ကျေးရွာတစ်ရွာ နှစ်ဧက ပါဝင်စိုက်ပျိုးထိန်းသိမ်းကြ

မြန်မာနိုင်ငံသည် အာရှနိုင်ငံများအနက် ထင်းလောင်စာသုံးစွဲမှု  မြင့်မားသည့်   နိုင်ငံတစ်နိုင်ငံဖြစ်ပြီး   ကျေးလက်ရော   မြို့ပြပါ နှစ်စဉ်ထင်းလိုအပ်ချက်ပမာဏမှာ     ကုဗတန်    ၁၇    သန်းခန့် ရှိသည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသော ကျေးလက် ‌ဒေသနေပြည်သူများမှာ ထင်းနှင့်မီးသွေးတို့ကို အဓိကလောင်စာ အဖြစ် သုံးစွဲနေကြခြင်းဖြစ်ရာ ထင်း၊ မီးသွေး၊ လောင်စာသုံးစွဲမှု ပမာဏမြင့်မားနေခြင်းက သစ်တောသယံဇာတများ ရေရှည် တည်တံ့ရေး၊ သဘာဝတောကျန်များ ထိန်းသိမ်းရေး၊ ပတ်ဝန်း ကျင်   စိမ်းလန်းစိုပြည်ရေး၊     ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု တိုက်ဖျက်ရေးတို့ကို အကောင်အထည်ဖော်ရာတွင် စိန်ခေါ်မှု တစ်ရပ်အဖြစ် ကြုံတွေ့နေရသည်။
မြန်မာနိုင်ငံတွင်    အပူပိုင်းဒေသများအတွင်း   သစ်ပင်များ စိုက်ပျိုးခြင်းနှင့် သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန  လက်အောက်ရှိ သစ်တောဦးစီးဌာနနှင့် အပူပိုင်း ဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့က ဆောင်ရွက်နေခြင်းဖြစ် သည်။  ယခုနှစ်မိုးရာသီတွင်  တစ်နိုင်ငံလုံး  အတိုင်းအတာဖြင့် အပင်ပေါင်း ၂၂ ဒသမ ၃ သန်းကျော်ကို မြေဧက ၂၂၀၀၀ ကျော် ၌ စိုက်ပျိုးသွားမည်ဖြစ်ပြီး အပူပိုင်းဒေသများဖြစ်သည့် စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့တွင်ရှိ   ခရိုင်ပေါင်း  ၁၃   ခုတွင်  အထူးစီမံချက်ဖြင့် “တစ်ရွာ (၂)  ဧက  ကျေးရွာထင်းစိုက်ခင်းနှင့်   ဘက်စုံသုံးစိုက်ခင်းများ” တည်ထောင်ပေးသွားမည်ဖြစ်ကြောင်း    သိရသည်။   အဆိုပါ စိုက်ခင်းများတွင် ပျိုးပင်သက်တမ်း နှစ်နှစ်အထက်၊ ပျိုးပင်အမြင့် နှစ်ပေအထက်ရှိ ဒေသမျိုးရင်းသစ်မျိုးနှင့် အရိပ်ရလေကာသစ်ပင် မျိုးများကို တစ်ပင်စိုက် တစ်ပင်ရှင်သန်စေရေးအတွက် တစ်ရွာ လျှင် ဝန်ထမ်းတစ်ဦးကို  တာဝန်ပေး၍   စိုက်ပျိုးသွားမည်ဖြစ်ရာ     မိမိတို့ရွာဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် မိမိကျေးရွာအကျိုး အတွက်  ကျေးရွာနေ‌ဒေသခံပြည်သူများက  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်  မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် မေလ ၂၄ ရက်တွင် တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် သဘာဝပတ်ဝန်းကျင်       စိမ်းလန်းစိုပြည်ရေးနှင့်ပတ်သက်၍  “အပူရှိန်လျှော့ချရေးနှင့်         ရာသီဥတုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန်မှာ သစ်ပင်စိုက်ပျိုးခြင်းပင်ဖြစ်ပြီး ကျေးရွာတစ်ရွာ ချင်းစီအလိုက် သစ်တောသစ်ပင် အနည်းဆုံးနှစ်ဧက စိုက်ပျိုးခြင်း များကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အိမ်ဝင်း၊ လမ်းဘေးများ တွင်လည်း   စိုက်ရန်လိုကြောင်း၊  မြို့ရွာများအလိုက် သစ်တော သစ်ပင်စိုက်ပျိုးရန်     မြေနေရာများကို    စိစစ်ဖော်ထုတ်ရန် လိုကြောင်း၊     သက်ဆိုင်ရာဝန်ကြီးဌာန    တစ်ခုတည်းသာမက အခြားဝန်ကြီးဌာနများနှင့်     ဒေသခံပြည်သူလူထုတို့အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာလျှင်  သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်‌ရေးနှင့်     အပူဒဏ်လျှော့ချရေးလုပ်ငန်းများကို အောင်မြင်စွာ    ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း”      ထည့်သွင်း‌ ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းအပူချိန်မြင့်မားမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ ဖြစ်ပေါ်လျက်ရှိရာ ယင်း၏အကျိုးဆက်များကို ကမ္ဘာ့နိုင်ငံများ နည်းတူ  မိမိတို့နိုင်ငံသည်လည်း ခံစားနေရသည်၊၊ မြန်မာနိုင်ငံ တွင် အပူပိုင်းဒေသ မိုးနည်းရပ်ဝန်းသည် နှစ်စဉ်မိုးရေချိန် လက်မ ၄၀ အောက်တွင်သာ ရရှိနေခြင်းဖြစ်ရာ ပူပြင်းခြောက်သွေ့သည့် ကာလကြာရှည်ခြင်းနှင့်    အပူချိန်မြင့်မားခြင်းတို့ကို   ရင်ဆိုင် ကြုံတွေ့နေရပြီး ကမ္ဘာ့အပူချိန် အမြင့်မားဆုံးစာရင်း၌ပင် ပါဝင် နေပြီဖြစ်သည်။ ဒေသစိမ်းလန်းစိုပြည်ရေး၊ အပူဒဏ်လျှော့ချနိုင် ရေးတို့အတွက် ကျေးရွာများတွင် တည်ထောင်ပေးသည့် စိုက်ခင်း များ ရေရှည်တည်တံ့အောင်  ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် ကြရန် လူသားအကျိုးပြု သစ်ပင်သစ်တောများကို ချင်ခင်မြတ်နိုး ထိန်းသိမ်းကြရန် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း၊၊      ။