Oct 27, 2022
Teaching Assistance(TA) နှင့် Language Teacher (LT)ဆရာ/ ဆရာမများ ရွေးချယ်ခန့်ထားရေးတွင် ပညာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနတို့တွင် တာဝန်အရှိဆုံး ဖြစ်ပါကြောင်း၊ ယနေ့မျက်မှောက်ကာလတွင် တိုင်းရင်းသားဘာသာစကား ပြောဆိုနိုင်သည့် မိဘနှစ်ပါးကမွေးဖွားလာသည့် သားသမီးများပင်လျှင် မိခင်ဘာသာစကားကို တတ်မြောက်ကျွမ်းကျင်မှု နည်းပါးလာသည်ကို တွေ့မြင်နေရပါကြောင်း၊ မိမိတို့၏ဘာသာစကားကို မကာကွယ်မစောင့်ရှောက်နိုင်ပါက ဘာသာစကား ပျောက်ကွယ်သွားနိုင်ပြီး လူမျိုးပါပျောက်ကွယ်နိုင်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။
Oct 27, 2022
နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် အဓိကမောင်းနှင်အားတစ်ခု ဖြစ်သည်နှင့်အညီ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသည်လည်း ယင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ နေပြည်တော်အတွင်းရှိ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင်များအား တွေ့ဆုံသည်။
Oct 27, 2022
ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်က ပဲခူးမြို့ရှိ တော်ဝင်ဟံသာခန်းမ၌ ကျင်းပသည်။
Oct 27, 2022
၂၀၂၂ ခုနှစ် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသည့် လာအိုနိုင်ငံမှ ကြီးမှူး၍ (၁၀) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာဝန်ကြီးများ အစည်းအဝေး (ASEAN Ministers Responsible for Culture and Arts - AMCA) နှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့နံနက် ၇ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Oct 27, 2022
၁။ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ မဟာဘွဲ့သင်တန်းများအထိ နေ့သင်တန်းများအားလုံးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။ ကျောင်းအပ်လက်ခံခြင်းကို (၂၇-၁၀-၂၀၂၂)ရက်မှ (၁၈-၁၁-၂၀၂၂)ရက်အထိ (စနေနေ့နှင့် တနင်္ဂနွေနေ့များအပါအဝင်) လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
Oct 27, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ မှ ဒီဇင်ဘာလ ၁၀ ရက်အတွင်းကျရောက်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေး” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။
Oct 27, 2022
ကျွန်မကတော့ ဟောင်ကောင်အခြေစိုက် CNN International သတင်းဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ စန္ဒီစီဒူဖြစ်ပါတယ်။
Oct 27, 2022
နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ တရားမဝင်သစ် ၂၁၆ ဒသမ ၄၁၉၈ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Oct 27, 2022
မွန်ပြည်နယ် သထုံမြို့နယ်တွင် ငွေကျပ် ၁၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၄၇၀ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Oct 27, 2022
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၄ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မိုးညှင်းမြို့နယ် ဘီလူးကျေးရွာအုပ်စု အောင်မြေကျေးရွာအနီးတွင် ဝင်းထွန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုညဒသမ ၃၃ ကီလိုကိုလည်းကောင်း၊
Oct 27, 2022
စီးပွားရေးသံမှူးများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ၏စီးပွားရေးအခြေအနေကိုသာမက ကမ္ဘာ့စီးပွားရေးအခြေအနေကိုပါ ခြုံငုံသိရှိထားရန်လိုအပ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က ပြောကြားသည်။
Oct 27, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Oct 27, 2022
ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲခြင်းသည်သာလျှင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် နေရောင်ခြည်စွမ်းအင်ရင်းမြစ်ပေါကြွယ်ဝသဖြင့် Mega Solar Power Project များအား အောင်မြင်စွာဆောင်ရွက်ခြင်းသည် အထူးသင့်လျော်ကောင်းမွန်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။
Oct 27, 2022
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Oct 27, 2022
နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရာ၌ ရင်းနှီးမြှုပ်နှံမှုသည် အခြေခံကျသည့်အချက်ဖြစ်သည်။ လုပ်ငန်းကြီးများ ဆောင်ရွက်ရန်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများလိုအပ်ပြီး လုပ်ငန်းငယ်များဆောင်ရွက်ရန်အတွက် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများလိုအပ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာအောင် မူဝါဒများ၊ လက်တွေ့ဖန်တီးဆောင်ရွက်ပေးမှုများဖြင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးနေသည်။
Oct 27, 2022
ကမ္ဘာတစ်ခွင်လုံးတွင် လမ်းပေါ်မတော်တဆမှုများကြောင့် နှစ်စဉ်ပျမ်းမျှလူဦးရေ ၁ ဒသမ ၃ သန်းခန့် အသက်ဆုံးရှုံးနေရပြီး လူဦးရေ သန်း ၅၀ ကျော်တို့ ထိခိုက်ဒဏ်ရာရနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည့် ၂၀၁၈ ခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာ လမ်းအန္တရာယ်ကင်းရှင်းရေး အစီရင်ခံစာ၌ ဖော်ပြထားသည်။ လမ်းပေါ်မတော်တဆမှုများဟု ဆိုရာတွင် ယာဉ်ချင်းတိုက်မှု၊ ယာဉ်ကလူကိုတိုက်မှု၊ ယာဉ်တိမ်းမှောက်မှု၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်၊ စက်ဘီး၊ အနှေးယာဉ်၊ လမ်းပေါ်သွားနေသည့်လူ စသည်တို့ တိုက်မိမှုများပါဝင်သည်။ မည်သည့်ပုံစံဖြင့် တိုက်မိမှုမျိုးဖြစ်စေ အဓိကမှာ လူ၏အားနည်းချို့ယွင်းချက်ကြောင့်သာ ဖြစ်သည်။
Oct 26, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 26, 2022
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျွဲပွဲ-ဇရပ်ကြီးသွားကားလမ်းပေါ်ရှိ သင်္ကန်းတုန်းချောင်းကူးတံတားအား ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
