မြန်မာ့မျိုးရင်းရွှေသမင်များနှင့် ရွှေ့ပြောင်းငှက်များ ရှင်သန်ကျက်စားရာ  ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

Type
99

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)
 

မြန်မာနိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည်နှင့်အညီ ယင်းတို့ရေရှည်တည်တံ့စေရန်နှင့်သဘာဝဂေဟစနစ်များ အမြဲရှင်သန်ကောင်းမွန်စေရန်  ထိန်းသိမ်းကာကွယ်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ်ရှိ ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ 
ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောသည် အင်တိုင်းတောဂေဟစနစ်အတွင်း ကျရောက်ရှင်သန်   ကျက်စားလျက်ရှိသော ဌာနေငှက်မျိုးစိတ်များ၊ ရာသီအလိုက် ပြောင်းရွှေ့ကျက်စားတတ်သော ဆောင်းခိုငှက်မျိုးစိတ်များ  အပါအဝင်   ဌာနေဇီဝမျိုးစုံမျိုးကွဲများနှင့် မြန်မာ့ရွှေသမင်များကို အဓိကထိန်းသိမ်း ကာကွယ်လျက်ရှိသော သဘာဝထိန်းသိမ်းရေးနယ်မြေတစ်ခုဖြစ်သည်။
ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောသည်  ကန့်ဘလူခရိုင်  ကန့်ဘလူ မြို့နယ်နှင့် ကောလင်းခရိုင်  ကောလင်း မြို့နယ်တို့အတွင်း တည်ရှိပြီး ကန့်ဘလူ မြို့နယ်တွင် ၂၁၉၀၈ ဧကနှင့် ကောလင်း မြို့နယ်တွင် ၄၂၃၅၆  ဒသမ ၄၂ ဧက ပါဝင်ကျရောက်လျက်ရှိသည်။ 
ထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းများ
ချပ်သင်း      တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများကို မျိုးသုဉ်းရန် အန္တရာယ် နှင့်  ရင်ဆိုင်နေရသည့် မြန်မာ့ရွှေသမင်နှင့် ၎င်းတို့ မှီခိုရာတောများကို  ကာကွယ် ထိန်းသိမ်းရန်၊   သဘာဝဝန်းကျင်၊   ဇီဝ မျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေးနှင့် အင်တိုင်းတောဂေဟစနစ်ကို ကာကွယ် ထိန်းသိမ်းရန်၊     သဘာဝဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ    ပညာပေးဌာန တစ်ခုအဖြစ် ဆောင်ရွက်ရန်၊  သဘာဝ ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရပ် မြှင့်တင် ရေးသုတေသနလုပ်ငန်းများ ဆောင်ရွက် ရန်နှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုရရှိရန် စသည့် ရည်ရွယ် ချက်များဖြင့်     ဆောင်ရွက်လျက်ရှိ သည်။
ဘေးမဲ့တောအတွင်း  မြန်မာ့မျိုးရင်း ရွှေသမင်မျိုးစိတ်၊    ရှားပါးငှက်မျိုးစိတ် ခြောက်မျိုးနှင့်      တွားသွားမျိုးစိတ် တစ်မျိုးတို့   ရှင်သန်ကျက်စားကြောင်း သိရပြီး     ငှက်မျိုးစိတ်ခြောက်မျိုးမှာ ငှက်မင်းသား      ဗိုက်ဖြူ၊   နဖား ကြူးမြီး ဝိုင်း၊ ချိုလည်ရစ်၊     ဗွတ်မွဲ၊   မြန်မာဘီလုံး၊ စွေ့တို့ဖြစ်ပြီး      တွားသွား   မျိုးစိတ် တစ်မျိုးမှာ       စင်းချောလိပ်ဖြစ်၍    စုစုပေါင်း   ဒေသရင်းမျိုးစိတ်  ရှစ်မျိုးအထိ တွေ့ရှိရသည်။    ထို့ပြင်   မျိုးသုဉ်းရန်    အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် စပါးကြီး မြွေ၊ စပါးအုံးမြွေနှင့် ဆောင်းခိုငှက်များ၊ သစ်တောငှက် မျိုးစိတ်များနှင့်  အခြား ဇီဝမျိုးစုံ   မျိုးကွဲပေါင်း  ၇၈၇  မျိုးထိ  မှတ်တမ်းတင်ထားနိုင်သည့်   ဘေးမဲ့ တော        ဖြစ်ကြောင်း     
ချပ်သင်း    တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော      အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထံမှ သိရသည်။
ငှက်မျိုးစိတ်ပေါင်း ၂၆၂မျိုး တွေ့ရ
ကမ္ဘာပေါ်တွင်      ငှက်မျိုးစိတ်ပေါင်း ၁၀၄၇၃   မျိုးရှိပြီး   မြန်မာနိုင်ငံတွင် ငှက်မျိုး စိတ်ပေါင်း ၁၁၁၆ မျိုး တွေ့ရှိ မှတ်တမ်းတင်ထားနိုင်ခဲ့၍   အရှေ့တောင် အာရှတွင်   ငှက်မျိုးစိတ်   ပေါကြွယ်ဝမှု အများဆုံး တွေ့ရှိရသည့်   နိုင်ငံဖြစ် ကြောင်း သိရသည်။ ချပ်သင်းဘေးမဲ့တော တွင် ငှက်မျိုး စိတ်ပေါင်း  ၂၆၂  မျိုး  တွေ့ရှိ ရပြီး မြန်မာနိုင်ငံတွင်သာ တွေ့ရှိရသည့်         ငှက်မျိုးစိတ်  ခြောက်မျိုးနှင့်  မျိုးသုဉ်းရန် ရင်ဆိုင်နေရသည့်     ငှက်မျိုးစိတ်များ    တွေ့ရှိရခြင်းသည် ချပ်သင်းဘေးမဲ့တော ၏   အဖိုး ထိုက်တန်သော  သယံဇာတများ ပင်  ဖြစ်သည်။
ဘေးမဲ့တောတွင် မှတ်တမ်းတင်ထား သော ငှက်မျိုးစိတ် ၂၆၂ မျိုးမှာ သစ်တော ငှက်မျိုးစိတ် ၂၂၃ မျိုး၊ ရေငှက်မျိုးစိတ် ၃၉ မျိုးတို့ဖြစ်ပြီး   ရာသီအလိုက် ရွှေ့ ပြောင်း ကျက်စားသည့်  ဆောင်းခိုငှက် မျိုးစိတ် ၃၀ ပါဝင်နေကြောင်း တွေ့ရှိရ သည်။ ၎င်းဆောင်ခိုငှက်မျိုးစိတ် ၃၀ မှာ ဇင်ယော်၊  ရေညှောင့်၊  စနိုက်၊  တစ်တီတူး၊ တောငန်းရိုင်း၊    သောင်းတင်၊    ဟင်္သာ စသည့် ရေငှက်မျိုးစိတ် ၁၁ မျိုး၊ စာဖြူ၊ မိုးဆွေငှက်၊   ငှက်တစပ်၊   မြီညှောင့်၊ သစ်တောက်လည်လိမ်၊     မြီးညှောင့်   ခေါင်းမွဲ၊    တောရှိုးမ စသည့် သစ်တော ငှက်မျိုးစိတ် ၁၉ မျိုး တို့ဖြစ်သည်။  
အရေးပါသည့် နယ်မြေ
ချပ်သင်း        ဘေးမဲ့တောအတွင်းရှိ   ကျေးအင်း ရေဝပ်ဒေသသည်   ဆောင်းခို ငှက်မျိုးစိတ်များ      လာရောက်သည့်   အရှေ့အာရှ-  ဩစတြေးလျ      ငှက်ပျံသန်း ရာ    လမ်းကြောင်း  EAAF  တွင်   ပါဝင် သည့်   နေရာတစ်ခုဖြစ်ပြီး     ရွှေ့ပြောင်း ငှက်များ  ထိန်း သိမ်းကာကွယ်ရေးအတွက်   အရေးပါသည့်     နယ်မြေတစ်ခုလည်း ဖြစ်သည်။ ကျေးအင်း  ရေဝပ်ဒေသတွင်     ဆောင်းရာသီကာလ          ဖြစ်သည့် အောက်တိုဘာလမှ      မတ်လအထိ  ဆောင်းခိုငှက်များလည်း    လာရောက် ကျက်စားလေ့ရှိကြကြောင်း    ၂၀၁၆-၂၀၁၇  ဘဏ္ဍာနှစ်မှ   ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်အထိ လစဉ်ငှက်စာရင်း  ကောက်ယူမှု   မှတ်တမ်းများအရ သိရသည်။  ကျေးအင်း   ရေဝပ်ဒေသသည် မိုးရာသီကာလတွင် ဧက ၁ဝဝဝ ခန့် ကျယ်ဝန်းပြီး    ဆောင်း ရာသီကာလတွင်  ဧက ၄၀၀ ခန့်၊ နွေရာသီ ကာလတွင် ဧက  ၃ဝဝ  ခန့်    ကျယ်ဝန်း သည့် ရေဝပ်ဒေသတစ်ခု ဖြစ်သည်။
ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင်  ရာသီအလိုက်   ပြောင်းရွှေ့ ကျက်စားလျက်ရှိသော ဆောင်းခိုငှက် များအပါအဝင်  ဇီဝမျိုးစုံမျိုးကွဲများနှင့် ဘေးမဲ့တော ရေရှည်တည်တံ့ရေးအတွက် တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများပြန်လည်တည်ထောင်ခြင်း၊ ဒေသခံ ပြည်သူများအား     အသိပညာပေးခြင်း နှင့်  ကင်းလှည့်ထိန်းသိမ်းခြင်းလုပ်ငန်း များ         ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။