ထိခိုက်လွယ်သူ ဖေးမကူ အရေးပေါ်က စောင့်ရှောက်ကြ
ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ငါးထောင်ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် ကုလ သမဂ္ဂကသတ်မှတ်ကာ နှစ်စဉ်ဇူလိုင် ၁၁ ရက်တွင် အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပခဲ့သည်။ နှစ်စဉ်ကမ္ဘာ့လူဦးရေနေ့ ကျင်းပရခြင်းမှာ ကမ္ဘာပေါ်တွင်အရေးတကြီး ဖြေရှင်းရမည့် လူဦးရေဆိုင်ရာ ပြဿနာများနှင့် လူသားအားလုံး ဘက်စုံဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အစီအစဉ်များကို အာရုံစူးစိုက်မိကြစေရန် ရည်ရွယ်ခြင်းဖြစ်သည်။