Mar 18, 2025
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ Kabar Training Center သို့သွားရောက်၍ ပိုက်ဆက်နှင့် ကျောက်ပုံးရိုက် သင်တန်းများဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးသည်။
Mar 18, 2025
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် သတ္တမအသုတ်စီမံကိန်းများစတင်ကြောင်း အသိပေးကြေညာခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
Mar 18, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းလူငယ်များအတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
Mar 18, 2025
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Mar 18, 2025
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ နိုင်ငံခြားစာစစ်ဌာန အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၈၈၈၉ ဦးရှိကြောင်း သိရသည်။
Mar 18, 2025
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်သည် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Eduardo Jose A. De Vega နှင့်အဖွဲ့ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 18, 2025
တနင်္သာရီငါးလုပ်ငန်း သုတေသနရန်ပုံငွေဖြင့် ဆောင်ရွက်သော စီမံကိန်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြိတ်မြို့ မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 18, 2025
ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် ၇/၂၀၂၅ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် - ၃ အစည်းအဝေးခန်းမ - ၂ ၌ ကျင်းပသည်။
Mar 18, 2025
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန Basic Networking သင်တန်း(၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
Mar 18, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာနများသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
Mar 18, 2025
ပြန်ကြားရေးဝန်ကြီးဌာနကကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပသော “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Beyond 2025: Challenges and Opportunities in the Multipolar World) ကို ၂၀၂၅ ခုနှစ် မတ်၂၁ ရက်တွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-I) တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Mar 18, 2025
ယနေ့အချိန်အခါသည် မီဒီယာခေတ်ဖြစ်၍ မီဒီယာကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်မီဒီယာအနေဖြင့် ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်နှင့် အသိပညာပေးရန်ဟူသည့် မူလတာဝန်ကြီး သုံးရပ်အပြင် အများပြည်သူကို ပြုံးပျော်ကြည်နူး၊ ရွှင်မြူးမှုနှင့်အတူ မှန်ကန်သည့် သတင်းအချက်အလက်များ၊ အယူအဆနှင့် အတွေးအခေါ်များရရှိပြီး နိုင်ငံတော်တည်ဆောက်ရေး၊ အေးချမ်းသာယာရေးကဏ္ဍများတွင် အားတက်သရော ပါဝင်လုပ်ဆောင်လာအောင် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။
Mar 18, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ညနေ ၅ နာရီခွဲတွင် ဝန်ကြီးဌာနမျက်နှာစာ၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ သံအမတ်ကြီးများနှင့် အငြိမ်းစားအရာထမ်း၊ အမှုထမ်းများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။
Mar 18, 2025
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့နံနက် ၉ နာရီမှ စတင်၍ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Mar 18, 2025
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ခေတ်မီတိုးတက်သည့် နိုင်ငံဖြစ်စေရေးအတွက် ဘက်စုံထောင့်စုံ ကြိုးပမ်းတည်ဆောက်လျက်ရှိရာ ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူအားလုံး၏ စွမ်းပကားသည် အဓိကကျပြီးအားလုံးတက်ညီ လက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုသည် အရေးကြီးသည်။ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည့် နိုင်ငံသူနိုင်ငံသားများ၏ စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်မှုများကို တန်ဖိုးထားလေးစား အသိအမှတ်ပြုပေးနိုင်ရေးသည်လည်း အရေးကြီးသည်။
Mar 18, 2025
အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အများအပြားတွင် လေဆင်နှာမောင်းများ၊ လေမုန်တိုင်းများ၊ တောမီးများ၊ လေပြင်းများကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုတို့ လွန်စွာများပြားကြောင်း နိုင်ငံတကာသတင်းများတွင် တွေ့ရသည်။ မတ်လ ၁၄ ရက်မှစ၍ မစ်ဇိုးရီ၊ အာကင်ဆော၊ အိုကလာဟိုးမား၊ အလာဘားမား၊ မစ္စစ္စပီပြည်နယ်တို့မှာ သဘာဝဘေးအန္တရာယ်များကို ခံစားကြရပြီး သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၄၀ အထိရှိလာသည်။ လေဆင်နှာမောင်း တိုက်ခတ်မှုစုစုပေါင်း ၈၀ ခန့် မွှေနှောက်တိုက်ခတ်သွားခဲ့ပြီး ဓာတ်အားပြတ်တောက်မှုများလည်း ရှိနေသည်။ ပြင်းထန်သည့် ရာသီဥတုအခြေအနေများ အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်အချို့တွင် ဖြစ်ပေါ်နိုင်သည့် အလားအလာနှင့်စပ်လျဉ်း၍ မိုးလေဝသဌာနက ဆက်လက်သတိပေးထားသည်။
Mar 17, 2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။
Mar 17, 2025
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၁)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၁) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့် အမှာစကားများ ပြောကြားကြသည်။
Mar 17, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ဘုရားကျောင်းနှင့် လူနေအဆောက်အအုံများပျက်စီးခဲ့ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိမှုများ လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။
