ ၈ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပခဲ့ရာ ယခုနှစ် ၂၀၂၅ ခုနှစ်တွင် နှစ် ၅၀ တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၏ ဆောင်ပုဒ်မှာ “For ALL women and girls: Rights. Equality. Empowerment.” ဖြစ်ပြီး အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေး၊ တန်းတူညီမျှရေးနှင့် ပါဝင်ဦးဆောင်မှုတို့ မြှင့်တင်နိုင်ရေးကို ရည်ညွှန်းဖော်ပြထားခြင်းဖြစ်ပါသည်။
Mar 08, 2025
၁။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ ဂုဏ်ပုဒ်၊ အာဆီယံစိတ်ဓာတ်နှင့် အောက်ဖော်ပြပါ သတ်မှတ်ထားသည့် နယ်ပယ်များတွင် အာဆီယံအသိုက်အဝန်း ထူထောင်ရေးတို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတို့၏ ဆောင်ရွက်မှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၂၅ ခုနှစ် အာဆီယံဆု (ASEAN Prize 2025)ကို ပေးအပ်ချီးမြှင့်ရန်အတွက် အဆိုပြုလွှာများ ခေါ်ယူလျက်ရှိပါသည်-
Mar 08, 2025
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့၏ ညှိနှိုင်းထားချက်အရ ၂၀၂၅ ခုနှစ် မတ် ၁၇ ရက်မှ ၂၂ ရက် အထိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ဆေးဝါးကုသမှုခံယူနေကြရသော ကျောင်းသား ကျောင်းသူများ နစ်နာမှုမရှိစေရန်ရည်ရွယ်၍ ဆေးရုံစာဖြေဌာနလေးခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီးတို့၌ ဖွင့်လှစ်ပေးရန် စီစဉ်ထားရှိသည်။
Mar 08, 2025
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
Mar 08, 2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို မတ် ၄ ရက်မှ ၆ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းအတုသတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရသည်။
Mar 08, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှည်းကူးမြို့နယ် လှည်းကူးအားကစားကွင်းသို့ ရောက်ရှိပြီး နွေရာသီဘောလုံး၊ ပြေးခုန်ပစ်၊ သိုင်းနှင့် ဘတ်စကက်ဘောအားကစားသင်တန်း တက်ရောက်နေသော သင်တန်းသား သင်တန်းသူများ၊ လှည်းကူးမြို့နယ် U-18 ဘောလုံးအသင်း လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး အားကစားနည်းအလိုက် အခြေခံနည်းစနစ်ကောင်းမွန်စေရန်၊ နည်းစနစ်မှန်ကန်စေရန်၊ ကြံ့ခိုင်မှုနှင့် သက်လုံကောင်းမွန်စေရန် မှာကြားသည်။
၂၀၂၅ ခုနှစ် နေပြည်တော် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 08, 2025
၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်ကာလ နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Mar 08, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်သားကောင်းတမန်မဂ္ဂဇင်း(၂၀၂၄ ခုနှစ်) ထုတ်ဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Mar 08, 2025
မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 08, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ယနေ့နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ တွေ့ဆုံသည်။
Mar 08, 2025
ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့သို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၇ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့တွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားအရာရှိများအား President ဟိုတယ်၌ တွေ့ဆုံအမှာစကားပြောကြားသည်။
