ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည့် ပညာဥယျာဉ်များ ဝေဆာလာတော့မည်
ဦးလေးခိုင်
နိုင်ငံတစ်နိုင်ငံ အောင်မြင်ကြီးပွားခြင်း၏ အဓိကကျသော အကြောင်းအချက်တစ်ခုမှာ နိုင်ငံတွင် ပညာရေးကို ဦးစားပေးရင်းနှီးမြှုပ်နှံပြီး လူသားအရင်းအမြစ်များ ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ရန် မဟာဗျူဟာ ချမှတ်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ နိုင်ငံတိုင်း၏ အမျိုးသားအကျိုးစီးပွားကို အကောင်အထည်ဖော်ရာတွင် အားလုံးလက်ခံထားသည့် အချက်တစ်ခုမှာလည်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်။ လူသား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အဓိကကျသည့်ကဏ္ဍဖြစ်ပါသည်။