အပူပိုင်းဒေသများ စိမ်းလန်းစိုပြည်ရေး ဒေသပြည်သူအားလုံး ပူးပေါင်းပါဝင်ပေး
ယခုနှစ်ပြီးခဲ့သည့် နွေရာသီကာလအတွင်း မိမိတို့နိုင်ငံတွင် အယ်နီညိုဖြစ်စဉ်နှင့်အတူ အပူလှိုင်းဖြတ်သန်းမှုကြောင့် နေ့အပူ ချိန်များ မြင့်မားခဲ့သည်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ချောက်မြို့ တွင် ဧပြီလ ၂၈ ရက်က နေ့အပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ် အထိ ရှိခဲ့ပြီး ကမ္ဘာ့အပူချိန် အမြင့်မားဆုံးမြို့တစ်မြို့ ဖြစ်ခဲ့သည်။ မကွေး၊ မင်းဘူး၊ ညောင်ဦး၊ စစ်ကိုင်းမြို့တို့သည်လည်း ကမ္ဘာ့ အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် ပါဝင်ခဲ့သည်။