Mar 12, 2025
အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်(၁၄)နှင့် အရာထမ်းငယ်သင်တန်းအမှတ်စဉ် (၁၀၂)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) စစ်ရေးပြကွင်း၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးစိုးတင့်၊ ပါမောက္ခချုပ်ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
Mar 12, 2025
တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်း(Regi-stration)နှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခများကို Online Payment ၊ Mobile Wallet ဖြင့် ပေးသွင်းခြင်းတို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဦးစီးကော်မတီအစည်းအဝေး(၁/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 12, 2025
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီများဖက်ဒရေးရှင်း(IFRC)အဖွဲ့၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Alexander James Matheou အား ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 12, 2025
၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
Mar 12, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Deng Xijun အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 12, 2025
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ လူမျိုးစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲများကိုအကြောင်းပြု၍ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း ၈၀ နီးပါးရှိပြီဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး ပဋိပက္ခဒေသများရှိ ပြည်သူများမှာ ဒုက္ခဆင်းရဲမျိုးစုံကြုံတွေ့ခဲ့ကြကာ အဆိုပါဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျကျန်နေ သည်ကို တွေ့ရမည်ဖြစ်သည်။
Mar 12, 2025
လွတ်လပ်ရေးရပြီးနောက် ၇၇ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ခွင့်မရခဲ့။ ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားပြီးနောက် ကိုလိုနီဘဝမှ လွတ်မြောက်ခဲ့သော နိုင်ငံများစွာရှိသည့် အနက် နိုင်ငံရေးတည်ငြိမ်ပြီး ပြည်တွင်းပဋိပက္ခများ နည်းပါးသည့်နိုင်ငံများမှာ တစ်ဆင့်ပြီးတစ်ဆင့် ဖွံ့ဖြိုးတိုးတက်ခဲ့ကြရာ ယခုအချိန်တွင် မိမိတို့နိုင်ငံထက် များစွာသာလွန်သွားခဲ့ကြ ပြီဖြစ်သည်။
Mar 11, 2025
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
Mar 11, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးကကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) အခမ်းအနားကို “လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင် ကူးပြောင်းစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မင်္ဂလာခန်းမ၌ ကျင်းပသည်။