Skip to main content

Jul 27, 2022

ဧရာ၀တီတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများမှ တောင်သူများစိုက်ပျိုးချိန် အခက်အခဲမရှိစိုက်ပျိုးနိုင်ရန်နှင့် လိုအပ်သောစိုက်ပျိုးစရိတ် သွင်းအားစုများအတွက် အသုံးပြုနိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၁၆)ရက်နေ့မှ စတင်ထုတ်ချေးပေးလျှက် ရှိရာ စိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 27, 2022

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်သည် သစ်တောဖုံးလွမ်းမှုကြီးမားပြီး မိုးရွာသွန်းမှုများသောကြောင့် အမြဲစိမ်းသစ်တောကြီးများဖြင့် စိမ်းစိုလျှက်ရှိပြီး ရေ၊ မြေ ရာသီဥတုမျှတ ကောင်းမွန်သောဒေသဖြစ်သည်။ ကတူး၊ ကနန်း၊ ရှမ်း၊ ကချင်၊ မြန်မာလူမျိုးများ ပေါင်းစည်းနေ ထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ ဆည်မြောင်း၊ တာတမံကြီးများမရှိသော်လည်း သဘာဝပေးသောမိုးရေဖြင့် လယ်ယာမြေများ စိုက်ပျိုးအောင်မြင်ကြပြီးဒေသတွင်း ဆန်စပါးဖူလုံသည့်အပြင် ပိုလျှံသောဒေသဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 27, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်သည် စိုက်ပျိုးမြေ (၂၅၂၇၅၉)ဧကရှိပြီး စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်သော မြို့နယ်တစ်ခုဖြစ်ပါသည်။ အဆိုပါ ဝက်လက်မြို့နယ်အတွင်းရှိ ပင်းဇင်းကျေးရွာတွင် အိမ်ခြေ (၅၇၆)အိမ်၊ လူဦးရေ (၂၆၀၆)ယောက်၊ အိမ်ထောင်စု (၆၂၀) ရှိပြီး ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း၊ အခြေခံပညာအလယ်တန်း(၁)ကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲရှိ၍ ပညာရေး၊ ဘာသာရေး၊ ကျန်းမာရေးထွန်းကားသော ရွာလေးတစ်ရွာဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 27, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁)၌ ကျင်းပသည့် လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 27, 2022

ပို့ကုန်၊ သွင်းကုန်အဆင်ပြေချောမွေ့စေရန်နှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်မှုဖြင့် ကုန်သေတ္တာဆိပ်ကမ်း၊ သင်္ဘောလိုင်းများနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင်လတွင် ကုန်သေတ္တာ တင်သင်္ဘော ၄၉ စင်း ဆိုက်ကပ်ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 27, 2022

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် ငွေကျပ်၁ ဒသမ ၉၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ဒသမ ၅၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 27, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြင်ဦးလွင်ကားလမ်း မိုင်တိုင်(၂၀) (၅)ဖာလုံခန့်တွင် ကုန်တင်ယာဉ်တစ်စီးပေါ်၌ တင်သွင်းခွင့်စာရွက်စာတမ်းအထောက်အထား

ဆက်လက်ဖတ်ရှုရန်

Jul 27, 2022

မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေး (၁/၂၀၂၂-၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 27, 2022

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ကယားပြည်နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များကို ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နီလင်းအောင်က တိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 27, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက်၄ ၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများ မှဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 27, 2022

ဆင်သေဆည်ရေသောက်စနစ်၊ ဆင်သေလက်ဝဲမြောင်းမကြီးလက်တံ(၂)မြောင်း ရေအသုံးချသူများအသင်း၏ အသင်းသားစုံညီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့ အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 27, 2022

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Vinay Kumar ကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 27, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ MRTV ထပ်ဆင့်လွှင့်စက်ရုံနှင့် ညောင်ရွှေမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 27, 2022

“ပညာရဲရင့် ပွဲလယ်တင့်”၊ “ပညာရွှေအိုး လူမခိုး”၊ “ပညာဂုဏ်ရောင် မီးရှူးတန်ဆောင်”၊ “ပတ္တမြားရောင်ထက် ပညာရောင်လက်”၊ “ပညာပြည့်ဝ နှလုံးလှ” စသည့် ပညာကို ညွှန်းဆိုဂုဏ်ပြုစကားများ များစွာရှိပါသည်။ ပညာသည် လူ့ဘောင်လောက၊ လူ့ဘဝမြင့်မား တိုးတက်ရေးကို ဆောင်ကြဉ်းပေးပါသည်။ ထို့ကြောင့် “ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ကျဉ်းကျယ် ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏” ဟု မာဃဒေဝလင်္ကာတွင် ပညာဖြင့် အလုံးစုံဆောင်ကြဉ်းပေးနိုင်သည်ကို ဖော်ပြထားပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 27, 2022

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်ပုဒ်မများအရ ပြစ်မှုထင်ရှားသဖြင့် တရားခံလေးဦးအား သေဒဏ်ချမှတ်ခဲ့ခြင်းအပေါ် အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင်ခဲ့သည်။ လူ့အသက်များ သေကျေပျက်စီးရခြင်းသည် လူ့ကျင့်ဝတ်အရဖြစ်စေ၊ လူသားတို့၏ စိတ်ခံစားမှုအရဖြစ်စေ ဝမ်းသာကြည်နူးစရာမဟုတ်ဘဲ ဝမ်းနည်းဖွယ်သာဖြစ်သည်မှာ လွန်စွာမှပင်သေချာလှသည်။ သို့ရာတွင် ပြစ်ဒဏ်စီရင်ခံခဲ့ရသူများ ကျူးလွန်ခဲ့သည့် ပြစ်မှုများ၏ အခြားတစ်ဖက်တွင် ပြစ်မှုကျူးလွန်ခံခဲ့ရသူတို့၏ အသက်များ၊ ဘဝများ၊ မိသားစုများ၊ အစားထိုးမရသည့် နစ်နာဆုံးရှုံးမှုများ၊ ဝမ်းနည်းပူဆွေးမှုများ ရှိနေသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2022

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးတရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးများ၊

ဆက်လက်ဖတ်ရှုရန်

Jul 26, 2022

နိုင်ငံတော်အတွင်း အပြစ်မဲ့ပြည်သူများအား ရက်စက်ပြီး လူမဆန်သည့် သတ်ဖြတ်ကျူးလွန်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားစီမံဆောင်ရွက်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင်ပါဝင်ကျူးလွန်ခြင်းတို့ကြောင့် တရားခံ(၄)ဦးအား အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေနှင့် ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်ပုဒ်မများအရ ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ပြည်ပနိုင်ငံအချို့၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းအချို့က ဝေဖန်ပြစ်တင်သည့် ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2022

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ တပ်ကုန်းကျေးရွာအား ဇူလိုင်လ ၂၆ ရက်ကPDF အမည်ခံအကြမ်းဖက်အဖွဲ့များက လက်နက်ငယ်၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မီးရှို့ခဲ့မှုကြောင့် ကျေးရွာနေ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ကာ အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၄၁ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်